အင်း .... ကျောင်းလဲ တပတ်လုံးပိတ်ထားတယ် ။ တနေ့လုံးလဲအိပ်လို့ ၀ပြီဆိုတော့ ဘာလုပ်ရင်ကောင်းမလဲ ဆိုပြီး... စတွေးတဲ့ အချိန်မှာ စာရေးမယ်ဆိုပြီးတွေးမိတယ် .... ရေးမယ်ဆိုပြီးတေးထားတာတွေလဲ ကြက်ပျောက်ငှက်ပျောက်ပါပဲ ... အဲ့ထဲမှာ မှ ... နာတို့ အက်မင်မမကြီး နန်ကီအကြောင်းဗျူးထားပြီးအခုထိ မတင်ရသေးတာ သွားသတိရမိတယ် ...
တို့ မမရဲ့ နာမည်ကတော့ နန်ကီပါတဲ့ ... အားလုံးကလဲ နာမည်ကို နန်ကီလို့ပဲ ခေါ်ကြပါတယ် တဲ့ ....
မွေးနေ့ကတော့ 2 ဇန်န၀ါရီ 1990 ပါတဲ့
သွေးအမျိုးအစားကတော့ အို သွေး
မောင်နှမတော့ အစ်မတယောက်နဲ့ မောင်တယောက်ရှိပါတယ်တဲ့
အဟဲ အပေးအကမ်းကတော့ ရက်ရောသလားမမေးနဲ့ မောင်လေးတယောက်ရှိလို့ ချောလား ... ချောရင်ယူမယ်လို့ ပြောမိတာ ... အင်းယူလိုက်ယူလိုက်တဲ့ ....
ကောင်းရော
မွေးရပ်ဇာတိကတော့ ပုသိမ်ကပါတဲ့ ... ပုသိမ်သူမမလှပေါ့နော် .... သီချင်းများစောင်းဆို တောင်းဆိုလို့ ရပါအိ
အလုပ်အကိုင်ကတော့ လူငယ်အများစုလုပ်ကြတဲ့ တရာ့ကိုးတရာ့တဆယ်ပါတဲ့
ကဲ ၀ါသနာတွေကိုတော့ ပရိတ်သတ်ကြီး ချက်လော့ကို ဖတ်ရှုကြပါကုန်
ဝါသနာတွေကိုပြောပြပါ
nunkigirl: ဟီးး ပြောရမယ်ဆိုရင်
nunkigirl: အက၊ အဆို၊ ၀ါသနာပါ၏
nunkigirl: စာဖတ်ချင်ပေမယ့် စာဖတ်တိုင်း အိပ်ပျော်၏
nunkigirl: ဖိနပ်ကို အရမ်း crazy ဖြစ်၏
nunkigirl: မြင်တိုင်း ၀ယ်ချင်၏
nunkigirl: အထူးသဖြင့် ဒေါက်ဖိနပ်
michelle.myat: အင်း
michelle.myat: ပြီးတော့ရော
nunkigirl: ပြီးတော့ ဒီဇိုင်းအသစ်တွေလုပ်ရတာ ၀ါသနာပါတယ်
nunkigirl: ရေကူးတယ် အရပ်တော့ရှည်မလာဘူး :(
nunkigirl: ကြက်တောင်ရိုက်တယ်
nunkigirl: ရုပ်ရှင်ကြည့်ပြီး ငိုရတာကြိုက်တယ်
michelle.myat: aww ကိုးရီးကားနဲ့ ဂျပန် ကာတွန်းကားဘယ်ဟာကြည့်မလဲ
nunkigirl: အင်း ကိုရီးယားကားကြည့်မယ်ထင်တယ်
michelle.myat: ဟုတ်ပြီ
michelle.myat: ဖိနပ် size ပြော
nunkigirl: disney and barbie နဲ့ ကိုရီးယားဆိုရင် disney nae barbie ပဲ
michelle.myat: ဟားဟား
မမနန်ကီရဲ့ ဖိနပ် size ကတော့ အသေးဆုံးနဲ့ပဲ တော်ပါတယ်တဲ့ ... ကဲ .... မမနန်ကီကို ပိုးချင်ပန်းချင်လို့ လက်ဆောင်ပေးရင်ပဲ ဖြစ်ဖြစ် ... ခင်လို့ မင်လို့ လက်ဆောင်ပို့ပေးချင်ရင်ပဲ ဖြစ်ဖြစ် အသေးဆုံး size သာ ၀ယ်ပေးလိုက်ကြပါနော်
အလှကြိုက်လားဆိုတော့ အရမ်းကိုကြိုက်ပါတယ်တဲ့ ဒါပေမဲ့ ကိုယ်ဘာကိုယ်တော့ သိပ်မပြင်ဖြစ်ဘူးတဲ့ရှင်
အခုလောလောဆယ် အီမိုပုံစံအ၀တ်အလေးများကို မျက်စိကျနေတယ်တဲ့ ....
ကဗျာချို : "အင်း .... ကောင်လေးချောချောလေးရယ် .... ကောင်လေးတယောက် မချောပင်မဲ့ ချစ်ဖိုကောင်းတယ် ... အဲ့နှစ်ယောက်လုံးက အစ်မကိုချစ်ခွင့်ပန်လာရင် ဘယ်သူကိုရွေးမလဲ
အတည်ရယ် ဘာရယ် မဟုတ်ဘူး
ဒီလိုပဲတွဲရမှာ"
nunkigirl: အရမ်းချောပြီး အရမ်း ပေါ်ပြူလာဖြစ်တဲ့သူကို မလိုချင်ဘူး
ကဗျာချို: အင်း ... အဲ့တော့ ချစ်ဖို့ကောင်းတာလေးပဲပေါ့
nunkigirl: ကိုယ့်ကိုနားလည်ပြီး ဂရုစိုက်သူ အဲ့ဒီ နှစ်ယောက်ထဲက တစ်ယောက်တပေါ့
nunkigirl: နည်းနည်းတော့ ချောရင် ပိုဆွဲတာပေါ့
nunkigirl: အသည်းစွဲတာပြောပါတယ်
ကဗျာချို: အင်းနော် အမ .... နိုင်ငံရေးတွေမပါနဲ့ .... အစ်မရဲ့ စိတ်ကူးယဉ်မင်းသားလေး စံက ဘာလဲ
nunkigirl: သိပ်လည်းချောစရာမလိုဘူး ကြည့်ကောင်းရင်တော်ပီ
မိန်းကလေးတွေ ၀ိုင်းဝိုင်းလည်နေရင် မကြိုက်
ပြီးတော့ အရေးအကြီးဆုံးက အမက သူ့ဘ၀မှာထိပ်ဆုံးဖြစ်ရမယ်
အရမ်းဂရုစိုက်ပြီး အရမ်းချစ်ရမယ်
အဲ့ဒါပဲ
တို့မမက ရေမွှေးကိုကြိုက်တော့ ကြိုက်တယ် ခရေဇီ မဖြစ်ပါဘူးတဲ့
ထူးခြားတဲ့ အမူအကျင့်ကတော့ ဘယ်နေရာကို ဘယ်နှခေါက်ပဲရောက်ဖူးရောက်ဖူး ... လုံးဝလမ်းမမှတ်မိတတ်ပါတဲ့ အဟိ ....
ဗျူးတာ အဲ့ဒါအကုန်ပဲ ....
မမနန်ကီအကြောင်းလဲ အားလုံးသိကြလောက်ရောပေါ့
နောက်မှဆက်ရေးတော့ မယ်
တာ့တာ
ကဗျာချို
6 comments:
ဟင်နန်ကီကပုသိမ်သူလား?
ဒို့ လဲပုသိမ်က..ပုသိမ်သားလေးပေါ့ဟဲဟဲ..
ပုသိမ်ကလူအချင်းချင်းရင်းရင်းနှီးနှီးနေကြတာပေါ့
ဟုတ်တယ်မလား သူငယ်ချင်း
သြော်ဒါနဲ့ ပုသိမ်ဘယ်နားမှာနေတာလဲ
ဒို့ကကန်သုံးဆင့်နာဒမှာနေတာသိလား?
ဟုတ်ကဲ့ နန်ကီက ကုန်သည်လမ်းမှာနေတာပါ။
အော်အော်.........
အဲလို ကြီးလားကွ..........
:D ;) :P
ဟင့်ဟင့်... ကဗျာလေး ဂယ်ကြီးတင်လိုက်တာလား... အကုန်လုံးပေါင်းတင်မယ်ထင်တာ.. အခုတော့ တစ်ကိုယ်တော်ကြီးပါလား... ရှက်ချာကြီး.. လူတွေသိကုန်ပြီ
@V long time no see!!!
ekkk မမကလဲ ... အက်မက်အပေါင်းသူတော်ကောင်းတို့ကို ဖမ်းမမိလို့ ပါ ... ပြီးတော့ အကုန်လုံးကိုလဲ မသိဘူးလေ ... ရှက်နဲ့ ကွယ် ... ရှက်တယ် ဆို တို့ဖက်ထားမယ် ... တူနှယ်တူနှယ်
အီး ပိုဆိုးသွားပြီ။ ဖက်ချင်ရင် ကွယ်ရာမှာဖက်လေကွယ်... အဲ့လိုကြီး ပြောရ၀ူး ဟွန့် လူဆိုး xD
Post a Comment