Thursday, September 6, 2012 0 comments

ဆုတောင်းမယ်

ကျွန်မအတွက် ထပ်တလဲလဲ နားထောင်လည်း ရိုးအီမသွားတဲ့ သီချင်းတပုဒ်ပါ။ တယောက်စီက ခံစားချက် ယူဆချက် မျိုးစုံနဲ့ သီချင်းတပုဒ်ကို ခံစားတတ်ကြပါတယ်။


ကျွန်မအတွက်ကတော့...

"ဘ၀မှာ ချစ်ရတဲ့သူနဲ့ ကိုယ့်ကို မြတ်နိုး တန်ဖိုးထားတဲ့သူ တစ်ထပ်တည်း မကျတဲ့အခါ
နောင်ဘ၀မှာ.. ဆုံချင်သေးတယ်။
ဆုတောင်းနေမယ်"
အဲ့လိုလေး ခံစားမိပါတယ်း)


nunki (နန်ကီ)

2 comments

ကြောက်လန့်ခဲ့သော တစ်ညတာ in NYC

ညနေ၇နာ၇ီ၄၅မိနစ်မှာအတန်းယူထားလို့ ၆နာရီကျော်လောက်အိမ်ကနေထွက်ခဲ့တယ်။ အတန်း တစ်ဝက် လောက်တော့ လူကအကောင်း။ တစ်ဝတ်လောက်ကျတော့ ဗိုက်အောက်ပိုင်းကတဖြည်းဖြည်း အောင့်လာ တယ်။ အတန်းချိန်တ၀က်လောက်ရောက်တော့ Attendanceကောက်တယ်။ ပြီးတော့တစ်ချို့ သင်တန်းသား တွေက ထပြန်ကြတယ်။ ကိုယ်ကိုကိုယ်ဘာဖြစ်တယ်ဆိုတာသိတော့ ကောက်ပြန်ဖို့စဉ်းစားမိသည်။ ရုတ်တ ရက် ပရော်ဖက်ဆာက "ငါ့ရဲ့ assistant က အတန်းပြီးခါနီး တစ်ခါ Attendance ထပ်ကောက် ဦးမှာနော်။ အခု ပြန်တဲ့သူကAbsentပဲ"တဲ့။ ထိုင်ရအကောင်း ထရအကောင်း။ အတန်းမြန်မြန်ပြီးပါစေလို့ ဆုတောင်းလိုက် ရတာ အမော။ ကြာလာရင် ဒီရောဂါက ပိုဆိုးလာတော့မယ်။ အဲ့ဒါနဲ့ အားတင်းပြီး လမ်း လျှောက်ရင်း Market တစ်ခါမှာ လိုအပ်တာနဲ့ ဆေးဝင်ဝယ်လိုက်တယ်။ လမ်းမှာတင် ချက်ချင်း ဆေးသောက် လိုက်တယ်။ ဒီလိုနဲ့ ရထားပိုတက်ပြီး လိုက်လာတယ်ပေါ့။


ကျွန်မနဲ့ Canal street - dekalb ave က အရမ်းကံစပ်တာပဲ။ Canal Street ကတော့ တရုတ်တန်းမှာ ရပ်တဲ့ ဘူတာပါ။ Canal St ကနေ Dekalb ave က တခြား ဘူတာတွေထက် ကူးတဲ့လမ်းက ပိုဝေးပါတယ်။ ကြားမှာ ရထားက လုံးဝမရပ်ဘူး ဆိုပါတော့။ ဒီကြားထဲ များသောအားဖြင့် Train Traffic မိတတ်သေး။ ထိုင်ခုံက လည်းမရ။ လူတွေကလည်း တဖြည်းဖြည်းနဲ့ ကျပ်လာတယ်။ ကျွန်မ မျက်လုံးဖွင့်လို့မရအောင် မူးလာသလို ခံစားရတယ်။ ဒါ့အပြင် အရင်တစ်ခါက ဖြစ်သလိုပဲ... ဇောချွေးတွေ ပြန်လာပြီး ရင်ထဲမှာ ပျို့တက်လာတာကို မနည်းထိန်းထားရတယ်။ တအေ့ အေ့နဲ့ လေတက်တာ ဘေးလူကို တောင်အားနာလာတယ်။ ရထားဘူတာ ကို ရောက်ပါစေ၊ ရောက်ပါစေ ဆုတောင်းနေရတယ်။ ရောက်တာနဲ့ ချက်ချင်းဆင်းပြီး လက်ထဲမှာ ၀ယ်လာ တဲ့ ပစ္စည်းတွေကို ထုတ်ပြီး ပါလာတဲ့ ပလတ်စတစ်အိတ်ထဲမှာ အန်လိုက်တာ.. တဝေါ့ဝေါ့။ ထိုင်ရာကနေ တော်တော်မထနိုင်ဘူး။ ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိ။ ဒါမျိုး နာကျင်မှုတွေ၊ အန်တာတွေ ဖြစ်ဖူးပါတယ်။ များသောအားဖြင့် အိမ်မှာပဲ ဖြစ်တာများတယ်။ အိမ်မှာတောင် နာလွန်းလို့ ကျွန်မ အော်နေ၊ ငိုနေရတာ။ ဒါနဲ့ ရထားဘူတာက ထွက်ပြီး အိမ်ကို ဖုန်းဆက်ရတော့တာပေါ့။ အန်တီကို လာကြိုခိုင်းချင်ပေမယ့် သူကလည်း ဒီရက်ပိုင်း နှလုံးပြန်ဖောက်နေတယ်။ ကဲ.. ငါ ဘာလုပ်ရမလဲ။နာလွန်းလို့ မတ်တပ်တောင် ကောင်းကောင်း မရပ်နိုင်ဘူး။ ခဏ ခဏလည်း အန်နေတော့တာပဲ။ တကိုယ်လုံးက တုန်ပြီး ဇောချွေးတွေ ပြန်နေပြီ။

 
;