ညီမလေးရေ...
လူ့ဘ၀ဆိုတာ
ကောင်းကင်ဘုံက အပ်တစင်းနဲ့
မြေကြီးပေါ်က အပ်တစင်း
ထိပ်ချင်းထိဖို့ထက်
ပိုခက်တယ်လို့ ဆိုကြသတဲ့
ဒါဆို လူ့ဘ၀ဟာ ဘယ်လောက်ရခဲသလဲဆိုတာ
ညီမလေး သိလောက်ပြီပေါ့။
ဆင်းရဲချမ်းသာမရွေး
လူအယောက်စီတိုင်းရဲ့ ဖြစ်တည်မှုဟာ
အင်မတန်မှ တန်ဖိုးရှိပါတယ်။
ကိုယ့်ဘ၀ နိမ့်ကျလို့ ၀မ်းနည်းဖို့မလိုသလို
ချမ်းသာလို့လည်း မမောက်မာသင့်ဘူး။
ရခဲလှတဲ့ဘ၀မှာ
ပေးလာတဲ့အခြေအနေကို ဂုဏ်ယူတတ်ပြီး
ဖြစ်ချင်တာကို ဖြစ်အောင်ကြိုးစားပါ.....
လောကမှာ ငွေကြေးချမ်းသာမှုထက်
အရေးကြီးတာတွေရှိတယ်ဆိုတာ
သိအောင် ကြိုးစားပါ.....
အရေးအကြီးဆုံးက
ကိုယ်ချင်းစာစိတ်နဲ့ ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ
ဒါဟာ ညီမလေးအတွက်ပါ။ ။
နန်ကီ
လူ့ဘ၀ဆိုတာ
ကောင်းကင်ဘုံက အပ်တစင်းနဲ့
မြေကြီးပေါ်က အပ်တစင်း
ထိပ်ချင်းထိဖို့ထက်
ပိုခက်တယ်လို့ ဆိုကြသတဲ့
ဒါဆို လူ့ဘ၀ဟာ ဘယ်လောက်ရခဲသလဲဆိုတာ
ညီမလေး သိလောက်ပြီပေါ့။
ဆင်းရဲချမ်းသာမရွေး
လူအယောက်စီတိုင်းရဲ့ ဖြစ်တည်မှုဟာ
အင်မတန်မှ တန်ဖိုးရှိပါတယ်။
ကိုယ့်ဘ၀ နိမ့်ကျလို့ ၀မ်းနည်းဖို့မလိုသလို
ချမ်းသာလို့လည်း မမောက်မာသင့်ဘူး။
ရခဲလှတဲ့ဘ၀မှာ
ပေးလာတဲ့အခြေအနေကို ဂုဏ်ယူတတ်ပြီး
ဖြစ်ချင်တာကို ဖြစ်အောင်ကြိုးစားပါ.....
လောကမှာ ငွေကြေးချမ်းသာမှုထက်
အရေးကြီးတာတွေရှိတယ်ဆိုတာ
သိအောင် ကြိုးစားပါ.....
အရေးအကြီးဆုံးက
ကိုယ်ချင်းစာစိတ်နဲ့ ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ
ဒါဟာ ညီမလေးအတွက်ပါ။ ။
နန်ကီ
0 comments:
Post a Comment