Saturday, December 26, 2015 0 comments

Merry Christmas and Happy New Year!


It was Christmas yesterday. I am not a Christian but Christmas is one of the most beautiful time of the year. There are sparkling lights and awesomely decorated christmas trees everywhere. Who doesn't like christmas? So I didn't celebrate Christmas, but I did meet with my siblings (couldn't meet my parents cuz they don't live in the United States) and friends who I like to be around. I cooked a little dinner for them and we enjoyed Christmas night with good laugh. I wished all people out there to be with the ones they want to be with, to be open to the ones they couldn't before and to be loved as the way they deserve. It is kind of late, but Merry Christmas to you all!
New Year is in a few days. My 2015 was not too good. I was struggling a lot about work, visa status and some people around me. But it does get better as the year end is closer. I am happy and excited about 2016. Never did I have new year resolution before, but I have some new year resolutions for 2016 this time which I wanna share with you all;
  1. Getting into Fashion Design College
  2. Going to gym regularly
  3. Eating healthy
  4. Saving money
  5. Getting a good job
  6. Being kind to all types of people
  7. Being able to help those who are in need
  8. Returning to my home country to meet my parents

That's all I want to do in coming year. Let's see how many I can accomplish. Also I want to suggest you all to have new year resolutions because these can motivate and guide you throughout the year.
Happy New Year. Don't forget to be positive, kind and humble in 2016 as well.
Cheers!
-Nunki-
Tuesday, July 21, 2015 0 comments

တာဝန်ယူလိုစိတ်

ညီမလေးရေ....

ဆရာအောင်သင်းကပြောတယ်...
“လူတစ်ယောက်ဟာ
မိုးပျံအောင်တော်နေပါစေ
သူ့မှာတာဝန်ယူလိုစိတ်မရှိရင်
ဘယ်နေရာမှအသုံးမ၀င်ဘူး” တဲ့။

ယောင်္ကျားလေးပဲဖြစ်စေ
မိန်းကလေးပဲဖြစ်စေ
ကိုယ်လုပ်တဲ့အမှားတစ်ခု...
ကိုယ်ပြောတဲ့စကားတစ်ခွန်း...
ကိုယ်ပြုတဲ့အရာတိုင်းအတွက်
တာဝန်ယူလိုစိတ်ရှိသင့်တယ်။

အဲ့လိုပဲ...
ကိုယ်မက်တဲ့ အိပ်မက်
ကိုယ်မှန်းထားတဲ့ ရည်မှန်းချက်အတွက်လည်း
ကိုယ်ကိုတိုင်မှာသာ တာဝန်ရှိတယ်ဆိုတာ
မမေ့ပါနဲ့။         ။

nunki (နန်ကီ)
Saturday, July 18, 2015 0 comments

အိပ်မက်

ညီမလေးရေ...

အိပ်မက်မက်တတ်ပါစေ။
လူတစ်ယောက်ရဲ့ဘ၀ဟာ
ဖြစ်ချင်တဲ့ အိပ်မက်တွေရှိမှ
အဓိပ္ဗါယ်ရှိတာ။

အဲ့ဒီအိပ်မက်ကို
အကောင်အထည်ဖော်ဖို့
နှစ်ရှည်စီမံကိန်းဆိုတာ ရှိသင့်တယ် ညီမလေး။

လူတစ်ယောက်ရဲ့ဘ၀ဟာ
မြစ်တစင်းပေါ်မှာ မျှောနေတဲ့
လှေတစင်းနဲ့တူတယ်။

ဦးတည်ရာတစ်ခုကို မှန်းပြီးသွားမှ
ခရီးရောက်နိုင်တာ။
သာယာတဲ့နေ့လည်းတွေကို ကြုံသလို
လှိုင်းကြမ်းလို့ အားစိုက်၊ ပင်ပန်းရတဲ့နေ့လည်းရှိမယ်
ဒါပေမယ့် နောက်ဆုံးတော့
လိုရာပန်းတိုင်ကိုရောက်မှာပေါ့။

ဒါကြောင့်
အိပ်မက်မက်တတ်ပါစေ။
နည်းတူ
အိပ်မက်ကို အကောင်အထည်ဖော်ဖို့  မမေ့ပါနဲ့။          ။

nunki (နန်ကီ)



Friday, July 17, 2015 0 comments

ဘ၀ဆိုတာ...

ညီမလေးရေ...

လူ့ဘ၀ဆိုတာ
ကောင်းကင်ဘုံက အပ်တစင်းနဲ့
မြေကြီးပေါ်က အပ်တစင်း
ထိပ်ချင်းထိဖို့ထက်
ပိုခက်တယ်လို့ ဆိုကြသတဲ့
ဒါဆို လူ့ဘ၀ဟာ ဘယ်လောက်ရခဲသလဲဆိုတာ
ညီမလေး သိလောက်ပြီပေါ့။

ဆင်းရဲချမ်းသာမရွေး
လူအယောက်စီတိုင်းရဲ့ ဖြစ်တည်မှုဟာ
အင်မတန်မှ တန်ဖိုးရှိပါတယ်။
ကိုယ့်ဘ၀ နိမ့်ကျလို့ ၀မ်းနည်းဖို့မလိုသလို
ချမ်းသာလို့လည်း မမောက်မာသင့်ဘူး။

ရခဲလှတဲ့ဘ၀မှာ
ပေးလာတဲ့အခြေအနေကို ဂုဏ်ယူတတ်ပြီး
ဖြစ်ချင်တာကို ဖြစ်အောင်ကြိုးစားပါ.....

လောကမှာ ငွေကြေးချမ်းသာမှုထက်
အရေးကြီးတာတွေရှိတယ်ဆိုတာ
သိအောင် ကြိုးစားပါ.....

အရေးအကြီးဆုံးက
ကိုယ်ချင်းစာစိတ်နဲ့ ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ
ဒါဟာ ညီမလေးအတွက်ပါ။               ။

နန်ကီ
Tuesday, July 2, 2013 1 comments

Sometimes, what you think is not what it is

ကျွန်မအမေရိကားကိုမရောက်ခင်ကကျွန်မရဲ့အကြီးမားဆုံးအိမ်မက်ကအမေရိကားမှာကျောင်းတတ်ရဖို့ပေါ့။ ထပ်ပြီးရှင်းရှင်း ပြောရရင်အမေရိကားမှာခြေချရဖို့။ ကျွန်မမြင်ခဲ့တဲ့ ရုပ်ရှင်ကားထဲက အမေရိကားက အစစ အရာရာ အဆင်ပြေပြီးခန်းခန်းနားနား ရုံးခန်းထဲမှာ အလုပ်လုပ်ပြီး ငွေတွေကိုပုံးလအောသုံးနိုင်တဲ့ဘ၀ဖြစ် တယ်။ မြန်မာကျပ်ငွေနဲ့ ဒေါ်လာရဲ့ကွာခြားချက်ကလည်း ကြီးသကိုး။ တကယ်လည်း ကျွန်မအပြင် အခုအမေ ရိကားကိုရောက်နေတဲ့ မြန်မာတွေ၊ အမေရိကားကိုလာဖို့ ကြိုးစားနေတဲ့ မြန်မာတွေအားလုံး ဒီလိုပဲ ထင်ခဲ့၊ ထင်နေဆဲပါပဲ။ ဒါဟာမှားနေပါတယ်လို့ကျွန်မမဆိုချင်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာထင်တာနဲ့တွေ့ကြုံ ရတာနဲ့ ကွာခြားတတ်ပါတယ်။ 

အမေရိကားဆိုတာကတော့ မြန်မာပြည်ထက်သာတာတွေအများကြီးပေါ့။ ၂၄/၇ မီးလာတယ်။ အင်တာနက် ၂၄နာရီသုံးနေလို့ရတယ်။ မြန်လိုက်တာလည်း တဖျတ်ဖျတ်ပဲ။ ကျွန်မ ဒီမှာ၂နှစ်လောက်နေပြီး မြန်မာပြည် အလည်တစ်ခေါက်ပြန်တော့ မီးမလာပူလွန်းတဲ့ရာသီဥတုကို သိပ်စိတ်ညစ်တာ။ ချွေးတွေထွက်ပြီး စီးကပ်စီး ကပ်နေရတာကို လုံးဝအမှန်တကယ်မကြိုက်ဘူး။ ဖုန်နဲ့ချွေးထွက်လွန်းလို့ သိပ်sensitiveဖြစ်တဲ့ ကျွန်မအ သားအရေတွေ Allergy တွေဖြစ်လွန်းလို့ စိတ်ညစ်လိုက်ရတာ။ အင်တာနက်ဆိုလည်း ၁ပတ် ၁ခေါက်သွားဖို့ စိတ်ကိုမပါတာ...(ကွန်နှေးလွန်းလို့)။ ဒါလေးတွေကအသေးအဖွဲ့လေးတွေ။ တကယ်လို့ဒီကို DV (သို့) Immigrant နဲ့ရောက်လာတဲ့သူတွေဆိုရင် ကျောင်းတတ်ဖို့ Finanical aid ရတယ်။ သူများတွေပြောနေတဲ့ medicare စတာတွေ စတာတွေ.. နောက်ဆုံး စားဖို့သောက်ဖို့ တစ်လ ၂၀၀ တောင် အစိုးရကထောက်ပံ့ တယ်ဆိုလားပဲ။ ကျွန်မကတော့ F1ကျောင်းသူဆိုတော့ဒါတွေသိပ်နားမလည်ဘူးပေါ့။ အသက်ကြီးမှ ရောက် လာတဲ့သူတွေအတွက် ဆေးပညာအရရော၊ နည်းပညာအရပါ မြန်မာနိုင်ငံအတွက် အများကြီးသာတဲ့ အပြင် အထောက်အပံ့တွေ Insuranceတွေရှိနေတော့ အသက်ဘေးစိတ်ချရတာပေါ့။ အမေရိကားက အကြွေးသုံး နည်းနဲ့လည်ပတ်နေတာဆိုတော့ အိမ်၊ကားအစအသေးအဖွဲပစ္စည်းတွေကို အကြွေးယူတဲ့စနစ် နဲ့အရစ်ကျ ပေးပြီးဝယ်လို့ရသေးတယ်။ အဲ့တော့လူတိုင်းလူတန်းစေ့နေနိုင်တယ် (အကြွေးပေးဖို့ အလုပ်ရှိနေသေးသရွေ့ ပေါ့)။ ဒါ့အပြင် မြန်မာပြည်မှာအခုလက်ရှိနေပြီး အမေရိကားကိုလာချင်နေကြတဲ့သူတွေ အားအကျဆုံးက အမေရိကားပြန်များမြန်မာပြည်ရောက်ရင် သုံးနိုင်ဖြုန်းနိုင်တဲ့အားဖြစ်တယ်။ ဒါကို အားကျကြတယ်။
 
;