10th Grade:
ကျွန်တော် ဆယ်တန်းတုန်းက ဘေးချင်းကပ်လျက်ထိုင်တဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ သူမက ကျွန်တော့်ရဲ့ အချစ်ရဆုံး သူငယ်ချင်းပေါ့။ ဘေးချင်းကပ်ထိုင်ရင်း ကျွန်တော် သူမရဲ့ ရှည်လျားပြီး ပိုးသားလိုနူးညံ့တဲ့ဆံသားလေးတွေကို ငေးကြည့်ရင်း သူမဟာ ကျွန်တော်အတွက်ဖြစ်ပါစေ လို့ ဆုတောင်းခဲ့ဖူးတယ်။ ဒါပေမယ့် သူမကတော့ ကျွန်တော့်ကို သတိထားမိဟန်မတူပါ ဘူး။ အတန်းပြီးတော့ သူမကျွန်တော်ရှိရာသို့လျှောက်လာ တယ်။ မနေ့က သူမအတန်းပျက်သွားတဲ့စာတွေအတွက် စာအုပ်လာ ငှားတယ်။ ပြီးတော့ သူမ "ကျေးဇူးတင်ပါတယ်" လို့ပြောပြီး ကျွန်တော်တို့ လက်ချင်းယှက်ပြီး နှုတ်ဆက်ကြတယ်။ ကျွန်တော် သူမကိုလိုချင်တဲ့အကြောင်းပြောပြချင်တယ်။ ကျွန်တော် သူမရဲ့ သူငယ်ချင်းအဖြစ်နဲ့သာ မကျေနပ်ကြောင်း အသိပေးချင်တယ်။ ကျွန်တော် သူမကိုချစ်တယ်။ ဒါပေမယ့် ဘာရယ်ကြောင့်မသိ ဖွင့်ပြောရမှာရှက်နေမိတယ်။
11th Grade:
ကလင် .. ကလင်...
ဖုန်းမြည်လာတယ်။ တဖက်မှာ သူမစကားပြောနေတယ်။ သူမရဲ့ ရည်းစားကြောင့် အသဲကွဲပြီး ငိုနေတယ်။ ကျွန်တော့်ကို သူမအိမ် လာပြီး အဖော် လုပ်ပေးဖို့ပြောတယ်။ အဲ့ညက ကျွန်တော် သူမအိမ်သွားခဲ့တယ်။ ကျွန်တော် သူမဘေးမှာထိုင်ရင်း သူမရဲ့ မျက်ဝန်း လဲ့လဲ့လေးတွေကိုကြည့်ရင်း သူမဟာ ကျွန်တော့်အတွက်ဖြစ်ပါစေလို့ ဆုတောင်းမိတယ်။ ၂နာရီလောက်ကြာပြီးနောက် အာလူး ကြော်နှစ်ထုပ်နဲ့ Drew Barrymore ရဲ့ ရုပ်ရှင်ကြည့်ရင်း သူမအိပ်တော့မယ်ပြောတယ်။ သူမ ချိုမြန်လွန်းတဲ့ နှုတ်ခမ်းလေးကို ပြုံးပြပြီး "ကျေးဇူးတင်ပါတယ်" လို့ပြောတယ်။ ကျွန်တော် သူမကိုလိုချင်တဲ့အကြောင်းပြောပြချင်တယ်။ ကျွန်တော် သူမရဲ့ သူငယ်ချင်းအဖြစ်နဲ့သာ မကျေနပ်ကြောင်း အသိပေးချင်တယ်။ ကျွန်တော်သူမကို ချစ်တယ်။ ဒါပေမယ့် ဘာရယ်ကြောင့်မသိ ဖွင့် ပြောရမှာရှက်နေမိတယ်။
Senior Year
ကျောင်းနောက်ဆုံး နှုတ်ဆက်ကပွဲ မတိုင်မီတစ်ရက်မှာ သူမ ကျွန်တော့်ရှိရာလာတယ်။ "ငါ့ ရည်းစားက စိတ်ပျက်စရာကောင်း တယ်ဟာ"လို့ပြော ရင်း သူမရည်းစားနဲ့ ကပွဲမသွားဖြစ်ကြောင်းပြောတယ်။ ကျွန်တော့်မှာလည်း ဘယ်သူနဲ့မှ တွဲသွားစရာမရှိဘူး။ ကျွန်တော်တို့ ၇တန်းလောက်တုန်း က ဒီလိုအချိန် တစ်ယောက်အဆင်မပြေရင် နှစ်ယောက်အတူတူ အချစ်ဆုံးသူငယ်ချင်း တွေအဖြစ် ကပွဲအတူတူသွားမယ်လို့ ဂတိပေးခဲ့ဖူးတယ်။ ဒါကြောင့် ကျွန်တော်နဲ့သူမ ကပွဲတူတူသွားခဲ့ကြတယ်။ အဲ့ည ကပွဲပြီး တော့ ကျွန်တော် သူမကို အိမ်လိုက်ပို့ရင်း အိမ်ရှေ့တခါးမှာ မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေကြတယ်။ ကျွန်တော့်သူမကို ကြည့်နေရင်း သူမကလည်း လက်လက်ထနေတဲ့ ရွှင်ပြုံးတဲ့ မျက်လုံးတစ်စုံနဲ့ ကျွန်တော့်ကိုပြန်ကြည့်တယ်။ ကျွန်တော် သူမကို တကယ်လိုချင်တယ်။ ဒါပေမယ့် သူမက ကျွန်တော့်ကို ချစ်သူတစ်ယောက်အဖြစ်မမြင်ဘူးဆိုတာ ကျွန်တော်သိတယ်။ "ငါအရမ်း ပျော်တယ်ဟာ .. ကျေးဇူးတင်ပါတယ်" လို့သူမပြောတယ်။ကျွန်တော် သူမကိုလိုချင်တဲ့အကြောင်းပြောပြချင်တယ်။ ကျွန်တော် သူမရဲ့ သူငယ်ချင်းအဖြစ်နဲ့သာ မကျေနပ်ကြောင်း အသိပေးချင်တယ်။ ကျွန်တော် သူမကိုချစ်တယ်။ ဒါပေမယ့် ဘာရယ်ကြောင့် မသိ ဖွင့်ပြောရမှာ ရှက်နေမိတယ်။
Graduation Day
မျက်တောင်တစ်ခတ်အတွင်းမှာ နေ့တွေ လတွေ နှစ်တွေ ပြောင်းလဲသွားတာ ကျွန်တော် သတိတောင်မထားမိလိုက်ဘူး။ ဒီနေ့က ကျောင်းပီး တဲ့နေ့ပေါ့။ ကျွန်တော် သူမ နတ်သမီးလေးလို လှပ သွက်လက်စွာ စင်ပေါ်တက်ပြီး သူမရဲ့ဘွဲ့သွားယူတာကို ပြုံးပြီး ကြည့်နေမိတယ်။ ကျွန်တော် သူမကို တကယ်လိုချင်တယ်။ ဒါပေမယ့် သူမက ကျွန်တော့်ကို ချစ်သူတစ်ယောက်အဖြစ်မမြင်ဘူး ဆိုတာ ကျွန်တော်သိတယ်။ ဘွဲ့ယူအပြီးမှာ လူတွေ တဖွဲဖွဲ အိမ်ပြန်ကြတယ်။ သူမနဲ့ကျွန်တော် တစ်ယောက်နဲ့တစ်ယောက် ဖက်ပြီး ငိုကြတယ်။ သူမခေါင်းလေးကို ကျွန်တော့်ပခုံးပေါ်တင်ရင်း "နင်က တကယ်သူငယ်ချင်းကောင်းတစ်ယောက်ပါ။ ကျေးဇူး တင်ပါတယ်" လို့ပြောတယ်။ ကျွန်တော်သူမကိုလိုချင်တဲ့အကြောင်းပြောပြချင်တယ်။ ကျွန်တော် သူမရဲ့ သူငယ်ချင်းအဖြစ်နဲ့သာ မကျေနပ်ကြောင်း အသိပေးချင်တယ်။ ကျွန်တော် သူမကိုချစ်တယ်။ ဒါပေမယ့် ဘာရယ်ကြောင့်မသိ ဖွင့်ပြောရမှာရှက်နေမိတယ်။
A Few Year Later
ကျွန်တော်အခု ဘုရားကျောင်းက ခုံတန်းတစ်ခုမှာထိုင်နေတယ်။ သူမ မင်္ဂလာဆောင်တော့မယ်။ ကျွန်တော် သူမ "I do" လို့ ပြောတာကို ကြည့်နေခဲ့တယ်။ ကျွန်တော် သူမကို တကယ်လိုချင်တယ်။ ဒါပေမယ့် သူမက ကျွန်တော့်ကို ချစ်သူတစ်ယောက် အဖြစ်မမြင်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် သူမမထွက်သွားမီ ကျွန်တော်ဆီလာပြီး "ဟယ်.. နင်လာတယ်နော်။ ကျေးဇူးတင်ပါတယ်" လို့ ပြောရင်း ကျွန်တော့်ပါးပြင်ကို အနမ်းတစ်ပွင့်နဲ့ ဖျက်ခနဲ့ကျီစယ်လိုက်တယ်။ ကျွန်တော် သူမကိုလိုချင်တဲ့ အကြောင်းပြောပြချင်တယ်။ ကျွန်တော် သူမရဲ့ သူငယ်ချင်းအဖြစ်နဲ့သာ မကျေနပ်ကြောင်း အသိပေးချင်တယ်။ ကျွန်တော် သူမကိုချစ်တယ်။ ဒါပေမယ့် ဘာရယ်ကြောင့်မသိ ဖွင့်ပြောရမှာရှက်နေ မိတယ်။
Funeral
နှစ်တွေလည်း ကုန်လွန်ခဲ့ပြီ။ ကျွန်တော်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ သူမရဲ့ အခေါင်းကိုကြည့်နေမိတယ်။ အခမ်းအနားမှာ သူမ ကျောင်းတုန်း ကရေးခဲ့တဲ့ ဒိုင်ယာရီလေးတွေကို အမှတ်တရဖတ်ပြတယ်။
အဲ့မှာ....
"ကျွန်မ သူကို တကယ်လိုချင်တယ်။ ဒါပေမယ့် သူက ကျွန်မကို ချစ်သူတစ်ယောက်အဖြစ်မမြင်ဘူးဆိုတာ ကျွန်မသိတယ် ကျွန်မသူကိုလိုချင်တဲ့ အကြောင်းပြောပြချင်တယ်။ ကျွန်မ သူရဲ့ သူငယ်ချင်းအဖြစ်နဲ့သာ မကျေနပ်ကြောင်း အသိပေးချင်တယ်။ကျွန်မ သူကိုချစ်တယ်။ ဒါပေမယ့် ဘာရယ်ကြောင့်မသိ ဖွင့်ပြောရမှာရှက်နေမိတယ်။ သူ ကျွန်မကို ဖွင့်ပြောပါစေလို့ ဆုတောင်းမိတယ်။"တဲ့
ကျွန်တော့်လည်း ဖွင့်ပြောခဲ့မိပါစေလို့ဆုတောင်းနှင့်အတူ မျက်ရည်တွေစီးရင်း ကျောခိုင်းထွက်ခွါခဲ့တယ်။
nunki (နန်ကီ)
ဘာသာပြန် - Painful Regret - Silent Love