Thursday, August 23, 2012

Classy Girls/Ladies ဖြစ်ဖို့

ံHow to be a classy girl ဆိုတဲ့ ဆောင်းပါး အမျိုးမျိုးကို website အမျိုးမျိုးကနေ ရှာဖတ်နေဖြစ်တာ ကြာ ပါပြီ။ ကျွန်မ အသက် ၂၂ ပြည့်ပြီးတဲ့ နောက်ပိုင်းမှာ Fancy ဆန်တဲ့ အ၀တ်အစားတွေကို သိပ်မကြိုက်တတ် တော့။ T-shirt နဲ့မလိုက်ဘူးလို့ ခဏခဏ အပြောခံရတော့ ဘယ်လို စတိုင်လ်လေးက ငါနဲ့ လိုက်မလဲလို့ စဉ်းစားမိတယ်။ အဲ့ဒီ့အချိန်မှာ ကျွန်မ BeWitched ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ကြည့်ဖြစ်တယ်။ အဲ့ထဲက စုန်းမနေရာမှာ သရုပ်ဆောင်တဲ့ ကောင်မလေးလို မိန်းမဆန်ပြီး ယဉ်ကျေး သိမ်မွေ့တဲ့အပြင် ထက်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ သူ ၀တ်စားဆင်ယင် ပြောဆိုပုံက Classy ဖြစ်တယ်ဆိုပြီး Classy ဆန်ဖို့ စတင် လေ့လာမိပါတော့တယ်။ တကယ်လေ့လာဖြစ်တော့ Classy ဖြစ်ဖို့ဆိုတာ အ၀တ်အစားနဲ့ မရ ဘူးဆိုတာ သိလာရပါတယ်။ တကယ် Classy ဆန်တဲ့ မိန်းကလေးဆိုတာ ဘယ်လိုမျိုးလဲဆိုတာ လေ့လာ ရင်း စာဖတ်သူ မိန်းကလေးများကိုလည်း ဝေမျှချင်ပါတယ်။ မြန်မာမိန်းကလေးထဲမှာ Classy ဆန်တဲ့ မိန်း ကလေးမျိုး တွေ့ရခဲတာမို့ မသိသေးသူများကို သိစေချင်သောကြောင့် ဒီလို ဝေမျှလိုက်တာ ဖြစ်ပါတယ်။ 



How To Be a Classy Girl
Classy ဖြစ်ဖို့ဆိုရင် စတိုင်လ်ကျအောင် ၀တ်စားရမယ့်အပြင် သူများနဲ့ ဆက်ဆံတဲ့အခါမှာလည်း ယဉ်ကျေး ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုအပြည့်ရှိတဲ့အပြင် ကိုယ့်မှာရှိတဲ့ အလှတရားနဲ့ ကိုယ့်ကို ကိုယ် ချစ်တတ်ဖို့ လိုပါတယ်။ Be yourself and love yourself လိုမျိုးပေါ့။

Steps
1. Choose your battles and choose your friends
>>> အားငယ်သူကို ဖေးမကူညီခြင်းဟာလည်း Classy ဖြစ်ပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက် ကိုယ့် ကို ရိုင်းပျလာရင် လျစ်လျှူရှုလိုက်ပါ။ ကိုယ့်ကိုကိုယ် စိတ်ငြိမ်အောင်ထိန်းပြီး သူ့ရဲ့ ရိုင်းစိုင်းမှု အပေါ်သင် ဘယ်လို ခံစားရတယ်ဆိုတာကို ရှင်းပြပါ။ ပြီးလျှင် ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုရှာပါ။ ကိုယ့်ပတ်ဝန်းကျင် မှာလည်း အကောင်းမြင်တတ်ပြီး ယဉ်ကျေးပျူငှာသူတွေနဲ့ ဆက်ဆံပါ။ ဒါမှ ကိုယ် Classy ဖြစ်အောင် ပိုပြီး အားပေးအားမြှောက် ဖြစ်စေမှာဖြစ်ပါတယ်။

2. Have a sense of Style
>>> Classy ဖြစ်ဖို့ Fashion ကလည်း မရှိမဖြစ်လိုပါတယ်။ ထို့အတွက်ဖက်ရှင်မဂ္ဂဇင်း များများဖတ်ပေးပါ။ ဒါပေမယ့် ကျော်ကြားသူတွေရဲ့ စတိုင်လ်ကို မခိုးပါနဲ့။ ကိုယ်ပိုင်စတိုင်လ်ဖန်တီးပြီး ကိုယ့်ရဲ့ personal နဲ့ လိုက်ဖက်မယ့် စတိုင်လ်မျိုးကို ရွေးချယ်ပါ။ အ၀တ်အစား ရွေးတဲ့အခါမှာ လည်ပင်းအရမ်းဟိုက်လွန်းတဲ့ အ၀တ်အစား၊ အရမ်း တိုလွန်းတဲ့ စကတ်၊ ခါး -ဗိုက်ပေါ်စေတဲ့ အင်္ကျီ စတဲ့ အရမ်းပေါ်လွန်းသော အ၀တ်အစားများကို ရှောင်ပါ။ ကိုယ့်ကိုကိုယ် တန်ဖိုးမထားရာ ရောက်ပါလိမ့်မယ်။ ဒါ့အပြင် မသင့်တော်သော စာတန်း တွေ ပါတဲ့ အင်္ကျီများကို ရှောင်ပါ။ အဲ့လို စာတွေက သင်ဟာ အရမ်းအာရုံ အစိုက်ခံချင်သလို ထင်စေပါ တယ်။ Classy ဖြစ်တဲ့ မိန်းကလေးတွေဟာ အရမ်းအာရုံစိုက်ခံရဖို့ ကြိုးစားလေ့မရှိပါဘူး။


3. Have good hygiene
>>> Classy ဖြစ်ဖို့ နောက်တစ်ချက်ကတော့ သန့်ရှင်းရေးဖြစ်ပါတယ်။ဆံပင်မှန်မှန်ဖီးပါ။လက် သည်းတွေ ကိုလည်း ဖုန်ကင်းပြီး သန့်ရှင်းအောင် ထားပါ။(ကျွန်မကတော့ French Manicure ကို သဘောကျပါတယ်) သွားမှန်မှန်တိုက် ရေမှန်မှန် ချိုးပါ။ ရေမွှေးစွတ်ရင်လည်း အများကြီးမစွတ်ပါနဲ့။ နောက်ထပ် အရေးကြီးတာက အသားအရေ ဖြစ်ပါ တယ်။ အသားအရေကို ထိန်းသိမ်း သင့်ပါတယ်။ မျက်နှာကို မှန်မှန်သစ်ပေးပြီး အပြင်သွားရင်လည်း sunscreen သို့ ဦးထုပ်တို့နဲ့ နေရောင်ကို ကာကွယ်သင့်ပါတယ်။ တစ်ပတ် တစ်ကြိမ် လောက် အချိန်ပေးပြီး မျက်နှာကို ပေါင်းတင်ပေးပါ။ 

4. Never crack your knuckles
>>> လက်ဆစ်မချိုးပါနဲ့။ တစ်ချို့အတွက် အဲ့လို လုပ်တတ်တဲ့ အကျင့်က စိတ်အနှောက်အယှက် ဖြစ်စေပါ တယ်။ 

5. Speak calmly
>>> စကားကို တည်ငြိမ်စွာပြောခြင်းဟာ ယဉ်ကျေးမှုကို ဖော်ပြပါတယ်။ စကားကို ကျယ်ကျယ်လောင် လောင် ပြောဆိုခြင်းဟာ တခြားသူရဲ့ အာရုံစူးစိုက်မှုကို လိုချင်လို့ထင်ကြပါလိမ့်မယ်။ လူအများရှေ့မှာ စ ကားကျယ်လောင်စွာ ပြောဆိုခြင်းဟာ ရှက်စရာကောင်းသလို ကိုယ့်အနားမှာရှိတဲ့ လူတွေကိုလည်း အလေး မထားရာ ရောက်ပါလိ့မ်မယ်။ တခြားသူတွေ ဘာပြောလဲဆိုတာကို eye contact နဲ့ သေချာနားထောင်ပါ။

6. Never slouch
>>> ပျော့ခွေပြီး ကုန်းမနေပါစေနဲ့။ ကိုယ်ဟန်အနေအထားကလည်း အရေးကြီးပါတယ်။ ကျန်းမာရေး အတွက်လည်း ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ 

7. Behave
>>> ပါတီတွေကို သွားရတာ ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် မရင့်ကျက်၊ တာဝန်မယူတတ်တဲ့ အပြု အမူတွေကို လုံးဝရှောင်ပါ။ ပါတီရောက်ပြီဆိုရင် လူအများနဲ့ သင့်တင့်အောင် ပေါင်းပါ။ စကားကို တည်ငြိမ် စွာပြောပါ။ လူများ အာရုံစိုက်အောင် မလုပ်ပါနဲ့။ သောက်မယ်ဆိုရင်လည်း ကိုယ်သောက်နိုင်တဲ့ Level သို့ ဒီ့ထက်လျှော့ပြီးသောက်ပါ။ အရက်မူးနေတတ်တဲ့ မိန်းကလေးတွေက Classy မဖြစ်ပါဘူး။

8. Develop conversation skill
>>> Classy ဖြစ်တဲ့ မိန်းကလေးတွေက လိင်ကိစ္စနဲ့ပတ်သက်တာတွေ၊ အကျိုးမရှိတဲ့ စကားတွေကို ပြော လေ့မရှိပါဘူး။ သူတို့ဟာ စာအုပ်တွေအကြောင်း၊ အနုပညာ၊ နိုင်ငံရေး၊ ဖက်ရှင်စတဲ့ Intellectual Topics တွေသာ ပြောကြပါတယ်။ Classy Ladies ဖြစ်ဖို့ စကားလုံး (Vocabulary) ကြွယ်ဝရပါမယ်။ Slang တွေနဲ့ ဝေးဝေးရှောင်ရပါမယ်။ မဆဲဆိုရဘူး။ လူမျိုးခွဲခြားတဲ့စကားမျိုး မပြောရဘူး။ ဒါတွေဟာ Classy ဖြစ်ချင်တဲ့ မိန်းကလေးတွေကို ရိုင်းပျ အကျည်းတန်စေပါတယ်။

9. Smile

>>> Classy ဖြစ်တဲ့သူတွေဟာ အမြဲတမ်း ဖော်ရွေတတ်ကြပါတယ်။ အမြဲတမ်းလည်း အပြုံးနဲ့ သူတို့ရဲ့ မျက်နှာကို လန်းစေပါတယ်။ အပြုံးဟာ ဈေးအသက်သာဆုံး ကိုယ့်ကိုကိုယ် မြှင့်တင်နိုင်မယ့်နည်းပါ။ သူတ ပါးအပေါ်မှာလည်း ကောင်းမွန်စွာ ဆက်ဆံပြီး ကူညီတတ်ရပါမယ်။ ကိုယ့်ထက်နိမ့်ကျတဲ့သူတွေကိုလည်း ကြင်နာတတ်ရပါမယ်။ ကိုယ့်ထက် ရာထူးကြီးမှ မဟုတ်ဘဲ ကိုယ့်ထက်နိမ့်တဲ့သူတွေကို ဘယ်လိုဆက်ဆံ တယ်ဆိုတာ ကြည့်ပြီး Classy ဖြစ်မဖြစ် သုံးသပ်နိုင်ပါတယ်။

10. Hair should be Neat, Clean and Simple
>>> Loose Waves with hair band, ponytail တို့ဟာ ဒီနေ့ ပတ်ဝန်းကျင်မျာ ကိုက်ညီတဲ့ ဆံပင်မျိုး ဖြစ်ပါတယ်။ Flips, Bobs, Shags တို့ဟာလည်း Classic ဖြစ်ပြီး အခုခေတ် လူငယ် ကောင်မလေးတွေမှာ တွေ့ရတဲ့ ဆံပင်ပုံစံတွေ ဖြစ်ပါတယ်။ 

11. Take care of more than just your appearance
>>> မိဘတွေဟာ လက်သည်းကိုပဲ တသသလုပ်နေတဲ့ မိန်းကလေးထက်စာရင် စာလည်းကြိုးစားပြီး အကျင့်စာရိတ္တလည်း ကောင်းမွန်တဲ့ မိန်းကလေးကို ပိုသဘောကျတတ်ပါတယ်။ အဲ့လိုပဲ တခြားသူတွေရဲ့ မျက်လုံးထဲမှာလည်း ထိုကဲ့သို့ မိန်းကလေးကိုပဲ သဘောကျမှာပါ။ Classy Ladies ဖြစ်ဖို့ ၁။ တာဝန်ယူ တတ်ရမယ် ၂။ အပေါင်းအသင်း ၀င်ဆံ့ရမယ်။ ကိုယ်လုပ်ခဲ့တဲ့ အရာတစ်ခု၊ အမှိုက်တစ်စက အစ သူများ လုပ်ပေးမှာ စောင့်နေမယ့်အစား ကိုယ်တိုင်တာဝန်ယူလုပ်ရပါမယ်။ တကယ် Classy ဖြစ်တဲ့သူတွေဟာ ပါးနပ်ပြီး သူ့ရဲ့ စေတနာ၊ တန်ဖိုးထား နားလည်မှုတို့ကို ပြနိုင်ရပါမယ်။ ဒါ့အပြင် ယဉ်ကျေးရပါမယ်။ အပေါင်း အသင်း ၀င်ဆံရမယ်ဆိုပေမယ့် သူများအကြိုက် လိုက်လုပ်စရာမလိုပါဘူး။ မဟုတ်ရင် နောင်ဆို သူများ တွေက ကိုယ့်အပေါ်မှာ အခွင့်အရေးယူပါလိမ့်မယ်။ ကိုယ့်ရဲ့ အချိန်နဲ့ အတိုင်းအတာကို သူများသတိ ထားမိအောင် ကိုယ့်ဘာသာကိုယ် ကန့်သတ်ထားပါ။ Classy Ladies တွေဟာ ဆက်ဆံရေးကောင်းသလို 
တန်ဖိုးရှိတဲ့ အရည်အချင်းနဲ့ ပြည့်နေအောင် ထားတတ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ ခန္ဓာကိုယ်ကို တန်ဖိုးထားတဲ့အတွက် Tattoo တွေ Piercing တွေ လုံးဝမလုပ်ကြပါဘူး။ 

12. Choose your words wisely
>>> Classy Lady တွေဟာ သူတို့ ပြောတာထက် ပိုပြီး နားထောင်တတ်သူတွေ ဖြစ်ပါတယ်။Vocabulary ကောင်းကောင်းသိဖို့လိုပါတယ်။ ကိုယ့်ကိုကိုယ် ဖော်ညွှန်းနိုင်မယ့် အရှင်းဆုံး စကားလုံးကို ရွေးသုံးပါ။ တခြားသူတွေက Grammar မှားသုံးရင်လည်း သွားထောက်မပေးပါနဲ့။ Know-it-all ပုံစံမျိုးက Classy လုံးဝမကျပါဘူး။

13. Know what you're talking about
>>> Intelligence ကတော့ အဓိက သော့ချက်ပါပဲ။ Intelligence လို့ဆိုပေမယ့် စာကြမ်းပိုးဖြစ်စရာ မလိုပါဘူး။ ဒါပေမယ့် အခုလက်ရှိ ဖြစ်ပျက်နေတာကိုတော့ သိအောင် လုပ်ထားသင့်ပါတယ်။ အဘက်ဘက် ကိုလည်း တတ်နိုင်သလောက် လေ့လာပါ။ ဒါမှ အလှသာမက အသိပညာလည်း ကြွယ်ဝတဲ့ classy မိန်းကလေးဖြစ်မှာပေါ့။

14. Don't Swear
>>> အခုခေတ်မှာ တော်တော်များများက အသေးအဖွဲလေးတွေမှာတောင် ဆဲတဲ့စကားလုံး ထည့်ပြော ကြပါတယ်။ တကယ်လို့ ဒီလိုလူတွေကြားမှာ ဆဲရေးတဲ့ စကားလုံးကို နည်းနိုင်သမျှနည်းအောင် ထားနိုင်ရင် (သို့) လုံးဝ မသုံးဘဲနေနိုင်ရင် လူအထင်ကြီးစရာပါ။

15. Be assertive, but not domineering
>>> အပျက်သဘောဆန်ပြီး ရန်လိုစေတဲ့ အတွေးမျိုးကို ရှောင်ပါ။ တည်တည်ငြိမ်ငြိမ်နဲ့ အခိုင်အမာ ပြော ဆိုနိုင်ခြင်းဟာ ရင့်ကျက်ပြီး တွေးခေါ်နိုင်မှု နဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်ဆိုတာကို ပြပါတယ်။ အဆင့် တစ်ခုရှိဖို့ဆိုတာ ညီမျှစွာ တွေးတတ်ဖို့လိုသလို ကိုယ်ပြောတာကိုလည်း ခိုင်မာတဲ့ ဥပမာနဲ့ ပြောတတ်ရ ပါတယ်။ 

16. Find the classic colors that work BEST with your Complexion and Eye Color
>>> (ကျွန်မတို့ မြန်မာလူမျိုးဟာ အညိုရောင်နဲ့ အနက်ရောင် မျက်လုံးရှိကြတာ များတာကြောင့် ဒီနှစ် ရောင်ကိုပဲ ဖော်ပြလိုက်ပါတယ်)
အညိုရောင် - ပန်းရောင်၊ မီးသွေးရောင်၊ အရောင်အရင့်များ၊ အ၀ါရောင်၊ အစိမ်းရောင် တို့နဲ့ လိုက်ဖက်             ပါတယ်။ အညိုရောင်က သဘာဝအရောင်ဖြစ်တာကြောင့် ဘာနဲ့မဆို လိုက်ဖက်ပါတယ်။

အနက်ရောင် - ဒီအရောင်က ဘာနဲ့ပဲ ဖြစ်ဖြစ်လိုက်ဖက်ပါတယ်။

အားလုံး ခြုံပြောရင် Classy Girl ဖြစ်ဖို့ဆိုတာ ချမ်းသာဖို့ သြဇာအာဏာ ရှိနေဖို့မလိုပါဘူး။ ကိုယ့်ရဲ့ ရုပ်ရည် ကို နည်းနည်းလေး ပြုပြင်ပြီး ကိုယ့်ရဲ့ ရည်မွန်တဲ့ ပြောဆို ဆက်ဆံမှုကို မြှင့်တင်ရမှာဖြစ်ပါတယ်။ အထက် မှာ ဖော်ပြသွားတဲ့ထဲမှာ ဈေးကြီးတဲ့ အ၀တ်အစား အပြိုင်အဆိုင်ဝတ်ဖို့ မပါပါဘူး။ Classy ဖြစ်ဖို့ ကိုယ့်ရဲ့ လေ့လာမှုအားနဲ့ စိတ်ထားတတ်မှုလည်း ပါပါတယ်။ အမေးခံရဖူးပါတယ်။ ဘာကြောင့် Classy ဖြစ်ချင် တာလဲတဲ့။ Classy Girl ဖြစ်ဖို့ ဈေးကြီးတဲ့ အ၀တ်အစား ၀တ်ရုံနဲ့ မပြီးပါဘူး။ ကိုယ့်ရဲ့ အရည်အသွေးကို အမြဲတမ်းမြှင့်တင်နိုင်ရသလို စိတ်ထား နူးညံ့သိမ်မွေ့ရပါတယ်။ ဒါဟာ မိန်းကလေးတိုင်း ပြုပြင်သင့်တဲ့အရာ လို့ထင်တဲ့အတွက် Classy ကျတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ချင်မိတာပါ။ တကယ် Classy ဖြစ်ချင်တယ် ဆိုရင်တော့ Classy Lady တစ်ယောက်လို Walk, Live and Breathe လို့ အကြံပြုလိုက်ရပါတယ်။



nunki (နန်ကီ)
Source - wikiHow: How to be a classy girl, yahoovoice: Seven easy steps to becoming a classy girl

0 comments:

Post a Comment

 
;