တစ်ယောက်စ နှစ်ယောက်စမှာတွေ့ရတဲ့ အမူအကျင့်ကို လူတိုင်းက ဒီလိုပဲလို့ ၀ါးလုံးသိမ်းပြီး ပြောလို့မရနိုင်
ပါဘူး။ ဒါပေမယ့် လူတိုင်း လူတိုင်းက ဒီလိုပဲ ပြုမူလာမယ်ဆိုရင် ဒါဟာ ယဉ်ကျေးမှုမရှိတဲ့ အမူအကျင့်ကို ဆင့်ကဲမွေးမြူနေကြခြင်းသာ ဖြစ်ပါတယ်။
ပါဘူး။ ဒါပေမယ့် လူတိုင်း လူတိုင်းက ဒီလိုပဲ ပြုမူလာမယ်ဆိုရင် ဒါဟာ ယဉ်ကျေးမှုမရှိတဲ့ အမူအကျင့်ကို ဆင့်ကဲမွေးမြူနေကြခြင်းသာ ဖြစ်ပါတယ်။
ရေအိုင်ထဲက ဖားသူငယ်ဟာ အပြင်လောကကို ထွက်မကြည့်သရွေ့ သူနေထိုင်နေတဲ့ ရေအိုင်ဟာ ဘယ် လောက်သေးငယ်တယ်ဆိုတာ မသိနိုင်ပါဘူး။ ဒီလိုပဲ... ကျွန်မတို့ကိုယ်တိုင်ကလည်း တစ်နိုင်ငံ တစ်ဒေသ ထဲမှာပဲ ခြေကုပ်ပြီး လူမျိုး မျိုးစုံနဲ့ မထိတွေ့ မဆက်ဆံဘူးရင် ကိုယ့်အားနည်းချက်ကို သိနိုင်မှာမဟုတ် ပါဘူး။ ဖားသူငယ်ဟာ အပြင်လောကကြီးတာကိုမြင်ပြီး ကိုယ့်ရေအိုင်ကို အထင်သေး၊ စွန့်ခွာရမယ်လို့ မဆို လိုပါဘူး။ သူနေထိုင်ရာ ရေအိုင်က အပြင်လောကထက်သေးပြီး တစ်ခုခု ပြုပြင်ဖို့လိုတယ်ဆိုတာသာ သိ သင့်ပါတယ်။ အဲ့လိုပဲ တခြားနိုင်ငံရောက်သွားတဲ့သူတွေဟာ ရောက်ရာနိုင်ငံဟာ ကိုယ့်နိုင်ငံထက်သာ တာမြင်ရင် နှိုင်းယှဉ်ကြစမြဲပါ။ ဝေဖန်မှုလုပ်ရင်လည်း "နင်ဟာ ကိုယ့်နိုင်ငံကိုယ် အထင်မကြီးဘဲ ရှုံ့ချနေ တယ်" လို့ဆိုကြပါတယ်။ တကယ်တော့ ဒါဟာ ရာနှုန်းပြည့် မမှန်ပါဘူး။ တပါးနိုင်ငံက လူမျိုးရဲ့ ကောင်း ကွက်ကိုမြင်ပြီး ကိုယ့်နိုင်ငံ ကောင်းစေချင်သော ဆန္ဒရှိယုံသာ ဖြစ်ပါတယ်။
ဒီတစ်ခေါက် မြန်မာပြည်ပြန်ရောက်တဲ့အချိန်မှာ အပြင်ထွက်တိုင်း တကယ်စိတ်အနှောက်အယှက် ခဏ ခဏဖြစ်ရပါတယ်။
ဘာလို့လဲဆိုတော့ လူတွေဟာ ယဉ်ကျေးမှုဆိုတာကို အပေါ်ယံလောက်သာ လုပ်နေ ကြခြင်းကြောင့် ဖြစ်ပါတယ်။ ကျွန်မ အမေရိကားကို စရောက်ခါစတုန်းက Plattsburgh ဆိုတဲ့ မြို့သေး သေးလေးမှာ ကျောင်းစတတ်ခဲ့ပါတယ်။ အဖြူ၊ အမဲ၊ မရွေး လူတွေက ယဉ်ကျေးကြတယ်။ Thank you, You're welcome, Excuse me, sorry စတဲ့ စကားတွေကို အဲ့တော့မှ ကောင်းကောင်းပြောတတ်ခဲ့တယ်။ ရင်ထဲက လှိုက်လှိုက်လှဲလှဲပြုံးပြီး အဲ့လိုလေး ပြောရတာကို ကျွန်မကျင့်သားရခဲ့တယ်။ မြန်မာပြည်ပြန် ရောက်တော့ လမ်းသွားတိုင်း ကျွန်မကို ပခုံးချင်းသာ တိုက်သွားတယ်။ လှည့်တောင်မကြည့်ဘူးဗျာ...။ ရင်ထဲမှာတော့ တမျိုးကြီးပဲ။ ယဉ်ကျေးမှု အတည်အကျမရှိဘူးလို့ ပြောခဲ့တဲ့ အမေရိကားကလူတွေက Sorry လို့ ပြောချိန်မှာ ယဉ်ကျေးမှုကို ဦးတိုက်တဲ့ ကျွန်မတို့ မြန်မာလူမျိုးက ဒီစကားလေးတစ်ခွန်းကို တောင် တွန့်တိုလိုက်ကြတာ..။ တစ်နေ့လုံး အပြင်ထွက်နေတဲ့ကျွန်မ ၁၀ ခေါက်လိုက်တိုက်ခံရပြီးရင် ကျွန်မမျက်နှာ ဘယ်လို ဖြစ်နေမယ်ဆိုတာ မှန်းကြည့်လို့ရနိုင်ပါတယ်နော်။
ဘာလို့လဲဆိုတော့ လူတွေဟာ ယဉ်ကျေးမှုဆိုတာကို အပေါ်ယံလောက်သာ လုပ်နေ ကြခြင်းကြောင့် ဖြစ်ပါတယ်။ ကျွန်မ အမေရိကားကို စရောက်ခါစတုန်းက Plattsburgh ဆိုတဲ့ မြို့သေး သေးလေးမှာ ကျောင်းစတတ်ခဲ့ပါတယ်။ အဖြူ၊ အမဲ၊ မရွေး လူတွေက ယဉ်ကျေးကြတယ်။ Thank you, You're welcome, Excuse me, sorry စတဲ့ စကားတွေကို အဲ့တော့မှ ကောင်းကောင်းပြောတတ်ခဲ့တယ်။ ရင်ထဲက လှိုက်လှိုက်လှဲလှဲပြုံးပြီး အဲ့လိုလေး ပြောရတာကို ကျွန်မကျင့်သားရခဲ့တယ်။ မြန်မာပြည်ပြန် ရောက်တော့ လမ်းသွားတိုင်း ကျွန်မကို ပခုံးချင်းသာ တိုက်သွားတယ်။ လှည့်တောင်မကြည့်ဘူးဗျာ...။ ရင်ထဲမှာတော့ တမျိုးကြီးပဲ။ ယဉ်ကျေးမှု အတည်အကျမရှိဘူးလို့ ပြောခဲ့တဲ့ အမေရိကားကလူတွေက Sorry လို့ ပြောချိန်မှာ ယဉ်ကျေးမှုကို ဦးတိုက်တဲ့ ကျွန်မတို့ မြန်မာလူမျိုးက ဒီစကားလေးတစ်ခွန်းကို တောင် တွန့်တိုလိုက်ကြတာ..။ တစ်နေ့လုံး အပြင်ထွက်နေတဲ့ကျွန်မ ၁၀ ခေါက်လိုက်တိုက်ခံရပြီးရင် ကျွန်မမျက်နှာ ဘယ်လို ဖြစ်နေမယ်ဆိုတာ မှန်းကြည့်လို့ရနိုင်ပါတယ်နော်။
မိုးတွေရွာနေတဲ့ တစ်ညနေခင်းမှာ အိမ်နားက အကင်ဆိုင်ကိုသွားခဲ့တယ်။ အပြန်ကျတော့ မိုးရွာတော့ ထီးဆောင်းတာပေါ့နော်။ ကျွန်မရှေ့က ကောင်လေးတစ်ယောက်က လမ်းလျှောက်နေရင်း သူ့ရှေ့မှာခံနေ တဲ့ ဓါတ်ကြိုးကို ရှောင်ဖို့ ထီးကို နောက်ကိုလှန်လိုက်တယ်ဗျာ။ ထုံးစံအတိုင်း သူ့ထီးက အချွန်လေးတွေက ကျွန်မ မျက်လုံးကို ကလော်ထုတ်သွားမတတ်။ အော် ... ဆောရီးလေးများပြောမလားလို့ မော့ကြည့်လိုက် တော့... ဘိုးတော်က နောက်တောင်လှည့်မကြည့်ဘူးရှင်။ ပုံမပျက်ဆက်လျှောက်သွားလေရဲ့။ အဲ့ဒီမှာ အရှောင်မကောင်းလို့ မျက်စိထိမိရင်တောင် သူသိမယ့်ပုံမပေါ်။ ကိုယ့်ကိုကိုယ် အတော်လေး ကျေးဇူးတင် မိတယ်။ အချင်းချင်း ကရုဏာနဲ့ စောင့်ရှောက်တတ်တဲ့ မြန်မာလူမျိုးတွေ ဘယ်ရောက်ကုန်ပါလိမ့်။ အားနာ ပြီး "မတော်လို့နော်" ပြောတတ်တဲ့ ယဉ်ကျေးမှုရော....။
နောက်တစ်ခုက service ပေးနေတဲ့ စားသောက်ဆိုင်တွေ၊ အရောင်းဆိုင်တွေ၊ ကုန်တိုက်တွေ။ ကိုယ့်ဆီလာ အားပေးတဲ့ ၀ယ်ယူသူကို "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားတစ်ခွန်းပြောရမှာကို တွန့်တိုနေပုံပဲ။ "ကျေးဇူးတင်ပါတယ်" လို့ပြောတာကို ဈေးကြီးကြီးဆိုင်တွေမှာသာတွေ့ရပါတယ်။ ပုံမှန်ဆိုင်တွေမှာဆို လုံးဝ မတွေ့ရတော့ပါဘူး။ ဥပမာဆိုရင် ရွှေဘုံသာလမ်းက ကြက်ကြော်ဆိုင်။ ကြက်ကြော်ကြိုက်တဲ့သူတိုင်း ကျွန်မပြောချင်တာ ဘယ်ဆိုင်လဲဆိုတာ သိမှာပါ။ လွန်ခဲ့တဲ့ ၂နှစ်ကျော်လောက်က ပိုက်ဆံသိမ်းတဲ့ ကောင်မလေးက ဘောက်ချာတစ်စောင်ဖြတ်ပြီးတိုင်း ကျေးဇူးတင်ပါတယ်လို့ ပြောလေ့ရှိပါတယ်။ အခုတော့ ကောင်တာမှာ စားမှာလား.. မစားဘူးလားဆိုတဲ့ မျက်နှာပေးနဲ့ ကြည့်နေတဲ့ ကောင်မလေးနဲ့ပဲ တိုးနေတော့ တာပဲ။ ကျွန်မကပဲ ကျေးဇူးတင်ပါတယ်လို့ ပြောမိပါတော့တယ်။ လမ်းဘေးဆိုင်တွေဆိုရင် ကိုယ်မှာထားတာ ကိုတောင် အရေးသိပ်မလုပ်ဘူးရှင်။ တစ်ခါကဆို အရင်တုန်းက ထိုင်နေကျ ဆိုင်တစ်ဆိုင်မှာ အအေးတစ် ခွက်မှာမိပါတယ်။ ၁၅ မိနစ်လည်းမလာ... ၃၀ မိနစ်လောက်တောင် ကြာသွားလားမသိ။ ကျွန်မရဲ့နောက်မှာ မှာထားတဲ့သူတွေတောင် ရကုန်ပြီ။ ကျွန်မက စားပွဲထိုးကောင်မလေးကို လှမ်းခေါ်တော့ အနားတောင်မလာ ဘူး။ "ရမယ် ရမယ်" နဲ့ အော်နေတော့တာပဲ။ ရမှာပါပဲလေဆိုပြီး ခဏစောင့်သေးတယ်။ မလာတော့လည်း နောက်တစ်ခေါက် ထပ်ခေါ်ရတာပေါ့။ ဘွားတော်က ဘာလုပ်တယ်ထင်ပါသလဲ။ မသိချင်ယောင်ဆောင်ပြီး ဟိုဘက်တောင် လှည့်သွားသေးတယ်။ ကျွန်မလည်း ဒေါသက ထောင်းခနဲပဲ။ ရေဆာဆာနဲ့ မှာသောက် ထားတဲ့ ရေသန့်ဗူးဖိုး ၅၀၀ ထားခဲ့ပြီး ထထွက်လာခဲ့တော့တယ်။ ကျွန်မကပဲ ပိုဇီဇာကြောင်လာတာလား.... မြန်မာပြည်ကြီးကပဲ ပြောင်းလဲနေတာလား မသိဘူးရှင်။ အများထဲကမှ တမူထူးတဲ့ ဆိုင်များလည်း ရှိကောင်းရှိမှာပါ။ ဥပမာ .. ကျွန်မ ၂လအတွင်းမှာ ၂ ခေါက်လောက်ပဲ ရောက်ဖြစ်တဲ့ Sushi ဆိုင်ဆိုရင်.. ၀င်လာတာနဲ့ "မင်္ဂလာပါ" ၊ စားပြီးထသွားတာနဲ့ "ကျေးဇူးတင်ပါတယ်" လို့ ပြောပါတယ်။ မကြားရတာ ကြာ ပြီမို့ စိတ်ကျေနပ်စွာ ပြုံးမိခဲ့သေးတယ်။
ဒီလို.. ဒီလိုနဲ့ အဆင်မပြေတာတွေ ကြုံပြီးတော့ Shopping Mall တစ်ခုပေါ်က ဂိမ်းဆိုင်မှာ အနားကပ်ပြီး ရိုက်ချင်စရာကောင်းတဲ့ ကောင်မလေးနဲ့ တွေ့ခဲ့ရပါတယ်။ အဲ့နေရာကို ကျွန်မသွားခဲပါတယ်။ လူအမြဲပြည့် နေတတ်လို့ သိပ်မသွားဖြစ်ဘူး။ အဲ့နေ့က သူငယ်ချင်းတစ်ယောက်ပါလို့ သွားဖြစ်ခဲ့တယ်။ ရောက်ရောက် ချင်းပဲ ကျွန်မ ကချင်တဲ့ ဂိမ်းစက်က အားသွားတယ်။ အလျင်အမြန်ပြေးသွားပေမယ့် ကိုယ့်ရှေ့မှာ စောင့်နေ တဲ့သူရှိတော့ ပေးလိုက်ရတယ်။ သူတို့ လေးယောက်အဖွဲ့စက ကတည်းက ကျွန်မစောင့်နေခဲ့တယ်။ ဘယ်မှ တောင်လှည့်ပတ်မကြည့်နိုင်ဘူး။ သူတို့ပြီးခါနီး ၁၅ မိနစ်လောက် အလိုကျတော့ ကျွန်မနောက်ကို အတွဲ တစ်တွဲရောက်လာတယ်။ သူတို့ကြည့်ရတာ အဲ့မှာလုပ်တဲ့သူတွေနဲ့ ရင်းနှီးသလို။ အဲ့ဒီ့အတွဲထဲက ကောင်လေးက ကျွန်မရပ်နေတဲ့ နေရာကိုကျော်ပြီး ကတဲ့ စင်ပေါ်ကို တလှမ်းတက်လိုက်တယ်။ ဟိုလေး ယောက်ကလည်း သိပ်မကတတ်တော့ မကချင်တော့တဲ့ပုံပဲ။ ဟိုအတွဲကလည်း ဘယ်နေမလဲ.... သူများ မိနစ်ကို အလကားကရတာမဟုတ်လား။ ကျွန်မ ပေးကလိုက်ပါတယ်။ တစ်ပုဒ်လည်းအပြီးကျတော့ ကောင်မလေးက ဘေးမှာ ပြေးလွှားနေတဲ့ ကလေးတစ်ယောက်နားကပ်ပြီး အကြွေစေ့ နှစ်စေ့ ပေးပြီး ထည့် ခိုင်းလိုက်တယ်။ ကျွန်မကလည်း မြင်ဖြစ်အောင် မြင်လိုက်ပါတယ်။ ကျွန်မကလည်း စိတ်တိုတိုနဲ့ သူ့ကောင်လေးကို ပခုံးပုတ်ပြီး "အမတို့ စောင့်နေတာ မိနစ်သုံးဆယ်ရှိပြီ။ အဲ့လို ကြားဖြတ်မယူပါနဲ့" လို့ပြောလိုက်တယ်။ အဲ့ဒါနဲ့ ကောင်လေးက ကောင်မလေးကို သွားပြောပါသေးတယ်။ ဟိုကောင်မလေးက ဘယ်လိုမှ ပြောမရ။ စင်ပေါ်က မဆင်းတဲ့အပြင် နောက်ကို လှည့်ပြီး တစ်ချက် ဆောရီးတောင် မပြော။ အဲ့နားမှာရှိတဲ့ အစောင့်တွေကိုပြောတော့ ကြောင်တောင်တောင်နဲ့။ သွားလည်း မပြောရဲကြဘူး။ ဒါဆို ဘာကြောင့်များ ဂိမ်း center မှာ အစောင့်တွေ ထားနေမှာလဲ။ ကချင်စိတ်လည်းမရှိတော့ပါဘူး။ ဒါပေမယ့် ဒီလို စိတ်ဓါတ်ရှိတဲ့ ကောင်မလေးကို တစ်ခုခုတော့ ပြောခဲ့ချင်မိတယ်။ အဲ့ဒါနဲ့ သူ သီချင်းတစ်ပုဒ် ကလို့ပြီးတော့ "ညီမ အမတို့ ဒီမှာစောင့်နေတာ မိနစ်သုံးဆယ်ရှိနေပြီ။ ဒီလိုတော့ ဖြတ်မယူသင့်ဘူး။ ညီမမှာ ဆုံးမမယ့် မိဘရှိရင် အနည်းဆုံးတော့ ဆောရီးလို့ ပြောသင့်ပါတယ်" လို့ပြောချလိုက်တယ်။ အဲ့တော့ သူက ဘာပြောတယ်ထင်လဲ။ "အော်... ညီမတို့က ဟိုအဖွဲ့နဲ့ အတူတူလာတယ်ထင်လို့ ဆက်ကလိုက်တယ်။ အခု ဆောရီးလို့ ပြောတယ်။ ကျေနပ်ပြီလား" တဲ့။ ပေါ်တင်ကြီး မျက်တောင်တစ်ချက်မခတ်ဘဲ လိမ်တယ်ဗျ။ ကောင်မလေးကရှိ... ၁၇ လောက်ပဲ။ မြန်မာပြည်က ခပ်ငယ်ငယ်ကောင်မလေးတွေ ဘယ်လို ပျက်ဆီးနေ တာကို နှာခေါင်းရှုံ့ပြီး ပြောသွားတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ စကားကို ပြန်ကြားယောင်မိတော့တယ်။ တကယ့် တကယ် အခုမှ လက်တွေ့တွေ့ရတော့တယ်။ ကျွန်မ ဆက်ရန်မဖြစ်ချင်တော့။ အိမ်ရောက်တော့ ထမင်းစားရင် ဒီအကြောင်းကို ဖောက်သည်ချမိပါတယ်။ အဖေက တခွန်းပဲပြောပါတယ်။ "ဒါ ဒီမှာ ရိုးနေ ပါပြီ။ ဒါမျိုးက သေးသေးလေးပဲရှိသေးတယ်" တဲ့။ ကျွန်မ အမေရိကားမှာနေခဲ့တာ ၂နှစ်။ တစ်ခါမှ ဒီလို ပါးဝခြင်းမခံရဖူး။ မြန်မာနိုင်ငံရဲ့ စံနှုန်းနဲ့ယှဉ်ရင် ကျွန်မ ခေတ်မမှီတော့ဘူး ထင်ပါရဲ့။
မြန်မာလူမျိုးတွေရဲ့ ၀တ်စားဆင်ယင်မှုက မလွန်ကြူးသေးပါဘူး။ မြန်မာလူမျိုး တစ်ချို့ တစ်ချို့ကလည်း ယဉ်ကျေး ပြူငှာကြတုန်းပါပဲ။ လမ်းပေါ်မှာ ချော်လဲသွားရင် "ဘယ်နားနာသွားလဲ" လို့ မေးမယ့်သူ ရှိနေဦး မှာပဲ။ ဒါပေမယ့် စိတ်ဓါတ် နဲ့ အကျင့်စာရိတ္တပိုင်းကိုတော့ တရုတ်ပြည်လိုမဖြစ်စေချင်။ တရုတ်ပြည်ဟာ မဟားတရားတိုးတက်ပေမယ့် လူတွေရဲ့ စည်းကမ်းရှိမှု၊ စာရိတ္တ နဲ့ စိတ်ဓါတ်ကို ဆွဲမတင်နိုင်ခဲ့ပါဘူး။ ကျွန်မတို့ မြန်မာလူမျိုးတွေ အဲ့လိုဖြစ်သွားမှာကို ကြောက်နေမိတယ်။ "ယဉ်ကျေးမှု၊ ယဉ်ကျေးမှု" လို့ ပြောနေတဲ့ လူတွေကိုလည်း ယဉ်ကျေးစေချင်တယ်။ ပါးစပ်က ဘုရား၊ ဘုရား၊ လက်က ကားယား ကားယား ဆိုတဲ့ စကားက တကယ့်ကို အလကားထားခဲ့တာမဟုတ်တာ သေချာတယ်။ "ကျေးဇူးတင်ပါတယ်" ပြော လိုက်လို့ သူတပါးအတွက် Feeling တစ်ခုဖြစ်စေမယ်ဆို ဘာလို့ တွန့်တိုနေမှာလဲ။ "ဆောရီး" တစ်ခွန်းပြော လို့ အချင်းအချင်း ပြေအေးကြမယ်ဆိုရင် ဘာလို့ ပြောဖို့ ရှက်နေမှာလဲ။ "တဆိတ်လောက်နော်" လို့ ပြောလို့ ပိုယဉ်ကျေးသွားမယ်ဆိုရင် ဘာလို့ သူတပါး နာကျင်မှုကို ဥပက္ခာပြုနေမှာလဲ။ ကိုယ်လိုချင်တာရဖို့၊ မလုပ် မဖြစ်လုပ်ရမယ့် အပေါ်ယံ ယဉ်ကျေးမှုကိုသာ ဦးတည်နေတဲ့ စိတ်ထားလေးကို ဖျောက်မယ်ဆိုရင် အပြုံး ဝေနေမယ့် ကျွန်မတို့ မြန်မာလူမျိုးတိုင်းရဲ့ မျက်နှာဟာ ပိုကျက်သရေရှိနေမှာပဲလို့ တွေးမိနေဆဲ။
nunki (နန်ကီ)
0 comments:
Post a Comment