Thursday, September 6, 2012

ကြောက်လန့်ခဲ့သော တစ်ညတာ in NYC

ညနေ၇နာ၇ီ၄၅မိနစ်မှာအတန်းယူထားလို့ ၆နာရီကျော်လောက်အိမ်ကနေထွက်ခဲ့တယ်။ အတန်း တစ်ဝက် လောက်တော့ လူကအကောင်း။ တစ်ဝတ်လောက်ကျတော့ ဗိုက်အောက်ပိုင်းကတဖြည်းဖြည်း အောင့်လာ တယ်။ အတန်းချိန်တ၀က်လောက်ရောက်တော့ Attendanceကောက်တယ်။ ပြီးတော့တစ်ချို့ သင်တန်းသား တွေက ထပြန်ကြတယ်။ ကိုယ်ကိုကိုယ်ဘာဖြစ်တယ်ဆိုတာသိတော့ ကောက်ပြန်ဖို့စဉ်းစားမိသည်။ ရုတ်တ ရက် ပရော်ဖက်ဆာက "ငါ့ရဲ့ assistant က အတန်းပြီးခါနီး တစ်ခါ Attendance ထပ်ကောက် ဦးမှာနော်။ အခု ပြန်တဲ့သူကAbsentပဲ"တဲ့။ ထိုင်ရအကောင်း ထရအကောင်း။ အတန်းမြန်မြန်ပြီးပါစေလို့ ဆုတောင်းလိုက် ရတာ အမော။ ကြာလာရင် ဒီရောဂါက ပိုဆိုးလာတော့မယ်။ အဲ့ဒါနဲ့ အားတင်းပြီး လမ်း လျှောက်ရင်း Market တစ်ခါမှာ လိုအပ်တာနဲ့ ဆေးဝင်ဝယ်လိုက်တယ်။ လမ်းမှာတင် ချက်ချင်း ဆေးသောက် လိုက်တယ်။ ဒီလိုနဲ့ ရထားပိုတက်ပြီး လိုက်လာတယ်ပေါ့။


ကျွန်မနဲ့ Canal street - dekalb ave က အရမ်းကံစပ်တာပဲ။ Canal Street ကတော့ တရုတ်တန်းမှာ ရပ်တဲ့ ဘူတာပါ။ Canal St ကနေ Dekalb ave က တခြား ဘူတာတွေထက် ကူးတဲ့လမ်းက ပိုဝေးပါတယ်။ ကြားမှာ ရထားက လုံးဝမရပ်ဘူး ဆိုပါတော့။ ဒီကြားထဲ များသောအားဖြင့် Train Traffic မိတတ်သေး။ ထိုင်ခုံက လည်းမရ။ လူတွေကလည်း တဖြည်းဖြည်းနဲ့ ကျပ်လာတယ်။ ကျွန်မ မျက်လုံးဖွင့်လို့မရအောင် မူးလာသလို ခံစားရတယ်။ ဒါ့အပြင် အရင်တစ်ခါက ဖြစ်သလိုပဲ... ဇောချွေးတွေ ပြန်လာပြီး ရင်ထဲမှာ ပျို့တက်လာတာကို မနည်းထိန်းထားရတယ်။ တအေ့ အေ့နဲ့ လေတက်တာ ဘေးလူကို တောင်အားနာလာတယ်။ ရထားဘူတာ ကို ရောက်ပါစေ၊ ရောက်ပါစေ ဆုတောင်းနေရတယ်။ ရောက်တာနဲ့ ချက်ချင်းဆင်းပြီး လက်ထဲမှာ ၀ယ်လာ တဲ့ ပစ္စည်းတွေကို ထုတ်ပြီး ပါလာတဲ့ ပလတ်စတစ်အိတ်ထဲမှာ အန်လိုက်တာ.. တဝေါ့ဝေါ့။ ထိုင်ရာကနေ တော်တော်မထနိုင်ဘူး။ ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိ။ ဒါမျိုး နာကျင်မှုတွေ၊ အန်တာတွေ ဖြစ်ဖူးပါတယ်။ များသောအားဖြင့် အိမ်မှာပဲ ဖြစ်တာများတယ်။ အိမ်မှာတောင် နာလွန်းလို့ ကျွန်မ အော်နေ၊ ငိုနေရတာ။ ဒါနဲ့ ရထားဘူတာက ထွက်ပြီး အိမ်ကို ဖုန်းဆက်ရတော့တာပေါ့။ အန်တီကို လာကြိုခိုင်းချင်ပေမယ့် သူကလည်း ဒီရက်ပိုင်း နှလုံးပြန်ဖောက်နေတယ်။ ကဲ.. ငါ ဘာလုပ်ရမလဲ။နာလွန်းလို့ မတ်တပ်တောင် ကောင်းကောင်း မရပ်နိုင်ဘူး။ ခဏ ခဏလည်း အန်နေတော့တာပဲ။ တကိုယ်လုံးက တုန်ပြီး ဇောချွေးတွေ ပြန်နေပြီ။


အဲ့ဒီ အနားမှာ ရှိတဲ့သူတွေကို ကျွန်မဘေးကနေ Taxi လေး ခေါ်ခိုင်းတာ ကျွန်မကို သူတောင်းစား တစ် ယောက်လိုပဲ သဘောထားပြီး ငြင်းကြပါတယ်။ ကျွန်မလက်ထဲမှာ ဖိုင်တစ်ဖိုင်၊ အန်ထားတဲ့ ပလတ်စတစ် တစ်လုံးနဲ့ လွယ်အိတ်ပါပါတယ်။ ကျွန်မ အဲ့ဒီ့အချိန်မှာ မိဘ၊ မောင်နှမနဲ့ အချစ်ဆုံး သူငယ်ချင်းတွေကို သတိ ရမိတယ်။ ဒီရောက်ရင် Health Insurance ၀ယ်ပါလို့ တိုက်တွန်းတဲ့ မိဘနှစ်ပါးကို စကား နားထောင်သေးတဲ့ ဒီသမီးမိုက် အခု လမ်းလယ်ခေါင်မှာ ဆေးခန်းလည်း မသွားနိုင်၊ အိပ်လည်း မပြန်နိုင်၊ ကူရာမဲ့ ဖြစ်နေပါ တယ်။ ကျွန်မရပ်ပြီး Taxi တားတဲ့ဘေးမှာ ရပ်ထားတဲ့ ကားထဲက ကောင်လေးက ကားထဲကနေ ဘာဖြစ်တာလဲ လှမ်းမေးပါတယ်။ ကျွန်မကလည်း သာမန်သူက ကူညီပေးမှာ မဟုတ်ဘူး သိတာကြောင့် ရဲတစ်ယောက် လောက် ရှာပေးပါလို့ ပြောလိုက်တယ်။ သူက ဟိုဒီ လှမ်းကြည့်ပြီး ဟိုမှာ ရဲရှိတယ်လို့ ဆိုပါတယ်။ ရဲကလည်း Spanish ဦးလေးကြီး ဖွင့်ထားတဲ့ ဆိုင်မှာ တစ်ခုခု ၀င်ဝယ်နေတာဖြစ်မယ်။ ကျွန်မ သွားအကူအညီ တောင်းတော့ သူက ဒီနားမှာ Taxi တွေ ငှားလို့ မလွယ်ဘူးတဲ့။ သူဟိုဘက်လမ်းကူးပြီး သွားငှားပေးရှာပါတယ်။ ကျွန်မလည်း ကိုယ့်အပူနဲ့ကိုယ် ငုတ်တုတ်လေးထိုင်ပြီး အန်နေ လေတော့တယ်။ ဆိုင်ရှင် ဦးလေး ကို အားနာပါတယ်။ သူက ကျွန်မကို ရေသန့်ဘူးတစ်ဘူး လှမ်းပေးတယ်။ "take.. u need it" လို့ ပြောပေး ကျွန်မကို ထိုးပေးတယ်။ ပြီးတော့ ကျွန်မကို ထိုင်ဖို့နေရာပေးတယ်။ အော်... လမ်းမှာ သွားလာနေတဲ့ ၀တ်ကောင်း စားကောင်းလူများ၊ ကားပေါ်မှာ အငြိမ့်သား ထိုင်နေတဲ့သူများမှာ ဒီ ဦးကြီးရဲ့ တ၀က်လောက် စာနာတဲ့ စိတ်ရှိရင် ဘယ်လောက် ကောင်းမလဲလို့။ ကျွန်မဆီက ရေသန့်ဖိုး ပိုက်ဆံတောင် မတောင်းဘူးဗျာ။ကျွန်မ ကျေးဇူးတင်ရုံကလွဲရင် ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ဟိုနေ့ကမှ အန်တီအသိ ဦးလေးကြီး ပြောတာကို သတိရမိတယ်။ သူရင်းနှီးနေတဲ့ ချမ်းသာတဲ့သူနဲ့ လမ်းဘေးက homeless ဆိုရင် ကိုယ်တစ်ခုခု ဖြစ်ရင် homeless က သူငယ်ချင်း အကန့်နဲ့ ကိုယ့်ကို အဆုံးစွန် ကူညီမှာတဲ့။ မှန်လိုက်တာ။ အခု ကိုယ်တွေ့ပါပဲ။ ဒါတောင် taxi driver က ကျွန်မရဲ့ လိပ်စာကို သူ့ရဲ့ GPS မှာ ရှာမတွေ့လို့ တခြားကား ငှားလိုက်ပါ ပြောနေ တယ်။ ကျွန်မမှာ မတ်တပ်တောင် သေချာမရပ်နိုင်တာ ဘယ်လိုရှာမတုန်းလို့ အော်ပစ်လိုက်တယ်။ ပြီးမှ စိတ် ပြန်လျှော့လိုက်ရတယ်။ သူက ကိုယ်မှမဟုတ်တာ။ ဘယ်ခံစားတတ်မလဲ၊ နားလည်နိုင်ပါ့မလဲလို့။

ကျွန်မ အခုအချိန်ထိ အသက်ရှိသေးတာကို ကျေးဇူးတင်ရမှာပါပဲလေ။ New York City မှာ ရှိတဲ့ စာနာစိတ် မရှိတဲ့သူများကို အပြစ်မမြင်ချင်ပါဘူး။ ကျွန်မနိုင်ငံက ကျွန်မတို့လို လူမျိုးတွေမှ မဟုတ်ဘဲလို့ တွေးမိတယ်။ ကျွန်မတို့ မြန်မာတွေ အဲ့လို မဖြစ်သွားဖို့သာ အရေးကြီးပါတယ်။ မနက်ဖြန် ကျောင်းသွားရင် Thank you Card ၂ ကတ်ဒ် ၀ယ်ပြီး ဒီနေ့ ကူညီပေးခဲ့တဲ့ ဆိုင်ကို ပြန်ရောက်အောင် သွားရဦးမယ်။ ပြောချင်ခဲ့တဲ့ ရင်ထဲက ကျေးဇူးတင်စကား သွားပြောဖြစ်ဦးမှာပါ။ အော်.... ချမ်းသာလေ အတ္တကြီးပြီး စာနာစိတ် ကင်းလေပါလား။



nunki (နန်ကီ)

2 comments:

Anonymous said...

Take care .... Nobody will take care of your health except urself.. Go and buy health insurance ASAP.

nunki said...

Thanks :) anonymous

Post a Comment

 
;