
လိမ်ညာခြင်းထဲမှာ ကိုယ့်ကိုကိုယ်လိမ်ညာခြင်းဟာ အဆိုးဆုံးပဲတဲ့။ ကျွန်မထပ်မလိမ်ချင်တော့ပါ။ "ကျွန်မ သူ့ကိုချစ်မိပြီ။" ဒီနေ့ ဟာပထမဆုံး အတိအလင်း ကြေညာရေရွတ်ပြီး မနက်ခင်းတစ်ခုကို စတင်လိုက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ သူ့ကိုချစ်မိတဲ့ကျွန်မရဲ့ခပ်နုံနုံအချစ်တွေကို နာကျင်မှုတွေနဲ့ ချေဖျက်လိုက် တော့မည်ဟုသောအတွေးက အားထုတ်စရာမလိုဘဲ ဒိုင်းခနဲဝင်လာသည်။ သူဟာကျွန်မကို နာကျင်စေ သည်။ ကျွန်မရဲ့ စိတ်ခံစားမှုကို ကစဉ့်ကလျား ဖြစ်စေသည်။ သူ ကျွန်မကို ချစ်သည်၊ မချစ်သည်ကြားမှာ ဒွိ ဟဖြစ်စေသည်။ နောက်ဆုံး ကျွန်မရဲ့ အချစ်တွေကို ရုတ်သိမ်းစေလေသည်။
တကယ်နာကျင်မှ ငိုသတဲ့လား။ ကျွန်မအနေနဲ့ကတော့ အချစ်အတွက်ငိုကြွေးခြင်းဟာ လက်ထဲမှာရှိတဲ့အ ရုပ်တစ်ခုကို လုယူခြင်းခံ ရတဲ့ကလေးနဲ့တူသည်။ တကယ့်အချစ်ဆိုတာ လုယူလို့မှမရနိုင်ဘဲ။ သူပေးတဲ့နာ ကျင်မှုဟာ ကျွန်မရဲ့စိတ်အတွက် ဒါဏ်ရာတစ်ခု ဖြစ်သည်။ ကျွန်မ နှလုံးသားအတွက် လေးလံစွာနိုးထစေတဲ့ အရာတစ်ခုဖြစ်သည်။ ကျွန်မကိုယ်တိုင်ဘယ်လိုမှအဓိပ္ပါယ်ဖော်လို့မရတဲ့ အပြုံးတစ်ခုကိုဖြစ်စေသည်။ အချစ် ဆိုတဲ့ခံစားချက်ထက် အရေးကြီးတာတွေရှိနေတာကိုသိစေသည်။ နောက်ဆုံး မမြဲတဲ့အရာကို ဆုပ်ကိုင်မနေ ဘဲ နေ့သစ်ကိုရှေ့ဆက်တိုးဖို့ အားတစ်ခုကို ပေးလေသည်။

သူ ကျွန်မကိုချစ်လား... ကျွန်မသိဖို့မလိုဟု ယူဆထားသည်။ ကျွန်မသူ့ကို ချစ် တာကိုလည်း ပြောပြဖို့မလိုဟုခံယူထားသည်။ ကျွန်မတို့ နှစ်ယောက်ရဲ့ တွေ့ဆုံ ခြင်းဟာ နှစ်ယောက်စလုံးဆုံနိုင်င်တဲ့ နှလုံးသားတံခါးပေါက်ရဲ့ အ၀င်ဝတွင်သာ ဖြစ်သည်။ သူ ဖြတ်ဝင်လာဖို့ ကျွန်မရဲ့ ခန္ဓာကိုယ်က ကာဆီးထားသလို .. ကျွန်မ တိုးဝင်သွားဖို့လည်း ပိတ်ရပ်ထားသည့် သူ့ခန္ဓာကိုယ် ရှိနေပြန်သည်။ ဒါပေမယ့် ထွက်ခွါသွားဖို့အတွက်တော့ တားဆီမှုတွေ ရှိမနေဘူးဆိုတာ သေချာသည်လေ။
nunki (နန်ကီ)
0 comments:
Post a Comment