
နင်ရောက်လာတိုင်း နယူးယော့ခ်မြို့ကြီးဟာရာသီဥတုဒါဏ်ကြောင့် လျှောက်လာလေရာလမ်းအကွေ့အချိုးတိုင်းမှာ သစ်ပင်တွေကဝေဆာမှုရပ်ဆဲပြီး ခြောက်သွ့ကာ
တစ်စတစ်စ ကြွေကျကုန်လေပြီ။ နင့်ကိုချစ်ပေမယ့် နင့်ကိုတွေ့တိုင်းငါရဲ့ခံစားချက်တွေ ခြောက်ခမ်းကုန် ရတာဘာကြောင့်လဲဆိုတာ နဖူးပေါ်လက်တင်စဉ်း စားတိုင်း အဖြေမထွက်ခဲ့ဘူးဟာ။ လှပတဲ့အချစ်တစ် ခုကို ဖန်တီးပေးခဲ့သလို သင်ခန်းစာတွေ တစ်ပုံတစ် ပင်ကြီး နာကျင်စေခဲ့တဲ့ နင့်ကို စိတ်နာရပြန်တယ်။
ဒီဇင်ဘာရာ...နင့်ကိုပြောပြချင်တာတွေများလွန်းလို့ အတွေးတွေကိုလိုက်ဖမ်းရတာအမော။ဒီဇင်ဘာဆိုတဲ့ နင့်နာမည်ကြားတိုင်း ဝှေ့တိုက်လာတဲ့လေပြေနဲ့ နှင်းဖတ်ကလေးတွေကိုအတူဒွန်တွဲမြင်လာသလို ဒီဇင်ဘာ နဲ့နာကျင်မှုကိုလည်း ငါတွဲခံစားမိလျက်သား ဖြစ်ဖြစ်သွားတယ်။ဒီနှစ်မှာတော့ငါတကိုယ်တည်းပေါ့။ စိတ်မပူ နဲ့..ငါဝမ်းမနည်းပါဘူး။ ငါချစ်တဲ့ငါ့မိသားစုနဲ့ ငါ့သူငယ်ချင်းတွေဟာ ငါ့နှလုံးသားထဲမှာအမြဲရှိသလို အတွေး ချင်းလည်းအမြဲနီးစပ်နေမှာပဲ။ တစ်ခါတစ်လေမှာ ကိုယ့်ကိုမချစ်တဲ့သူ၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကို တန်ဖိုးမထား တဲ့သူနဲ့ မှားယွင်းစွာအတူရှိနေမယ့်အစား တစ်ကိုယ်တည်းဆိုတဲ့ဝေါဟာရက ပိုပြီးလှပပါသေးတယ်။ ငါမှန် ချင်တယ်ဟာ။
ဒီဇင်ဘာရေ... နင်နဲ့မတွေ့တဲ့တစ်နှစ်အတွင်းမှာ ငါတော်တော်လေးပြောင်းလဲသွားပြီ။ အရင်လိုလူတကာ ပြောတာကိုယုံလွယ်ပြီး သတ္တိကြောင်တဲ့ကောင်မလေးမဟုတ်တော့ဘူးဟ။ ၀မ်းနည်းတိုင်းမျက်ရည်ကျတတ် တဲ့ ယုန်သူငယ်လေးမဟုတ်တော့ဘူး။ နင် ငါ့အတွက်ဂုဏ်ယူလိမ့်မယ်လို့ထင်ပါတယ်။ အခုဆိုငါလေနာကျင် မှုတွေကို ဖုံးတတ်ခဲ့ပြီ။ ကြေကွဲမှုတွေနဲ့အတူ လိုက်ပြုံးတတ်ခဲ့ပြီ။ နာကျင်ခံစားမှုအမျိုးမျိုးကိုအချိုးချရင်း ရင့် ကျက်တဲ့ကောင်မလေးတစ်ယောက်ရဲ့ ဘ၀ရုပ်လုံးကတဖြည်းဖြည်းပိုပီပြင်လာတယ်လို့ထင်ရတယ်။ "အောင် မြင်မှုဆိုတာ အားငယ်သူတွေအတွက်မဟုတ်ဘူး"ဆိုတဲ့စကားကို အထပ်ထပ်အခါခါရွတ်ရင်း ပြန်ရုံးထဖြစ် တာအကြိမ်ကြိမ်ပါပဲ။ ဒါပေမယ့်ဒီဇင်ဘာရယ်...လူတွေကနာကျင်ဖူးပြီးသားသူကို နောက်ထပ်နာကျင်အောင် လုပ်ဖို့ သိပ်ဝန်မလေး ကြသယောင် နာကျင်မှုအသစ်တွေနဲ့ထိုးနှက်ကြတယ်။ ဒီလိုနာကျင်တဲ့ဘ၀သင်ခန်း စာတွေက ငါ့ကိုပိုပြီး ရင့်ကျက်လာစေမယ်လို့ နင်ထင်လား ဒီဇင်ဘာ။ ကြေကွဲရပါတယ်ဟာ။
လွန်ခဲ့တဲ့အပတ်တွေကမှ ငါအလုပ်အသွားအပြန်ဖြတ်သွားနေကျ ပ လပ်ဖောင်းမှာ nutcrackers အရုပ်တွေကိုတွေ့ရသလို သစ်ပင်တိုင်းကို လည်းမီးသီးတွေနဲ့ထိန်ထိန် လင်းလို့။နင်နဲ့အတူ Christmas ကိုကြိုဆို နေတာမြင်ရတော့ဝမ်းသာတယ်ဟာ။ အဲ့ဒီ့ nutcrackerရုပ်ကိုငါသွား ကိုင်ကြည့်ဖူးတယ်ဟ။ ရာသီဥတုကအေးတော့ သူလည်း အေးစက် နေတာပေါ့ဟာ။ သူ့မှာငါတို့လိုတဖျတ်ဖျတ်ခုန်တတ်တဲ့နှလုံးသား သာ ရှိမယ်ဆိုရင် သူ့နှလုံးသားကနွေးထွးနေမှာပဲ။ ဘာဆိုင်လို့လဲဆိုပြီး မျက်ခုံးလေး တစ်ဖက်ပင့်ပြီး မကြည့်နဲ့လေဟာ..ရှင်းပြမှာပေါ့။ ငါကြည့် ဖူးတဲ့ကိုရီးယားကားထဲမှာ ကောင်လေးကနှင်းတွေဘယ်လောက်ပဲကျ နေပစေ။ခြေအိတ်မ၀တ်သလို ဖိနပ်လည်း ရံဖန်ရံခါမ၀တ်တတ်ဘူး။ ကောင်မလေးကမအေးဘူးလားလို့မေးတဲ့အခါ "ငါ့ခြေထောက်တွေ အေးနေမှငါ့နှလုံးသားကနွေးနေမှာ"တဲ့။ဝမ်းနည်းစရာကောင်းတာက ငါ့ခြေထောက်တွေ ဘယ်လောက်အေးနေအောင်ထားပါစေ၊ ငါ့နှလုံး သားကသူ့အတွက် အရင်လိုမနွေးထွေးတော့ဘူးဟ။ ငါသူ့ကိုတကယ် ချစ်မိပြီလို့ သေချာသွားတဲ့အချိန်မှာ သူငါ့ကိုကစားနေတယ်လို့သိလိုက်ရတဲ့ခံစားချက်မျိုး နင်နားလည်နိုင်ပါ့ မလား။ ငါ့ဘ၀မှာအနီးဆုံးလို့ခံစားယူထားတဲ့သူနဲ့ ငါ့အချစ်ဆုံးသူငယ်ချင်းတို့ရဲ့ဘာညာ ဘာညာသီတင်းကို ကြားလိုက်ရတဲ့အခါမှာ ငါဘယ်လောက်တုန်လှုပ်ခြောက်ခြားသွားမလဲဆိုတာ နင်မြင်ယောင်ကြည့်နိုင်ပါ့မ လား။ နင်သူ့ကိုသိတယ်မလား။ ၂၀၁၀နင်ရှိတုန်းက ငါ့ကိုဘယ်တော့မှနာကျင်အောင်မလုပ်ဘူးလို့ဂတိပေးခဲ့ တဲ့သူလေ။သူဆိုတဲ့သူ့ကိုငါဘယ်တုန်းကမှမဆုံခဲ့ဘူးတဲ့ လူတစ်ယောက်လိုပဲငါသူ့ကိုမသိ၊နားမလည်တော့ ဘူးဟာ...။ဒါပေမယ့် ဘာရယ်ကြောင့်မှန်းမသိ ...ငါ အေးစက်စွာ နားလည်အောင် ဆက်မကြိုးစားတော့ဘူး။ ငါသူ့ကိုအပြီးအပိုင်ကျောခိုင်းခဲ့ပြီလို့ ငါပြောရင်နင်ငါ့အတွက်ဂုဏ်ယူလေမလား..။ ဒါမှမဟုတ် destiny ကိုမ ယုံသူလို့အပြစ်တင်လေမလား။ တစ်ခါတုန်းကငါ့သူငယ်ချင်းတစ်ယောက်ကမေးဖူးတယ်ဟ..။ "အမတို့ နှစ်ယောက်စလုံးက တစ်ယောက်နဲ့ တစ်ယောက် အမိအရဖမ်းဆုပ်ထားဖို့ ဘာလို့သတ္တိမရှိကြတာလဲ"တဲ့။ ငါ့ရင်ထဲမှာနားလည်ထားတာကို ရိုးရှင်းစွာပဲ ပြောချလိုက်တယ် "ရှင်းရှင်းလေးပါပဲညီမရာ... သူ အမကို မချစ်ဘူးလေ"။ ခံစားရပါတယ်ဟာ... ဒါပေမယ့် ငါ အဆင်ပြေနေပါပြီ။
ဒီဇင်ဘာရေ... တစ်နှစ်စာကို အကျယ်ချဲ့ရင် စာမျက်နှာတွေ တောင်လိုပုံကုန်လိမ့်မယ်။ ဒါပေမယ့် Santa နဲ့ တွေ့ရင်တော့ ငါ့ရဲ့ ဆုတောင်းလေးတွေကို ပြောပြပေးပါဟာ။
မချစ်သင့်သူနဲ့ ကွေ့ကွင်းပြီး ချစ်ထိုက်သူကို အသက်မျှ ချစ်ပါရစေ။
Christmas မှာ ဆင်းရဲ ချမ်းသာမရွေး ကလေးတိုင်း လက်ဆောင်ရနိုင်ပါစေ။
၂၀၁၃ ဟာ ၁၃ ဖြစ်ပေမယ့် အားလုံးအတွက် ကံကောင်းသော နှစ်ဖြစ်ပါစေ။
See You Next Year, December
နင့်ရဲ့...
"ငါ"
0 comments:
Post a Comment