Saturday, April 6, 2013

1. Don't Sweat the Small Stuff

ဝါးးး.... Spring Break ပြီးကာစဆိုတော့ လူကနည်းနည်းတော့ လေးလံနေတုန်းပဲ။ Spring Break မှာ ကျွန်မ စာလုံးဝမရေးဖြစ် ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မစာအုပ်ကောင်းတစ်အုပ်နဲ့ အချိန်တွေကုန်နေလို့ပါ။ စာအုပ်ရဲ့ နာမည်က ခေါင်းစဉ်အတိုင်းပဲ "Don't Sweat the Small Stuff.. and it's all small stuff" ဖြစ်ပါ တယ်။ စာအုပ်ရဲ့ အနှစ်သာရကတော့ ရိုးရှင်းပြီး ထိရောက်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ စာရွက်တစ်ရွက် လှန်လိုက်တိုင်း ကျွန်မကို ပြုံးစေမိပါတယ်။ ဘာကြောင့်လဲဆိုတော့ စာရေးဆရာပြော သွားတဲ့ ကိစ္စလေးတွေ က တကယ်အသေးအမွှားလေးတွေ၊ ဒါပေမယ့် ကျွန်မတို့ သတိလက်လွတ်နဲ့ စိတ်အပင်ပန်းခံပြီး ကိုယ့်ကို ကိုယ် နှိပ်စက်နေတဲ့ အခိုက်အတန့်လေးတွေကို ပြောပြထားတာပါ။ စာမျက်နှာ တစ်မျက်နှာလှန်တိုင်း ချစ်ခြင်း၊ နားလည်ခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ လျစ်လျူရှုခြင်းစတဲ့ ရသတွေအများကြီးကိုပေးပါတယ်။ ဒါကြောင့် အားလုံးနဲ့ရှဲချင်လို့ ဘာသာပြန်ဖို့ ကြိုးစားလိုက်ရပါတယ်။ Professional မဟုတ်ပေမယ့် အကောင်း ဆုံး အထိရောက်ဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ခေါင်း စဉ်ကလည်း ၁၀၀ခု ရှိတာကြောင့် ဖြည်းဖြည်း အချိန်ယူသွားရမှာကြောင့် အမြဲ update မဖြစ်ခဲ့ရင် ကြိုတောင်းပန်ပါရစေ။ ကျေးဇူးတင်ပါတယ်။ 





1. Don't Sweat the Small Stuff

သိပ်အရေးမကြီးတဲ့ကိစ္စကို အတွင်းကျကျစီစဉ်ပြီး ကျွန်မတို့ မကြာခဏ ကိုယ့်ကို ကိုယ်ပင်ပန်းအောင်ဖိအားပေးတတ်ကြပါတယ်။ ပြဿနာသေးသေးလေးကို အ တင်းအာရုံစိုက်ပြီး တကယ်အခြေအနေထက် ပိုဆိုးနေသလို ပူပန်တတ်ကြပါ တယ်။ ဥပမာဆိုရင် ကားလမ်းတွေပိတ်နေတဲ့အချိန်မှာ သူစိမ်းတစ်ယောက်ကအ တင်းကြားဖြတ်လာတယ်ဆိုပါတော့။ မကြာခဏကြုံဖူးတယ်ဟုတ်? တကယ် တမ်းဆိုရင် အရေးမကြီးတာကို မျက်ကွယ်ပြုပြီး ကျွန်မတို့ရဲ့ တစ်နေ့တာကို စိတ် ကြည်ကြည်လင်လင်နဲ့ ဖြတ်သန်းရမယ့်အစား အသေးအဖွဲလေးအတွက် ဒေါသ တွေနဲ့ ကိုယ့်ကိုကိုယ် နှိပ်စက်ကြလေ့ရှိတယ်။ ဒါ့အပြင် ဘယ်လို ဘယ်ပုံ ရင်ဆိုင် ဖြေရှင်းလိုက်ချင်တယ်ဆိုတာမျိုးကိုaတွးတောနေတတ်သေးတယ်။ ဒီလို အသေး အဖွဲကိစ္စလေးတွေကို လျစ်လျူရှုရမယ့်အစား ဘာဖြစ်ခဲ့တယ်ဆိုတာကို တခြား တစ်ယောက်ကိုရင်ဖွင့်ရင်း ကိုယ့်ကိုကိုယ်ပင်ပန်းစေပြန်တယ်။ ဒီလိုရမ်းရမ်းကား ကား ကားမောင်းတတ်တဲ့သူကို သူ့ဘာသာသူ တကွေ့ကွေ့မှာ သင်ခန်းစာယူပါ စေလား။ အဲ့လိုအရမ်းအလျင်လိုနေတဲ့သူ့ရဲ့ ရင်ထဲကနာကျင်ပင်ပန်းမှုတွေ ကို သတိပြုစာနာကြည့်နိုင်အောင် ကြိုးစားပါ။ ဒီနည်းအားဖြင့် ကျွန်မတို့ ကိုယ့်ကိုကိုယ် စိတ်ကျေနပ်မှု ပေးနိုင်တဲ့အပြင် တဖက်သူရဲ့ကိုယ်ရေးကိုယ်တာပြဿနာကိုဝင် ရောက်ခံစားနေခြင်းကနေလည်း ရှောင်ရှားနိုင်တာပေါ့။ ဒီဥပမာလို ကိစ္စအသေးအဖွဲလေးပေါင်းများစွာကို နေ့စဉ်နေ့တိုင်း ကျွန်မ တို့တွေ့ကြုံ နေရပါတယ်။ တစ်ခုခုအတွက် တန်းစီစောင့်ရတဲ့အခါ၊ မမျှတတဲ့ဝေဖန်မှုမျိုးကို ကြားရတဲ့အခါ၊ ဒါမှမဟုတ် အလုပ်တွေ တပိုးတနင့်ကြီး ပေးခြင်းခံရတဲ့အခါမျိုးတွေမှာ အဲ့ဒါတွေကို အသေးအဖွဲလေးတွေအဖြစ် သဘောထားပြီး မစိုးရိမ်တတ်အောင် လေ့ကျင်နိုင်မယ်ဆိုရင် အကျိုးအများကြီးရှိနိုင်ပါတယ်။ အခုဆိုရင် (ကျွန်မ အပါအ၀င်) လူတွေတော်တော်များများက သူတို့ရဲ့ စွမ်းအင်တွေကို "Sweat the small stuff" လုပ်နေကြတော့ ဘ၀ရဲ့ ချိုမြန်လှပမှုတွေကို ခံစားဖို့လုံးဝမေ့နေကြတယ်။ ကျွန်မတို့ အသေးအဖွဲလေးတွကို sweat ဖြစ်မနေတော့ဘူးဆိုရင် ပိုပြီး ညင်သာနူးညံ့ပြီး ကြင်နာတတ်ဖို့ ပိုအားစိုက်ထုတ်လို့ရနိုင်ပါတယ်။

("Don't Sweat The Small Stuff .. and It's All Small Stuff" by Richard Carlson. Ph.D)

nunki (နန်ကီ)

0 comments:

Post a Comment

 
;