Thursday, April 11, 2013

To my two lovely sisters




သို့...


ကျွန်မရဲ့ ချစ်အမနှစ်ယောက်...


ဒီစာက ကျွန်မရဲ့ပထမဆုံး Heartfelt letter ဖြစ်ပါလိမ့်မယ်။ လူတစ်ယောက်ဟာ တစ်နှစ်အတွင်းမှာ အများ ကြီးပြောင်းလဲသွားနိုင်သလို သူ့ရဲ့ပတ်ဝန်းကျင်မှာ ဆက်ဆံနေရတဲ့သူတွေလည်းပြောင်းလဲသွားနိုင်ပါတယ်။ ပိုရင့်ကျက်လာနိုင်သလိုပိုဆုတ်ယုတ်သွားနိုင်ပါတယ်။ 
ကျွန်မပြောချင်တဲ့ အဓိကအချက်ကတော့ ကျွန်မပိုရင့်ကျက်လာအောင် စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာအောင်လုပ်ပေးနေတဲ့ချစ်အစ်မကိုပြော ချင်တာလေးတွေကို ဒီစာကနေတဆင့် ပြောလိုက်ရတာပါ။မရင့်ကျက် တဲ့သူဟာလူတစ်ယာက်ကိုသေချာ မသိသေးခင်မှာ ဝေဖန်တတ်ကြပါ တယ်။ အဲ့ဒီ့အထဲမှာ ကျွန်မလည်းပါခဲ့တာကြောင့် အမတို့နှစ်ယောက်ကို ကြိုတောင်းပန်ပါရစေ။နာမည်အတိအကျဖော် ပြဖို့ ခွင့်မတောင်းရသေး တာကြောင့် A နဲ့ B ပဲထားပါ တော့။


အမ A ရေ....
အမကို စစချင်းတွေ့တုန်း ခင်မင်တုန်းက စိတ်ဓါတ်ပျော့ညံ့တဲ့သူလို့ ထင်ခဲ့မိတယ်။ အမက အိမ်လွမ်းလို့ စိတ်ညစ်တယ်ဆိုတော့ ငါလည်းလွမ်းတာပဲ... ဒါကိုများ အကျယ်ချဲ့စိတ်ညစ်နေရတာလို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် တဖြည်းဖြည်းအမရဲ့ အိမ်တွင်းရေး တစ်စွန်းတစ်စကို သိလိုက်ရတော့အမရဲ့ အိမ်လွမ်းတဲ့ခံစားချက် ကို နားလည်လာခဲ့တယ်။ စာရေးဆရာ Richard Carlson ပြောတဲ့စကားက အတော်မှန်တာပဲ။ လူတစ် ယောက် ကောင်းသည်၊ ဆိုးသည်ပြုမူတဲ့ အပြောအဆို၊ အပြုအမူတိုင်းရဲ့နောက်မှာ အကြောင်းပြချက်ဆိုတာ ရှိတယ်တဲ့။ အဲ့ဒါကို မြင်အောင်ကြည့်တတ်ရင် ကိုယ်ချင်းစာ နားလည်၊ ခွင့်လွှတ်တတ်လာလိမ့်မယ်တဲ့။ တကယ်တော့ အမဟာ စိတ်ဓါတ်ခိုင်မာပြီး စိတ်ထားနူးညံ့သူဖြစ်ပါတယ်။ တဖက်သားကိုနားလည်ပြီး ခွင့်လွှတ် တတ်သူလည်း ဖြစ်တယ်။ ကျွန်မအမှားတစ်ခုလုပ်တိုင်း ဘေးကနေ အကြံဥာဏ်ပေးတတ်ပါတယ်။ ကျွန်မလဲ ကျတဲ့ အချိန်တွေတိုင်းမှာ ကျွန်မကို စိတ်ဓါတ်ခိုင်မာလာအောင် အားပေးတယ်။ အမြင်မတော်တာ တွေ့ရင် လည်း "ညီမ စိတ်မဆိုးနဲ့နော်" ဟု စကားပလ္လင်ခံပြီး မသင့်တော်တာတွေကို ထောက်ပြတတ်တယ်။ ကျွန်မ ဘေးမှာကျွန်မကို တရိပ်ရိပ်ကြည့်ပြီး ကျွန်မရဲ့ ပျော်ရွှင်၊ ၀မ်းနည်းမှုတွေကို မျှဝေခံစားတတ်သေး တယ်။ ကြက်တူရွေးလို မရပ်တမ်းစကားပြောတဲ့အခါမှာ ခေါင်းတစ်ညိတ်ညိတ်နဲ့ စိတ်ရှည်လက်ရှည် နား ထောင်ပေးတတ်သေးတယ်။ ပိုက်ဆံစုတတ်လာအောင် သင်ပေးတဲ့အပြင် ပေါင်မုန့်နဲ့ ကိတ်မုန့်ကြိုက်လာ အောင်လည်း လုပ်ပါသေးတယ်။ ဘုရားတရားကိုလည် စိတ်ပါအောင် သွန်သင်တတ်သေးတယ်။ ကျွန်မ ဖုန်းခေါ်ပြီး တဗြဲ ဗြဲငိုတဲ့အခါမှာလည်း စိတ် ရှည်ရှည်နဲ့ နာကျင်တာတွေသက်သာအောင် အားပေးနှစ်သိမ့် တတ်သေးတယ်။ Negative ဖြစ်တဲ့လူတွေကြားမှာ ဒီလို အမြဲအား ပေးတဲ့အမတစ်ယောက်ရတာ ကျွန်မအ ရမ်းကံကောင်းပါတယ်။ ကျွန်မမှာ ဘယ်လိုဆိုးတဲ့နေ့ရက်တွေရှိနေရှိနေ အမဟာ ကျွန်မ အတွက်အမြဲရှိနေ မယ်ဆိုတာသိနေပါတယ်။ ချစ်လည်းချစ် ကျေးဇူးလည်းတင်ပါတယ်။ ဒီလို ကျွန်မရဲ့ အစွန်းရောက် ပွင့်လင်း မှုကို မငြိုမငြင်ဘေးမှာရှိနေတဲ့အတွက် တကယ်အမတစ်ယောက်လို ကျွန်မချစ်ရပါတယ်။ အမရဲ့ အားပေး ဖေးကူမှုတွေကြောင့် အခု ဆိုရင် ပိုစိတ်ရှည်ပြီး လဲကျတိုင်းပြန်ထနိုင်လာပါပြီ။ 

အမ B ရေ...
အမနဲ့ သေချာမရင်းနှီးသေးခင်မှာ တခြားသူတွေပြောတဲ့ အမအကြောင်းကို နားထောင်ပြီး အမနဲ့ ခင်မင်ဖို့ နည်းနည်းတွန့်ဆုတ် နေခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း အမနဲ့ရင်းနှီးလာတော့ အမဟာ ပွင့်လင်းပြီး ကူညီ တတ်တဲ့သူတစ်ယောက်ပါလားဆိုတာ သိလာရတယ်။ တစ်ခါတစ်လေ ပွင့်လင်းတာကို လူတွေက Bitch ဖြစ်တယ်လို့ပြောမယ်ဆိုရင်... အမရေ... ကျွန်မလည်း အမလို ပဲ Bitch ဖြစ်ပါလိမ့်မယ်။ အမဟာ သူတစ် ဖက်သားရဲ့ခံစားချက်ကို နားလည်တတ်ပြီး ဘယ်လိုအားပေးရမလဲဆိုတာ စဉ်းစား နေတတ်သူပါ။ ပထမဆုံး ကျွန်မရဲ့ မျက်ရည်တွေကို လူမမြင်အောင်ကာကွယ်ပေးတတ်သူဖြစ်ပါတယ်။ ကျွန်မစိတ်ညစ်နေတဲ့အ ချိန် တွေမှာ ပျော်ရွှင်လာအောင် အားပေးကူညီပေးတတ်ပြီး ဘယ်တော့မှ credit မယူ၊ ဂုဏ်ဖော်မပြောတတ်သူ ဖြစ်ပါတယ်။ သူမဂရုစိုက်တဲ့သူ၊ ချစ်ခင်သူအတွက်ဆိုရင် ရှေ့ကနေရပ်ပြီး ကာကွယ်ပေးမယ့်သူမျိုးဖြစ်ပါ တယ်။ မဟုတ်မခံတဲ့စိတ်ကလေး အမရဲ့ ချစ်စရာကောင်းတဲ့စိတ်ကလေးတစ်ခုပါ။ အမဟာ ကိုယ့်ကိုကိုယ့်ယုံ ကြည်မှု အပြည့်ရှိသူဖြစ်ပြီး စိတ်ဓါတ်လည်းခိုင်မာသူ ဖြစ်တယ်။ အမနဲ့စကားပြောလိုက်တိုင်း ပြဿနာတစ် ခု အတွက် အဖြေတစ်ခု၊ စိတ်မချမ်းသာစရာ အခြေအနေတစ်ခုအတွက် စိတ်သက်သာရရာမှုတစ်ခုဆိုတာ အမြဲ ရှိနေပါတယ်။ "ရုပ်ချောဖို့မလိုဘူး၊ နှလုံးသားလှဖို့ပဲလိုတယ်" လို့ခဏခဏလည်းပြော တတ်တဲ့သူ ဖစ်ပါတယ်။ ဒီအမက အမ A လိုပဲ ကျွန်မငိုပြီး တိုင်တောတာတွေကို စိတ်ရှည်လက်ရှည်နားထောင်ပြီး ကျွန်မနဲ့ ထပ် တူ ထပ်မျှ ဒေါသထွက်ပေးတတ်သူဖြစ်ပါတယ်။ ကျွန်မနဲ့ ပတ်ဝန်းကျင်မပြောနဲ့၊ ကျွန်မနဲ့ ကျွန်မချစ်သူတို့ ရန်ဖြစ် ရင်တောင် သူမသူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်တဲ့ ကျွန်မချစ်သူကိုပစ်ပြီး ကျွန်မဘက်ကအမြဲရှိနေမှာတဲ့။ ဒီလိုချစ်စရာကောင်းတဲ့အမမျိုး တွေရတာ ဒီနှစ်အတွက် ခရစ်စမတ်ဘိုးဘိုး ကပေးတဲ့လက်ဆောင်ပဲဖြစ်ပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ် အမ။ ချစ်လည်းချစ်တယ်။ 

ဒီစာကနေတစ်ဆင့်ပြောချင်တာကတော့ အမတို့ဟာ ကျွန်မချစ်ရတဲ့ သူငယ်ချင်းတွေဆိုလည်းဟုတ်၊ အမ တွေဆိုလည်းဟုတ်ပါ တယ်။ ဒီတော့ အမတို့ အဆင်မပြေတဲ့အချိန်တိုင်း စိတ်ညစ်တဲ့အချိန်တိုင်းမှာ ကျွန်မ ဘေးမှာရှိပေးနေချင်ပါတယ်။ ထပ်တူထပ်မျှ ခံစားပေးချင်ပါတယ်။ မပြေလည်တာတွေများတဲ့ ပတ်ဝန်းကျင် မှာ အမတို့နဲ့ အမှတ်မထင်တွေ့ခဲ့တယ်ဆိုပေမယ့် အမတို့နဲ့ ခင်မင် ခွင့်ရခြင်းဟာ အဆိုးတွေထဲက တန်ဖိုးအ ရှိဆုံး အကောင်းတစ်ခုပါ။ မီးသွေးခဲတွေထဲက စိန်နှစ်လုံးကောက်ရလိုက်သလိုပေါ့။ 

Thank you and Love you. :)

Sincerely,
nunki (နန်ကီ)

0 comments:

Post a Comment

 
;