ဒီစာကြောင်းလေးကို ခဏခဏမြင်ဖူးကြမယ်ထင်ပါတယ်။ ကျွန်မ အရမ်းကြိုက်တဲ့ quoteတွေထဲက တစ်ခုပေါ့။ ကျွန်မလည်း တစ်သက်မှာတစ်ခါ not smart enough ဖြစ်ခဲ့ဖူးပါတယ်။ ဘာမှပြန်မရလည်း ပေးနေရရင်ပြီးရောဆိုပြီး ကျွန်မအပေါ်မကောင်း လည်း အနားမှာရှိနေရရင် ပျော်တာပဲလို့ထင်ပြီး အချိန်တွေဖြုန်းခဲ့ဖူးပါတယ်။ တစ်ကယ်တမ်းကျတော့ အဲ့ဒါက အချစ်မဟုတ်ပါ ဘူး။ ငယ်ရွယ်တဲ့အလျောက် စိတ်ကူးယဉ်ပြီး ခံစားနေချင်တဲ့ အပေါ်ယံစိတ်ဆန္ဒတစ်ခုသာဖြစ်ပါတယ်။ ကိုယ့်ကိုအသိမှတ်မပြု၊ တန်ဖိုးမထားတတ်တဲ့သူအတွက် ပေးခဲ့တဲ့အချိန်တွေ၊ အားစိုက်ထုတ်ခဲ့တာတွေကို ပြန်စဉ်းစားတိုင်းနှမြောသလိုတော့ရှိသား။ ဒါပေမယ့် အဲ့ထဲက ကျွန်မ သင်ခန်းစာတွေရခဲ့ပါတယ်။ မှားယွင်းခဲ့တဲ့အတိတ်ဆိုတာမရှိရင် ဒီနေ့ ဒီအချိန်မှာ ရပ်တည်နေတဲ့ ကျွန်မဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။ တစ်ခါတလေတော့လည်း ကျွန်မကိုနာကျင်အောင်လုပ်ခဲ့သူ၊ ရှုံ့ချဆက်ဆံခဲ့သူတွေကို တော့ ကျေးဇူးတင်မိပါတယ်။ သူတို့ကြောင့်ပဲ ကျွန်မကို တကယ်တန်ဖိုးထားတဲ့သူကို ပြန်တန်ဖိုးထား နားလည်တတ်လာတာပါ။ ဒါပေမယ့် အရေးကြီးတာက ကိုယ့်ကိုအသိမှတ်မပြု၊ တန်ဖိုးမထားတဲ့သူရဲ့လက်ထဲမှာ ကိုယ့်တစ်ဘ၀လုံးကို မြှုပ်နှံမထားဖို့ပါပဲ။
လူဆိုတာ ပြောင်းလဲတတ်တဲ့အမျိုးပါ။ ကောင်းတဲ့ဘက်ကို ပြောင်းလဲသွားတာရှိသလို မကောင်းတဲ့လူတစ်ယောက်လည်း ဖြစ် သွားနိုင်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကျွန်မနဲ့ အခုလက်ရှိဖြစ်နေတဲ့ ကျွန်မ တူချင်မှတောင်တူတော့မယ်။ ဒါပေမယ့် ပြောင်း လဲမှုဆိုတာ အလိုလိုနေရင်း ဖြစ်လာတာမဟုတ်ပါဘူး။ သင်ချစ်ရတဲ့သူက jerk ဖြစ်နေလို့ တစ်ချိန်မှာပြောင်းလဲသွားမှာပဲဆိုပြီး ထိုင်စောင့်နေရင် ၈၀ ရာခိုင်နှုန်းက သင်သာဆံပင်ဖြူ၊ သွားကျိုးသွားလိမ့်မယ်၊ သူကတော့ ဒီအတိုင်းရှိနေလိမ့်မယ်။ "ငါ့ကြောင့် သူပြောင်းလဲသွားမှာပါလေ" လို့ထင်နေရင် သင့်ကိုယ်သင် သိပ်အထင်ကြီးလွန်းတယ်လို့ မသက်မညှာပြောပါရစေ။
လူတစ် ယောက်ရဲ့အကျင့်ဟာ သင်ခန်းစာတစ်ခုမရဘဲ ဘ၀တစ်ကွေ့ကိုချိုးကွေ့သွားဖို့ဆိုတာ သိပ်ထက်မြက်တဲ့ယောင်္ကျားတိုင်းမှာ တောင်မဖြစ်နိုင်ပါဘူး။ ဆိုလိုတာက တကယ်လို့ သင့်ရဲ့ချစ်သူက သင့်ကို တန်ဖိုးမထားဘဲ ဖြတ်လိုက် ဆက်လိုက်လုပ်နေတယ် ဆိုပါတော့။ ပြတ်သွားပြီး လအနည်းငယ်ကြာတော့ ချစ်ပါသေးတယ်။ သတိအမြဲရနေတာပါဆိုပြီး ပြန်လာရင် ဘယ်မိန်းကလေးမ ဆို လက်ခံတတ်ကြပါတယ်။ မိန်းကလေးဆို သဘောထားကြီးပြီး အလွယ်တကူခွင့်လွှတ်တတ်တဲ့အမျိုးပါ။ ဒါပေမယ့် ကျွန်မတို့ သူ့ဘက်က တစ်ခုခုအားထုတ်တာကို မစောင့်သင့်ဘူးလား? လျှာရိုးမရှိတိုင်းပြောတယ်ဆိုတဲ့ စကားအတိုင်း အပေါ်ယံလေချို လေးနဲ့လာတာကို လက်ခံမှာလား? ဒါဆို သင်မှားသွားမှာပေါ့။ ကျွန်မရဲ့အတွေ့အကြုံအရကတော့ အဆင်မပြေ၊ စိတ်ထားချင်းမ တိုက်ဆိုင်လို့ ပြတ်သွားကြပြီဆိုမှတော့ နောက်တစ်ခါပြန်အစဉ်ပြေဖို့ ရာခိုင်နှုန်းကနည်းပါတယ်။ ကျွန်မကိုနာကျင်အောင်လုပ် သွားတဲ့သူဆိုရင် ရာခိုင်နှုန်းက မရှိသလောက်နည်းသွားတယ်။ နာကျင်မှုတိုင်းက ဘ၀ရဲ့သင်ခန်းစာတွေပါပဲ။ ဒီတော့ သူ့ကို လည်း သင်ခန်းစာနဲ့အတူ ပြောင်းလဲပါစေလား။ ဒါမှ သင့်ရဲ့တန်ဖိုးကို သူနားလည်လာမှာပေါ့။ ကိုယ့်တန်ဖိုးကို ကိုယ်လျော့မချဘဲ သူမြင်လာအောင် လုပ်ရမှာပါ။

နောက်တစ်ခါ တွေ့လာရတာက ယောင်္ကျားလေးတွေက မိန်းကလေးတွေကိုချစ်တယ်ပြောပြီး လူရှေ့မှာထုတ်မပြရဲတဲ့ အခြေအ နေတစ်ခုပါ။ ဘာလဲ... တိတ်တိတ်ပုန်းရည်းစားလား? တိတ်တိတ်ပုန်းရအောင် သင်တို့နှစ်ယောက်ရဲ့အသက်က ၁၄နှစ်၊ ၁၅နှစ် လား? ကိုယ့်ကို သူ့ရည်းစားပါလို့ လူတကာမဟုတ်ရင်တောင် သူ့သူငယ်ချင်းတွေကိုအသိမခံရဲဘူးဆိုရင် သူဟာ သင့်အတွက် အကောင်းဆုံးသူမဟုတ်သေးပါဘူး။ ဒါကို သင်လက်ခံနေတယ်ဆိုရင် သင်ကိုယ့်တန်ဖိုးကို ကိုယ်ဆွဲချနေတာနဲ့အတူတူပါပဲ။ အဲ့တော့ သူက သင့်ကို တန်ဖိုးမထားပါလားလို့ အံ့သြစရာမလိုတော့ဘူးလေ။ ကျွန်မ ကိုယ်တိုင်လည်း အဲ့အခြေအနေကိုရောက် ခဲ့ဖူးပါတယ်။ ကိုယ့်ကိုကိုယ် အဲ့လိုအခြေအနေကနေ ပြန်ဆွဲထုတ်ဖို့ ၂နှစ်နီးပါးအချိန်ပေးလိုက်ရပါတယ်။ ကျွန်မရည်စားကို ကျွန်မ လူသိမခံဘူးဆိုရင် အကြောင်းအရင်းက နှစ်ချက်ပဲရှိတယ်။ ၁။ တကယ်မချစ်လို့ ၂။ လူရှေ့ထုတ်ပြရလောက်အောင် good enough မဖြစ်လို့။ အခုပြောမယ့် စကားကို ယောင်္ကျားလေးများဖတ်မိရင် သဘောကျမှာမဟုတ်ဘူး။ ဒါပေမယ့် Girls... let me tell u this. သင့်ကိုအဲ့လိုလုပ်နေတဲ့ ယောင်္ကျားလေးက သင့်ထက်ဘယ်လောက်သာနေလဲ? သင်က လူရှေ့မှာထုတ်မပြရဲ လောက်အောင် နိမ့်ကျနေလို့လား? မနိမ့်ကျဘူးဆိုရင် အဲ့လိုလုပ်တတ်တဲ့ ယောင်္ကျားမျိုးဟာ insecure ဖြစ်နေပြီး အဖြစ်မရှိတဲ့ ယောင်္ကျားတွေပဲဖြစ်လိမ့်မယ်။ ကိုယ့်မိဘက ကိုယ့်ကို တန်ဖိုးရှိပြီး ထက်မြက်အောင် ပညာတွေသင်ပေးထားတာ ဒီလိုယော င်္ကျားတွေဆီမှာ အညံခံ အရှုံးပေးဖို့မဟုတ်ဘူး။ ဟုတ်တယ်... ချစ်ရဲ့သားနဲ့ လမ်းခွဲလိုက်ရရင် နာကျင်တယ်။ ဒါပေမယ့် ရည်းစား ရှိပြီး single ပါလို့ ဟန်ဆောင်ပြောပြီး နာကျင်နေရတာထက်စာရင် သတ္တိရှိရှိကျောခိုင်းပြီး အခန်းပိတ်ပြီး အော်ငိုလိုက်။ ဘယ်လောက်ငိုကြွေး ခံစား ကြေကွဲနေနိုင်မှာလဲ။ အလွန်ဆုံး ၃လပေါ့။ ကိုယ့်အပေါ်မကောင်းတဲ့သူကို သတ္တိရှိရှိကျောခိုင်းနိုင်မှ သင့်အတွက် နောက်တစ်ယောက်ဆိုတာရှိလာမှာ။ ဥပမာ သရက်သီးအပုပ်ကိုလက်မလွတ်နိုင်ဘဲရှိနေရင် အဝေးမှာမြင်ရတဲ့ ၀င်းဝါပြီး မှည့်နေတဲ့သရက်သီးကို ကောက်ကိုင်နိုင်မှာမဟုတ်ဘူး။ ဒီလိုပဲ သင့်ကို တကယ်တန်ဖိုးထားတဲ့သူကိုတွေ့ဖို့ မလိုအပ်တဲ့ အမှိုက်တွေကို လွှတ်ပစ်ဖို့ သတ္တိရှိပါစေ။
သိပ်သိသိပ်တတ်လွန်းလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မ အချိန်တွေကုန်ခဲ့သလို မိန်းကလေးတွေကို မဖြစ်စေချင်လို့ပါ။ အနာခံမှ အသာစံရမယ်ဆိုတဲ့စကားကို ဒီမှာမသုံးချင်ပါဘူး။ ဒါပေမယ့် ကျွန်မအတွက်ကတော့ အဲ့အတိုင်းပါပဲ။ ပုပ်နေတဲ့ သရက်သီးတွေကို လွှတ်ပစ်ခဲ့လို့ တကယ်ချိုမြိန်တဲ့ သရက်သီးရဲ့အရသာကို ကျွန်မသိလာခဲ့ရပြီ။ အဲ့ဒီ ပုပ်နေတဲ့သရက်သီးက ယိုထိုးလို့ စားကောင်းလာပြီဆိုရင်တောင် ကျွန်မလွှတ်ပစ်ခဲ့တဲ့အတွက် နောင်တရမှာမဟုတ်ပါဘူး။း) ကံကောင်းကြပါစေ။
nunki
0 comments:
Post a Comment