ဒီစာကြောင်းလေးကို ခဏခဏမြင်ဖူးကြမယ်ထင်ပါတယ်။ ကျွန်မ အရမ်းကြိုက်တဲ့ quoteတွေထဲက တစ်ခုပေါ့။ ကျွန်မလည်း တစ်သက်မှာတစ်ခါ not smart enough ဖြစ်ခဲ့ဖူးပါတယ်။ ဘာမှပြန်မရလည်း ပေးနေရရင်ပြီးရောဆိုပြီး ကျွန်မအပေါ်မကောင်း လည်း အနားမှာရှိနေရရင် ပျော်တာပဲလို့ထင်ပြီး အချိန်တွေဖြုန်းခဲ့ဖူးပါတယ်။ တစ်ကယ်တမ်းကျတော့ အဲ့ဒါက အချစ်မဟုတ်ပါ ဘူး။ ငယ်ရွယ်တဲ့အလျောက် စိတ်ကူးယဉ်ပြီး ခံစားနေချင်တဲ့ အပေါ်ယံစိတ်ဆန္ဒတစ်ခုသာဖြစ်ပါတယ်။ ကိုယ့်ကိုအသိမှတ်မပြု၊ တန်ဖိုးမထားတတ်တဲ့သူအတွက် ပေးခဲ့တဲ့အချိန်တွေ၊ အားစိုက်ထုတ်ခဲ့တာတွေကို ပြန်စဉ်းစားတိုင်းနှမြောသလိုတော့ရှိသား။ ဒါပေမယ့် အဲ့ထဲက ကျွန်မ သင်ခန်းစာတွေရခဲ့ပါတယ်။ မှားယွင်းခဲ့တဲ့အတိတ်ဆိုတာမရှိရင် ဒီနေ့ ဒီအချိန်မှာ ရပ်တည်နေတဲ့ ကျွန်မဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။ တစ်ခါတလေတော့လည်း ကျွန်မကိုနာကျင်အောင်လုပ်ခဲ့သူ၊ ရှုံ့ချဆက်ဆံခဲ့သူတွေကို တော့ ကျေးဇူးတင်မိပါတယ်။ သူတို့ကြောင့်ပဲ ကျွန်မကို တကယ်တန်ဖိုးထားတဲ့သူကို ပြန်တန်ဖိုးထား နားလည်တတ်လာတာပါ။ ဒါပေမယ့် အရေးကြီးတာက ကိုယ့်ကိုအသိမှတ်မပြု၊ တန်ဖိုးမထားတဲ့သူရဲ့လက်ထဲမှာ ကိုယ့်တစ်ဘ၀လုံးကို မြှုပ်နှံမထားဖို့ပါပဲ။
လူဆိုတာ ပြောင်းလဲတတ်တဲ့အမျိုးပါ။ ကောင်းတဲ့ဘက်ကို ပြောင်းလဲသွားတာရှိသလို မကောင်းတဲ့လူတစ်ယောက်လည်း ဖြစ် သွားနိုင်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကျွန်မနဲ့ အခုလက်ရှိဖြစ်နေတဲ့ ကျွန်မ တူချင်မှတောင်တူတော့မယ်။ ဒါပေမယ့် ပြောင်း လဲမှုဆိုတာ အလိုလိုနေရင်း ဖြစ်လာတာမဟုတ်ပါဘူး။ သင်ချစ်ရတဲ့သူက jerk ဖြစ်နေလို့ တစ်ချိန်မှာပြောင်းလဲသွားမှာပဲဆိုပြီး ထိုင်စောင့်နေရင် ၈၀ ရာခိုင်နှုန်းက သင်သာဆံပင်ဖြူ၊ သွားကျိုးသွားလိမ့်မယ်၊ သူကတော့ ဒီအတိုင်းရှိနေလိမ့်မယ်။ "ငါ့ကြောင့် သူပြောင်းလဲသွားမှာပါလေ" လို့ထင်နေရင် သင့်ကိုယ်သင် သိပ်အထင်ကြီးလွန်းတယ်လို့ မသက်မညှာပြောပါရစေ။