ဘ၀မှာတန်ဖိုးထားတဲ့အရာနဲ့ လိုချင်တာအရာ ထပ်တူမကျရင် သင်ဘာလုပ်လေ့ရှိပါသလဲ။ နှစ်ခုထဲက တစ်ခု ရွေးရမယ်ဆိုရင် ပိုလို့တောင် ခက်ပါသေးတယ်။ ဒါ့အပြင် လိုချင်တာနဲ့ ဖြစ်လာတာနဲ့ ထပ်တူမကျ တာလည်း ရှိသေးတယ်။ ခက်ပါတယ်... ဘ၀ဆိုတာ...
ကျွန်မမှာ မှတ်မှတ်ရရ ဂါဝန်နှစ်ထည် ရှိခဲ့ဖူးတယ်။ အဲ့တုန်းက သိတတ် ခွဲခြားဖို့ အရမ်းငယ်သေးတဲ့ အ ချိန်ပေါ့။ တစ်ထည်က တစ်နှစ်မှာ ၅ ခေါက်လောက် သာမိသားစုကို လာတွေ့နိုင်တဲ့ အဖေ၀ယ်ပေး ထား တဲ့ ရွှေရောင်ဂါဝန်လေးပေါ့။ လှလည်းလှ ချစ် အဖေ က ၀ယ်ပေးတာဆိုတော့ မ၀တ်ဘဲ သိမ်းထား ရင်း အလှကြည့်ရတာပဲကြိုက်တယ်။ နောက်တစ်ထည် ကတော့ အနီရောင် ဂါဝန်လေး။ အဲ့ဂါဝန်လေး က သာမန်ပါပဲ။ ဒါပေမယ့် အဲ့ဂါဝန်ဝတ်လိုက်ရင် ကျွန်မ ပိုလှလာတယ်လို့ ထင်ရတာကြောင့် ဒီနေ့လျှော် မနက်ဖြန်ဝတ်နဲ့ တစ်ရက်ခြား နီးပါးကို ၀တ်နေခဲ့ တယ်။ ကြာလာတော့ ဂါဝန်လေး နွမ်းနွမ်းလာတာပေါ့။ ဒါပေမယ့် ရွှေရောင် ဂါဝန်လေးကို ဘယ် တော့မှ မ၀တ်ဖြစ်ခဲ့ပါဘူး။ နောက်ဆုံးတော့ အနီရောင် ဂါဝန်လေးကို ၀မ်းနည်းစွာပဲ စွန့်ပစ်လိုက် ရတော့တယ်။ ဒါ ပေမယ့် အသက်ကကြီးပြီး လူကောင်က ထွားလာတော့ အ၀ါရောင် ဂါဝန်လေး ကလည်း မတော်တော့ပါဘူး။ ကျွန်မ နှစ်ထည်လုံးကို ကျွန်မခန္ဓာကိုယ်နဲ့ တော်နေသေးတဲ့အထိ လှည့်ပြီး ၀တ်ခဲ့သင့်တာနော်။
Multiple Choices မေးခွန်းတွေ ခဏခဏဖြေဖူးတဲ့သူတွေဆိုရင် ကျွန်မဖြစ်သလိုမျိုး ဖြစ်ဖူးကြမှာပဲ။ မေး ခွန်းက ရွေးရတာမှ a) b) c) d) ရယ်ပါ။ ဒါပေမယ့် များသောအားဖြင့် လေးခုထဲကမှ အဖြေ နှစ်ခုလောက်က မှန်တယ်လို့ စိတ်ထဲမှာ ထင်နေတတ် တယ်။ နှစ်ခုထဲက တစ်ခုမဟုတ် တစ်ခုဆိုတာတော့ သိနေတာပါပဲ။ ဒါ ဟာ intuition နဲ့ အများကြီးဆိုင်တယ်လို့ ဆိုကြပါတယ်။ ကျွန်မက တော့ ကျွန်မရွေးလိုက်တဲ့ အဖြေက များသောအားဖြင့် အမှားဖြစ် နေတတ်ပါတယ်။ကျောင်းသား/သူ တော်တော်များများက စာတွေ အများကြီး မရေးရတဲ့ multiple choices ကို အရမ်းကြိုက်ကြ ပါတယ်။ ကျွန်မကတော့ အရမ်းမုန်းပါတယ်။ အဲ့လို နှစ်ခုထဲက တစ်ခုရွေးရမယ်ဆိုရင် ကျွန်မ ဘာလို့ အမှားကို ရွေးမိတာလဲ။ တစ်ခါတစ်လေတော့လည်း စဉ်းစားမိတယ်။ ငါရွေးချင်တာကို မရွေးဘဲ မရွေးချင် တာကို ရွေးလိုက်သင့်တာလို့။

Multiple Choices ရွေးသလိုပဲ ကျွန်မရဲ့ ရွေးချယ်မှုက မှားသွားပြီလား။ မသာယာပါဘူး... တောင်းဆု တစ်ခုသာ ပြည့်မယ်ဆိုရင် "မှန်သော ရွေးချယ်မှုသာ ပြုလုပ်ပါရစေ" လို့ ဆုတောင်းမိပါတယ်။
nunki (နန်ကီ)
0 comments:
Post a Comment