Tuesday, March 20, 2012

Ground Pork & String Beans


ဟင်းချက်ရင် ဖျတ်ခနဲ အတွေးတစ်ခုဝင်လာတယ်။ ကျွန်မက ဟင်းချက်ကောင်းလှတဲ့ မိန်းကလေးတစ် ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ယောက်တည်းနေတဲ့သူတွေ မအားလပ်တဲ့ကြားက အချိန်ယူ ချက်ရသူတွေအတွက် လွယ်ကူပြီး စားကောင်းမယ့် ဟင်းလေးတွေကို ရှယ်လိုက်ပါတယ်။ 

လိုအပ်တာတွေကတော့ ။ ။ မွမွချေထားတဲ့ ၀က်သား၊ ပဲသီးစိမ်း၊ ဆား၊ ဆီ၊ တရုတ်ငံပြာရည်၊ ကြက်သွန်ဖြူ၊ အသားမှုန့်၊ ငရုတ်ကောင်း။


ပထမဆုံး ပဲသီးစိမ်းကို စောင်းစောင်းလေးတွေလှီးပါ။ ကြက်သွန်ဖြူကိုတော့ ပြားရိုက် ဒါမှမဟုတ် လှီးချင် သလိုသာလှီးပါ :D ဒီမှာကတော့ ၀က်သားကို ကြိတ်ပြီးသား ground pork ဆိုပြီး ၀ယ်လို့ရပါတယ်။ စချက်မယ်ဆိုရင် ကြက်သွန်ဖြူကို ဆီသပ်ပါ။ ပြီးရင် မွမွချေထားတဲ့ ၀က်သားကို ထည့်ပြီး တစ်စစီဖြစ် အောင်ဇွန်းနဲ့ ဖြတ်တောက်မွှေပေးပါ။ ၀က်သားမနံစေဖို့ ကျွန်မကတော့ ငရုတ်ကောင်းနဲနဲ ထည့်ပါတယ်။ ပြီးရင် အ သားက အပေါ့စေဖို့ ဆားနည်းနည်းထည့်ပါတယ်။ အရောင်လေးလှအောင် ငံပြာရည် နည်းနည်း ထည့်ဖြစ်ပါတယ်။ ၀က်သားက အကြာကြီးထားစရာမလိုပါဘူး။ အရမ်းကြာရင် ၀က်သားမာသွားမှာစိုးလို့ပါ။ နီပြီဆို လှီးထားတဲ့ ပဲသီးစိမ်းကိုထည့်ပြီး မွှေလိုက်ပါ။ ပဲသီးစိမ်းနူးအောင် ရေနည်းနည်းထည့်ချင်ထည့်ပါ။ (အဲ့ဒါက ဆီအနည်းအများပေါ်မူတည်ပါတယ်)။ ပဲသီးနူးပြီး ရေခမ်းသွားပြီဆိုရင် စားလို့ရပြီပေါ့။ မြန်တယ်နော်။ :D 





ကဲ ကျွန်မလည်း ဗိုက်အရမ်းဆာလို့ တီးလိုက်တော့မယ်။ 

nunki (နန်ကီ)



2 comments:

kabyar cho said...

အမရေ ... ပင်စိမ်းလေးအုပ်လိုက်ရင် ပိုအနံမွှေးပြီးစားလို့ကောင်းတယ် ... အစပ်ကြိုက်ရင် ငရုတ်သီးတောင့်လေးတွေထဲ့လိုက်ရင်ရှယ်

nunki said...

ဟုတ်ပ! အမကတော့ ပင်စိမ်းမကြိုက်ဘူး အဲ့ဒါကြောင့် မထည့်တော့တာ။ နောက်တစ်ခါဆိုရင် ငရုတ်သီးစိမ်းတောင့် ထည့်စားရမယ်။ ကျေးဇူး :D

Post a Comment

 
;