
အက်ကြောင်းထပ်နေတဲ့
ငါ့နှလုံးသားမှာ
အပြီးသတ် မေ့လို့မရနိုင်သေးတဲ့
ရင်ခုန်သံတစ်စုံရှိတယ်...။
ဝေးခဲ့ကြတဲ့ အချိန်လေးတွေ
ကာလာကြာခဲ့ပေမယ့်
အမြဲတမ်း တမ်းတနေခဲ့တာ
ရူးရူးမူးမူးချစ်ခဲ့ဖူးတဲ့
မင်းတစ်ယောက်ကို...။
ဝေးခဲ့ပြီးနောက်
မင်းသိပ်မြတ်နိုးခဲ့ဖူးတဲ့ ငါ့ဆံပင်တွေ
ကြင်နာခဲ့ဖူးတဲ့ အချိန်လေးတွေ
အရာအားလုံးကို
ငါတန်ဖိုးထားတတ်ခဲ့ပြီ...။
အစကတည်းက
မဆုံဖြစ်ခဲ့ကြရင် သိပ်ကောင်းမှာပဲလို့
နာကျင်စွာ ညည်းညူးခဲ့ဖူးပေမယ့်
နောင်တနဲ့ အလွမ်းတွေကိုရင်မှာပိုက်
အကောင်အထည်ဖော်ခွင့်မရှိတဲ့ ဆန္ဒအတွက်
အကြိမ်ကြိမ် အငြင်းပွားနေမိတယ်...။
ချစ်သူရယ်
ဘယ်တော့မှ ဖျောက်ဖျက်လို့မရနိုင်တော့မယ့်
သံယောဇဉ်တွေ
ဘယ်တော့မှ မကုန်ဆုံးနိုင်တော့မယ်
စူးနစ်တဲ့ အချစ်တွေကို
မင်းလေးမသိနိုင်လည်း
မင်းတစ်ယောက်ကို ထာဝရမြတ်နိုးနေမိဦးမှာပဲ
ကြေမွနေတဲ့ နှလုံးသားတစ်စုံနဲ့ပေါ့...။
nunki (နန်ကီ)
0 comments:
Post a Comment