ံHow to be a classy girl ဆိုတဲ့ ဆောင်းပါး အမျိုးမျိုးကို website အမျိုးမျိုးကနေ ရှာဖတ်နေဖြစ်တာ ကြာ ပါပြီ။ ကျွန်မ အသက် ၂၂ ပြည့်ပြီးတဲ့ နောက်ပိုင်းမှာ Fancy ဆန်တဲ့ အ၀တ်အစားတွေကို သိပ်မကြိုက်တတ် တော့။ T-shirt နဲ့မလိုက်ဘူးလို့ ခဏခဏ အပြောခံရတော့ ဘယ်လို စတိုင်လ်လေးက ငါနဲ့ လိုက်မလဲလို့ စဉ်းစားမိတယ်။ အဲ့ဒီ့အချိန်မှာ ကျွန်မ BeWitched ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ကြည့်ဖြစ်တယ်။ အဲ့ထဲက စုန်းမနေရာမှာ သရုပ်ဆောင်တဲ့ ကောင်မလေးလို မိန်းမဆန်ပြီး ယဉ်ကျေး သိမ်မွေ့တဲ့အပြင် ထက်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ သူ ၀တ်စားဆင်ယင် ပြောဆိုပုံက Classy ဖြစ်တယ်ဆိုပြီး Classy ဆန်ဖို့ စတင် လေ့လာမိပါတော့တယ်။ တကယ်လေ့လာဖြစ်တော့ Classy ဖြစ်ဖို့ဆိုတာ အ၀တ်အစားနဲ့ မရ ဘူးဆိုတာ သိလာရပါတယ်။ တကယ် Classy ဆန်တဲ့ မိန်းကလေးဆိုတာ ဘယ်လိုမျိုးလဲဆိုတာ လေ့လာ ရင်း စာဖတ်သူ မိန်းကလေးများကိုလည်း ဝေမျှချင်ပါတယ်။ မြန်မာမိန်းကလေးထဲမှာ Classy ဆန်တဲ့ မိန်း ကလေးမျိုး တွေ့ရခဲတာမို့ မသိသေးသူများကို သိစေချင်သောကြောင့် ဒီလို ဝေမျှလိုက်တာ ဖြစ်ပါတယ်။
တစ်ယောက်စ နှစ်ယောက်စမှာတွေ့ရတဲ့ အမူအကျင့်ကို လူတိုင်းက ဒီလိုပဲလို့ ၀ါးလုံးသိမ်းပြီး ပြောလို့မရနိုင်
ပါဘူး။ ဒါပေမယ့် လူတိုင်း လူတိုင်းက ဒီလိုပဲ ပြုမူလာမယ်ဆိုရင် ဒါဟာ ယဉ်ကျေးမှုမရှိတဲ့ အမူအကျင့်ကို ဆင့်ကဲမွေးမြူနေကြခြင်းသာ ဖြစ်ပါတယ်။
ပါဘူး။ ဒါပေမယ့် လူတိုင်း လူတိုင်းက ဒီလိုပဲ ပြုမူလာမယ်ဆိုရင် ဒါဟာ ယဉ်ကျေးမှုမရှိတဲ့ အမူအကျင့်ကို ဆင့်ကဲမွေးမြူနေကြခြင်းသာ ဖြစ်ပါတယ်။
ရေအိုင်ထဲက ဖားသူငယ်ဟာ အပြင်လောကကို ထွက်မကြည့်သရွေ့ သူနေထိုင်နေတဲ့ ရေအိုင်ဟာ ဘယ် လောက်သေးငယ်တယ်ဆိုတာ မသိနိုင်ပါဘူး။ ဒီလိုပဲ... ကျွန်မတို့ကိုယ်တိုင်ကလည်း တစ်နိုင်ငံ တစ်ဒေသ ထဲမှာပဲ ခြေကုပ်ပြီး လူမျိုး မျိုးစုံနဲ့ မထိတွေ့ မဆက်ဆံဘူးရင် ကိုယ့်အားနည်းချက်ကို သိနိုင်မှာမဟုတ် ပါဘူး။ ဖားသူငယ်ဟာ အပြင်လောကကြီးတာကိုမြင်ပြီး ကိုယ့်ရေအိုင်ကို အထင်သေး၊ စွန့်ခွာရမယ်လို့ မဆို လိုပါဘူး။ သူနေထိုင်ရာ ရေအိုင်က အပြင်လောကထက်သေးပြီး တစ်ခုခု ပြုပြင်ဖို့လိုတယ်ဆိုတာသာ သိ သင့်ပါတယ်။ အဲ့လိုပဲ တခြားနိုင်ငံရောက်သွားတဲ့သူတွေဟာ ရောက်ရာနိုင်ငံဟာ ကိုယ့်နိုင်ငံထက်သာ တာမြင်ရင် နှိုင်းယှဉ်ကြစမြဲပါ။ ဝေဖန်မှုလုပ်ရင်လည်း "နင်ဟာ ကိုယ့်နိုင်ငံကိုယ် အထင်မကြီးဘဲ ရှုံ့ချနေ တယ်" လို့ဆိုကြပါတယ်။ တကယ်တော့ ဒါဟာ ရာနှုန်းပြည့် မမှန်ပါဘူး။ တပါးနိုင်ငံက လူမျိုးရဲ့ ကောင်း ကွက်ကိုမြင်ပြီး ကိုယ့်နိုင်ငံ ကောင်းစေချင်သော ဆန္ဒရှိယုံသာ ဖြစ်ပါတယ်။
ဒီတစ်ခေါက် မြန်မာပြည်ပြန်ရောက်တဲ့အချိန်မှာ အပြင်ထွက်တိုင်း တကယ်စိတ်အနှောက်အယှက် ခဏ ခဏဖြစ်ရပါတယ်။
Subscribe to:
Comments (Atom)



- Follow Us on Twitter!
- "Join Us on Facebook!
- RSS
Contact