ချမ်းသာတဲ့နိုင်ငံဟာချမ်းသာတယ်။ လူတန်းစေ့နေနိုင်စားနိုင်တယ်။ နိုင်ငံတကာမှာ သြဇာအာဏာရှိတယ်။ အမေရိကန် ပတ်စ်ပို့သာကိုင်ထားလိုက် ဘယ်နိုင်ငံ၊ ဘယ်ဒေသကိုပဲဖြစ်ဖြစ် ဗီဇာမလိုဘဲသွားနိုင်တယ်။ (မြန် မာနိုင်ငံအပါအ၀င် တခြားအချို့နိုင်ငံကလွဲလို့ပေါ့) နိုင်ငံတကာက ကြိုဆိုတယ် ကမ်းလှမ်းတယ်။ ဘ၀ဆက် တိုင်း အမေရိကားမှာ မွေးပါရစေလို့ ကျွန်မလည်း ငယ်ငယ်က ဆုတောင်းဖူပါတယ်။ ကျွန်မ အမေရိကားမှာ ကျောင်းလာတက်ဖို့ အရမ်းကြိုးစားခဲ့ရတယ်။ ငွေ၊ လူ၊ အချိန်၊ ဘာတွေ ကုန်မှန်းမသိ အကုန်ကုန်ပြီးမှ ဒီ ရောက်လာခဲ့တယ်။ အဲ့ဒီ့တုန်းက ကျွန်မအိပ်မက်ဟာ ကျွန်မရဲ့ဇောပေါ့နော်။ ရောက်သွားရင် အဆင်ပြေသွား မှာပါလို့ လူတိုင်းပြောကြပါတယ်။ ကျွန်မလည်း အဲ့လိုထင်ခဲ့မိတယ်။
ထင်တာနဲ့ ကြုံတွေ့ရတာ တကယ်တော့ တခြားစီပါပဲ။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်မိသားစုနဲ့ အတူနေထိုင်ရင်း ကျောင်းတက်ရ တာ၊ ရုန်းကန်ရတာကို ပင်ပန်းတယ်ဆိုရင်တောင် ဇောကင်းမဲ့ပါသေးတယ်။ ဒီမှာတော့....
ကလင် ကလင်ဆိုတဲ့ နှိုးစက်သံနဲ့ နိုးရတဲ့နေ့ရှိသလို မနိုးမှာစိုးလို့ မအိပ် ဖြစ်ခဲ့တဲ့ ညများစွာလည်း မရေမတွက်နိုင်အောင် ရှိတယ်။ မျက်လုံး အစုံ စဖွင့်တာနဲ့ ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်ရင် အလင်းအစုံတောင် မ ပွင့်သေး။ လေးပင်နေတဲ့ခန္ဓာကိုယ်ကို လက်နှစ်ဖက်အားနဲ့ ကုန်းရုန်းထ ရင်း တစ်နေ့တာဇောများစတင်ပါတော့သည်။ရုံးတက်မယ့်သူများ၊ ရေချိုး ထမင်းဘူးပြင်၊ အ၀တ်အစားလဲပြီး လိုအပ်တဲ့ပစ္စည်းများ ကုန်းရုန်းထည့် ကာ ရထားအမှီပြေးရပါတော့သည်။ ထမင်းဘူးဟာလည်း မနေ့ညက တည်း ပြင်ပြီးသား။ ကိုယ်သွားရမယ့် ခရီးကို ၅မိနစ်လောက် နောက်ကျ လို့ ရထားလွတ်သွားရင် လူကျပ်ကောင်းကျပ်မယ်။ တနာရီမက သွားရ မယ့် ခရီးကိုမတ်တပ်ရပ်ကောင်းရပ်ရမယ်။ အဆိုးဆုံး အလုပ်နောက်ကျ မယ်။ မိုးလင်းတာနဲ့ ပထမဆုံး ဒီဇောနဲ့သုတ်ခြေတင် ပြေးရတဲ့ ၀န်ထမ်း ပေါင်းဟာ အမေရိကန်နိုင်ငံမှာ ၉၈ ရာခိုင်နှုန်းလောက် ရှိမယ်ထင်တယ်။ ရထားဂိတ်ရောက်တော့လည်း စောင့်ရင်း စောင့်ရင်းနဲ့ Delay ဖြစ်ရင် 




- Follow Us on Twitter!
- "Join Us on Facebook!
- RSS
Contact