ချစ်သူ
နာကျင်မှုတွေကြောင့် အားငယ်ခဲ့တဲ့နင်
လွမ်းဆွတ်မှုတွေကြောင့် စိတ်ပျက်ခဲ့တဲ့ငါ
မပြီးပြည့်စုံတဲ့ ဘ၀နှစ်ခု
ဆုံမှတ်မှာ တစ်ထပ်တည်းကျတဲ့အခါ
အဓိပ္ပါယ်တွေ ပိုလေးနက်လာတယ်။
လေးနက်မှုတွေကို ငါခြေရာလိုက်ခဲ့ပေမယ့်
နင်မပါခဲ့ဘူး ငါတစ်ယောက်တည်း
အားမရှိခဲ့ဘူး သိမ်ငယ်ခဲ့တယ်
နောက်ဆုံး နာကျည်းခဲ့ပြီ။
နင်မက်တယ် ပြောခဲ့တဲ့အိပ်မက်
ငါယုံကြည့်ခဲ့တဲ့ မျှော်လင့်ချက်
လှည့်ကြည့်တိုင်း အရိပ်ခြေပျောက်
ပြေးလိုက်တိုင်း လမ်းပျောက်ခဲ့တယ်
နင်ဘေးမှာ မရှိတဲ့အချိန်မှာလေ။
နင့်ရဲ့ လျစ်လျှူရှုမှုတွေ ငါ့ပေါ်ကျလာတဲ့အခါ
အားငယ်တတ်တဲ့ ငါ့နှလုံသား
ခြောက်ချားပြီး ကမ္ဘာပျက်ခဲ့တယ်
နင်သိခဲ့တယ်
ဒါပေမယ့် ငါ့မျက်ရည်တွေကို နင် ဂုဏ်ယူတတ်နေပြီလေ။
ငါကြိုးစားပါတယ် အစွမ်းကုန်ပဲ
ရှုံးနိမ့်မှုတွေကို ကြောက်ရွံ့ပေမယ့်
နာကျင်မှုတွေက ခွန်အားတွေဖြစ်ခဲ့ပြီ။
နင့်လိုပဲပေါ့
ငါ အောင်မြင်မှာပါ ဆုတောင်းပေးပေါ့ဟာ....
nunki (နန်ကီ)
2 comments:
နာကျင်မူတွေကခွန်အားတွေဖြစ်စေခဲ့မယ်ဆိုရင်
ဒဏ်ရာတွေဟာစွန့်လွှတ်ခြင်းရဲ့အမှတ်တရတွေလား
စွန့်လွှတ်လို့ရမယ့် ဒါဏ်ရာတွေထက် လျစ်လျှူရှုမှုတွေကို ပိုကြောက်ခဲ့တာပါ။ ၀န်ခံပါတယ်။ သရဲဘောကြောင်ခဲ့တာပါ :)
Post a Comment