ကျွန်မအမေရိကားကိုမရောက်ခင်ကကျွန်မရဲ့အကြီးမားဆုံးအိမ်မက်ကအမေရိကားမှာကျောင်းတတ်ရဖို့ပေါ့။ ထပ်ပြီးရှင်းရှင်း ပြောရရင်အမေရိကားမှာခြေချရဖို့။ ကျွန်မမြင်ခဲ့တဲ့ ရုပ်ရှင်ကားထဲက အမေရိကားက အစစ အရာရာ အဆင်ပြေပြီးခန်းခန်းနားနား ရုံးခန်းထဲမှာ အလုပ်လုပ်ပြီး ငွေတွေကိုပုံးလအောသုံးနိုင်တဲ့ဘ၀ဖြစ် တယ်။ မြန်မာကျပ်ငွေနဲ့ ဒေါ်လာရဲ့ကွာခြားချက်ကလည်း ကြီးသကိုး။ တကယ်လည်း ကျွန်မအပြင် အခုအမေ ရိကားကိုရောက်နေတဲ့ မြန်မာတွေ၊ အမေရိကားကိုလာဖို့ ကြိုးစားနေတဲ့ မြန်မာတွေအားလုံး ဒီလိုပဲ ထင်ခဲ့၊ ထင်နေဆဲပါပဲ။ ဒါဟာမှားနေပါတယ်လို့ကျွန်မမဆိုချင်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာထင်တာနဲ့တွေ့ကြုံ ရတာနဲ့ ကွာခြားတတ်ပါတယ်။
အမေရိကားဆိုတာကတော့ မြန်မာပြည်ထက်သာတာတွေအများကြီးပေါ့။ ၂၄/၇ မီးလာတယ်။ အင်တာနက် ၂၄နာရီသုံးနေလို့ရတယ်။ မြန်လိုက်တာလည်း တဖျတ်ဖျတ်ပဲ။ ကျွန်မ ဒီမှာ၂နှစ်လောက်နေပြီး မြန်မာပြည် အလည်တစ်ခေါက်ပြန်တော့ မီးမလာပူလွန်းတဲ့ရာသီဥတုကို သိပ်စိတ်ညစ်တာ။ ချွေးတွေထွက်ပြီး စီးကပ်စီး ကပ်နေရတာကို လုံးဝအမှန်တကယ်မကြိုက်ဘူး။ ဖုန်နဲ့ချွေးထွက်လွန်းလို့ သိပ်sensitiveဖြစ်တဲ့ ကျွန်မအ သားအရေတွေ Allergy တွေဖြစ်လွန်းလို့ စိတ်ညစ်လိုက်ရတာ။ အင်တာနက်ဆိုလည်း ၁ပတ် ၁ခေါက်သွားဖို့ စိတ်ကိုမပါတာ...(ကွန်နှေးလွန်းလို့)။ ဒါလေးတွေကအသေးအဖွဲ့လေးတွေ။ တကယ်လို့ဒီကို DV (သို့) Immigrant နဲ့ရောက်လာတဲ့သူတွေဆိုရင် ကျောင်းတတ်ဖို့ Finanical aid ရတယ်။ သူများတွေပြောနေတဲ့ medicare စတာတွေ စတာတွေ.. နောက်ဆုံး စားဖို့သောက်ဖို့ တစ်လ ၂၀၀ တောင် အစိုးရကထောက်ပံ့ တယ်ဆိုလားပဲ။ ကျွန်မကတော့ F1ကျောင်းသူဆိုတော့ဒါတွေသိပ်နားမလည်ဘူးပေါ့။ အသက်ကြီးမှ ရောက် လာတဲ့သူတွေအတွက် ဆေးပညာအရရော၊ နည်းပညာအရပါ မြန်မာနိုင်ငံအတွက် အများကြီးသာတဲ့ အပြင် အထောက်အပံ့တွေ Insuranceတွေရှိနေတော့ အသက်ဘေးစိတ်ချရတာပေါ့။ အမေရိကားက အကြွေးသုံး နည်းနဲ့လည်ပတ်နေတာဆိုတော့ အိမ်၊ကားအစအသေးအဖွဲပစ္စည်းတွေကို အကြွေးယူတဲ့စနစ် နဲ့အရစ်ကျ ပေးပြီးဝယ်လို့ရသေးတယ်။ အဲ့တော့လူတိုင်းလူတန်းစေ့နေနိုင်တယ် (အကြွေးပေးဖို့ အလုပ်ရှိနေသေးသရွေ့ ပေါ့)။ ဒါ့အပြင် မြန်မာပြည်မှာအခုလက်ရှိနေပြီး အမေရိကားကိုလာချင်နေကြတဲ့သူတွေ အားအကျဆုံးက အမေရိကားပြန်များမြန်မာပြည်ရောက်ရင် သုံးနိုင်ဖြုန်းနိုင်တဲ့အားဖြစ်တယ်။ ဒါကို အားကျကြတယ်။