Thursday, December 1, 2011 2 comments

မနေ့က...


အရာရာေ၀၀ါးခဲ့ပြီ
တိုတောင်းလွန်းတဲ့အခိုက်အတန့်
အတူဝေမျှခဲ့တဲ့ ပျော်ရွှင်မှု
မင်း ဆွဲစုပ်ခဲ့ပြီပဲ...

တစ်ချိန်ချိန်ဆိုတာက
မင်းအတွက်ကော ငါ့အတွက်ပါ
လေးနက်မယ်ဆိုရင်
ကြေလွှင့်ခဲ့တဲ့ ငါ့မျက်ရည်တွေ
တန်ခဲ့ပြီပဲ...

အရိပ်ရဲ့ နောက်ကွယ်က အချစ်
ဒါကို အလကားပါလို့ မင်းထင်ခဲ့ပြီး
ငါ့ရင်ကို ရိုက်ချိုးခဲ့ကာ
ထွက်ခွါသွားပြန်ပြီ
ဟိုးတစ်ချိန်တုန်းကလိုပဲ...

၂၀၁၁ ဒီဇင်ဘာဟာ အရင်လိုပါပဲ

နန်ကီ (nunki)
Saturday, November 26, 2011 0 comments

လျှိုဝှက်ခြင်းရဲ့ နောက်ကွယ်...

10th Grade:
ကျွန်တော် ဆယ်တန်းတုန်းက ဘေးချင်းကပ်လျက်ထိုင်တဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ သူမက ကျွန်တော့်ရဲ့ အချစ်ရဆုံး သူငယ်ချင်းပေါ့။ ဘေးချင်းကပ်ထိုင်ရင်း ကျွန်တော် သူမရဲ့ ရှည်လျားပြီး ပိုးသားလိုနူးညံ့တဲ့ဆံသားလေးတွေကို ငေးကြည့်ရင်း သူမဟာ ကျွန်တော်အတွက်ဖြစ်ပါစေ လို့ ဆုတောင်းခဲ့ဖူးတယ်။ ဒါပေမယ့် သူမကတော့ ကျွန်တော့်ကို သတိထားမိဟန်မတူပါ ဘူး။ အတန်းပြီးတော့ သူမကျွန်တော်ရှိရာသို့လျှောက်လာ တယ်။ မနေ့က သူမအတန်းပျက်သွားတဲ့စာတွေအတွက် စာအုပ်လာ ငှားတယ်။ ပြီးတော့ သူမ "ကျေးဇူးတင်ပါတယ်" လို့ပြောပြီး ကျွန်တော်တို့ လက်ချင်းယှက်ပြီး နှုတ်ဆက်ကြတယ်။ ကျွန်တော် သူမကိုလိုချင်တဲ့အကြောင်းပြောပြချင်တယ်။ ကျွန်တော် သူမရဲ့ သူငယ်ချင်းအဖြစ်နဲ့သာ မကျေနပ်ကြောင်း အသိပေးချင်တယ်။ ကျွန်တော် သူမကိုချစ်တယ်။ ဒါပေမယ့် ဘာရယ်ကြောင့်မသိ ဖွင့်ပြောရမှာရှက်နေမိတယ်။

11th Grade:
ကလင် .. ကလင်...
ဖုန်းမြည်လာတယ်။ တဖက်မှာ သူမစကားပြောနေတယ်။ သူမရဲ့ ရည်းစားကြောင့် အသဲကွဲပြီး ငိုနေတယ်။ ကျွန်တော့်ကို သူမအိမ် လာပြီး အဖော် လုပ်ပေးဖို့ပြောတယ်။ အဲ့ညက ကျွန်တော် သူမအိမ်သွားခဲ့တယ်။ ကျွန်တော် သူမဘေးမှာထိုင်ရင်း သူမရဲ့ မျက်ဝန်း လဲ့လဲ့လေးတွေကိုကြည့်ရင်း သူမဟာ ကျွန်တော့်အတွက်ဖြစ်ပါစေလို့ ဆုတောင်းမိတယ်။ ၂နာရီလောက်ကြာပြီးနောက် အာလူး ကြော်နှစ်ထုပ်နဲ့ Drew Barrymore ရဲ့ ရုပ်ရှင်ကြည့်ရင်း သူမအိပ်တော့မယ်ပြောတယ်။ သူမ ချိုမြန်လွန်းတဲ့ နှုတ်ခမ်းလေးကို ပြုံးပြပြီး "ကျေးဇူးတင်ပါတယ်" လို့ပြောတယ်။ ကျွန်တော် သူမကိုလိုချင်တဲ့အကြောင်းပြောပြချင်တယ်။ ကျွန်တော် သူမရဲ့ သူငယ်ချင်းအဖြစ်နဲ့သာ မကျေနပ်ကြောင်း အသိပေးချင်တယ်။ ကျွန်တော်သူမကို ချစ်တယ်။ ဒါပေမယ့် ဘာရယ်ကြောင့်မသိ ဖွင့် ပြောရမှာရှက်နေမိတယ်။

Senior Year
ကျောင်းနောက်ဆုံး နှုတ်ဆက်ကပွဲ မတိုင်မီတစ်ရက်မှာ သူမ ကျွန်တော့်ရှိရာလာတယ်။ "ငါ့ ရည်းစားက စိတ်ပျက်စရာကောင်း တယ်ဟာ"လို့ပြော ရင်း သူမရည်းစားနဲ့ ကပွဲမသွားဖြစ်ကြောင်းပြောတယ်။ ကျွန်တော့်မှာလည်း ဘယ်သူနဲ့မှ တွဲသွားစရာမရှိဘူး။ ကျွန်တော်တို့ ၇တန်းလောက်တုန်း က ဒီလိုအချိန် တစ်ယောက်အဆင်မပြေရင် နှစ်ယောက်အတူတူ အချစ်ဆုံးသူငယ်ချင်း တွေအဖြစ် ကပွဲအတူတူသွားမယ်လို့ ဂတိပေးခဲ့ဖူးတယ်။ ဒါကြောင့် ကျွန်တော်နဲ့သူမ ကပွဲတူတူသွားခဲ့ကြတယ်။ အဲ့ည ကပွဲပြီး တော့ ကျွန်တော် သူမကို အိမ်လိုက်ပို့ရင်း အိမ်ရှေ့တခါးမှာ မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေကြတယ်။ ကျွန်တော့်သူမကို ကြည့်နေရင်း သူမကလည်း လက်လက်ထနေတဲ့ ရွှင်ပြုံးတဲ့ မျက်လုံးတစ်စုံနဲ့ ကျွန်တော့်ကိုပြန်ကြည့်တယ်။ ကျွန်တော် သူမကို တကယ်လိုချင်တယ်။ ဒါပေမယ့် သူမက ကျွန်တော့်ကို ချစ်သူတစ်ယောက်အဖြစ်မမြင်ဘူးဆိုတာ ကျွန်တော်သိတယ်။ "ငါအရမ်း ပျော်တယ်ဟာ .. ကျေးဇူးတင်ပါတယ်" လို့သူမပြောတယ်။ကျွန်တော် သူမကိုလိုချင်တဲ့အကြောင်းပြောပြချင်တယ်။ ကျွန်တော် သူမရဲ့ သူငယ်ချင်းအဖြစ်နဲ့သာ မကျေနပ်ကြောင်း အသိပေးချင်တယ်။ ကျွန်တော် သူမကိုချစ်တယ်။ ဒါပေမယ့် ဘာရယ်ကြောင့် မသိ ဖွင့်ပြောရမှာ ရှက်နေမိတယ်။

Graduation Day
မျက်တောင်တစ်ခတ်အတွင်းမှာ နေ့တွေ လတွေ နှစ်တွေ ပြောင်းလဲသွားတာ ကျွန်တော် သတိတောင်မထားမိလိုက်ဘူး။ ဒီနေ့က ကျောင်းပီး တဲ့နေ့ပေါ့။ ကျွန်တော် သူမ နတ်သမီးလေးလို လှပ သွက်လက်စွာ စင်ပေါ်တက်ပြီး သူမရဲ့ဘွဲ့သွားယူတာကို ပြုံးပြီး ကြည့်နေမိတယ်။ ကျွန်တော် သူမကို တကယ်လိုချင်တယ်။ ဒါပေမယ့် သူမက ကျွန်တော့်ကို ချစ်သူတစ်ယောက်အဖြစ်မမြင်ဘူး ဆိုတာ ကျွန်တော်သိတယ်။  ဘွဲ့ယူအပြီးမှာ လူတွေ တဖွဲဖွဲ အိမ်ပြန်ကြတယ်။ သူမနဲ့ကျွန်တော် တစ်ယောက်နဲ့တစ်ယောက် ဖက်ပြီး ငိုကြတယ်။ သူမခေါင်းလေးကို ကျွန်တော့်ပခုံးပေါ်တင်ရင်း "နင်က တကယ်သူငယ်ချင်းကောင်းတစ်ယောက်ပါ။ ကျေးဇူး တင်ပါတယ်" လို့ပြောတယ်။ ကျွန်တော်သူမကိုလိုချင်တဲ့အကြောင်းပြောပြချင်တယ်။ ကျွန်တော် သူမရဲ့ သူငယ်ချင်းအဖြစ်နဲ့သာ မကျေနပ်ကြောင်း အသိပေးချင်တယ်။ ကျွန်တော် သူမကိုချစ်တယ်။ ဒါပေမယ့် ဘာရယ်ကြောင့်မသိ ဖွင့်ပြောရမှာရှက်နေမိတယ်။

A Few Year Later
ကျွန်တော်အခု ဘုရားကျောင်းက ခုံတန်းတစ်ခုမှာထိုင်နေတယ်။ သူမ မင်္ဂလာဆောင်တော့မယ်။ ကျွန်တော် သူမ "I do" လို့ ပြောတာကို ကြည့်နေခဲ့တယ်။ ကျွန်တော် သူမကို တကယ်လိုချင်တယ်။ ဒါပေမယ့် သူမက ကျွန်တော့်ကို ချစ်သူတစ်ယောက် အဖြစ်မမြင်ဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် သူမမထွက်သွားမီ ကျွန်တော်ဆီလာပြီး "ဟယ်.. နင်လာတယ်နော်။ ကျေးဇူးတင်ပါတယ်" လို့ ပြောရင်း ကျွန်တော့်ပါးပြင်ကို အနမ်းတစ်ပွင့်နဲ့ ဖျက်ခနဲ့ကျီစယ်လိုက်တယ်။ ကျွန်တော် သူမကိုလိုချင်တဲ့ အကြောင်းပြောပြချင်တယ်။ ကျွန်တော် သူမရဲ့ သူငယ်ချင်းအဖြစ်နဲ့သာ မကျေနပ်ကြောင်း အသိပေးချင်တယ်။ ကျွန်တော် သူမကိုချစ်တယ်။ ဒါပေမယ့် ဘာရယ်ကြောင့်မသိ ဖွင့်ပြောရမှာရှက်နေ မိတယ်။

Funeral
နှစ်တွေလည်း ကုန်လွန်ခဲ့ပြီ။ ကျွန်တော်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ သူမရဲ့ အခေါင်းကိုကြည့်နေမိတယ်။ အခမ်းအနားမှာ သူမ ကျောင်းတုန်း ကရေးခဲ့တဲ့ ဒိုင်ယာရီလေးတွေကို အမှတ်တရဖတ်ပြတယ်။ 
အဲ့မှာ....
"ကျွန်မ သူကို တကယ်လိုချင်တယ်။ ဒါပေမယ့် သူက ကျွန်မကို ချစ်သူတစ်ယောက်အဖြစ်မမြင်ဘူးဆိုတာ ကျွန်မသိတယ် ကျွန်မသူကိုလိုချင်တဲ့ အကြောင်းပြောပြချင်တယ်။ ကျွန်မ သူရဲ့ သူငယ်ချင်းအဖြစ်နဲ့သာ မကျေနပ်ကြောင်း အသိပေးချင်တယ်။ကျွန်မ သူကိုချစ်တယ်။ ဒါပေမယ့် ဘာရယ်ကြောင့်မသိ ဖွင့်ပြောရမှာရှက်နေမိတယ်။ သူ ကျွန်မကို ဖွင့်ပြောပါစေလို့ ဆုတောင်းမိတယ်။"တဲ့

ကျွန်တော့်လည်း ဖွင့်ပြောခဲ့မိပါစေလို့ဆုတောင်းနှင့်အတူ မျက်ရည်တွေစီးရင်း ကျောခိုင်းထွက်ခွါခဲ့တယ်။




nunki (နန်ကီ)
ဘာသာပြန် - Painful Regret - Silent Love
0 comments

အချစ်နဲ့ လောဘ

ကျွန်မဟာ အမြဲလောဘကြီးခဲ့တဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ကျွန်မရဲ့ ကံကြမ္မာအတွက်၊ အနာဂါတ်အတွက် လောဘအမြဲ ကြီးခဲ့တယ်။ အဲ့ဒီ့မှာ ဖြစ်လာတာက ဇောပေါ့။ အဲ့ဒီ့ဇောကပဲ ကျွန်မရဲ့ ခန္ဓာကိုယ်ကို ရိုက်ချိုးတဲ့အရာတစ်ခုပေါ့။ ကျွန်မရဲ့ လက္ခဏာ ကို ကြည့်သူတိုင်းက နင် အသက်ရှည်မှာမဟုတ်ဘူးလို့ပြောရင် ကျွန်မ မအံ့သြပါဘူး။ အသက်လမ်းကြောင်းတိုတဲ့အပြင် ရှုပ်ထွေး လှတဲ့ လက္ခဏာကိုပိုင်ဆိုင်ထားတဲ့ ကောင်မလေးပါ။ စိတ်ကြည်လင်အောင်ထားတတ်ပေမယ့် အတွေးတွေနဲ့ အမြဲရှုပ်ထွေး နေလို့ပေါ့။ ကျွန်မရဲ့ အရှုပ်ထွေးဆုံးအတွေးတွေကို ဘယ်ဟာက လွှမ်းခြုံထားလဲမေးရင် လောဘပဲဖြစ်မယ်ထင်ပါတယ်။

လူတွေ ပြောကြပါတယ်။ ၁၅၀၀ အချစ်ဆိုတာ ပူပြင်းပြီး လူကို လောင်ကျွမ်းစေပေမယ့် ၅၂၈ကတော့ အေးမြတယ်တဲ့။ ကျွန်မလို လောဘကြီးတဲ့ ကောင်မလေးတောင် ၅၂၈နဲ့တွေ့ရင် လောဘတွေလျှော့သွားစေတယ်ဆိုတော့ အေးမြတယ်ဆိုတဲ့ စကားကိုဒီ့ ထက်တောင် ပိုတင်စားချင်ပါတယ်။ ကျွန်မချစ်ရတဲ့ ကျွန်မဘ၀ရဲ့ ၅၂၈ ကိုပိုင်ဆိုင်ထားတဲ့ မိဘ၊ မောင်နှမ၊ သူငယ်ချင်း အတွက် လောဘဆိုတာ ကျွန်မမှာမရှိပါ။ ကျွန်မပိုင်ဆိုင်တဲ့အရာထဲက တစ်ခုခုကို သူတို့ကိုပေးရမယ်ဆိုရင် အကောင်းတကာ့ အကောင်း ဆုံးပဲပေးချင်ခဲ့တာ။

ဒါပေမယ့် ဘာကြောင့် ၁၅၀၀ အချစ်က ပူပြင်းစေတာလဲ။ တကယ်ချစ်တတ်လာရင် သ၀န်တိုမှုတွေ လောဘတွေ ပါလာတတ်လို့ များလား။ ကျွန်မလေ ချစ်သူနဲ့ ပတ်သက်ရင် သိပ်လောဘကြီးတတ်ခဲ့ပြီပေါ့။ သူ့ဘ၀တစ်ခုလုံးမှာ ကျွန်မ ထိပ်ဆုံးကဖြစ်ချင်တယ် ဆိုရင် ကျွန်မ သိပ်လောဘကြီးရာရောက်နေမလား။ သူ့အချိန်တွေအားလုံး စိတ်တွေအားလုံးကို လိုချင်တယ်ဆိုရင် လွန်လွန်းမ လား။ အဲ့ဒီ့လောဘတွေနဲ့ ကျွန်မ တခဏပေါင်းများစွာ လောင်ကျွမ်းခံနေရတာကို မြင်လာမိတယ်။ ဒါကြောင့် ၁၅၀၀ အချစ်ဟာ မငြိမ်းချမ်းဘူးလို့ ပြောကြတာလား။

အဲ့ဒီ့ လောဘကို ထိန်းချုပ်နိုင်တဲ့အရာကိုတော့ ကျွန်မရှာဖွေနေဆဲပါ။ ကျွန်မလောဘတက်လာတဲ့အချိန်ဆိုရင်...
၁။ အချစ်ဝတ္ထုဇာတ်လမ်းတွေ မဖတ်ဘူး (များသောအားဖြင့် ဂျူးစာအုပ်များ)
၂။ ကျွန်မတို့ကြားမှာရှိခဲ့တဲ့ အမှတ်တရလေးတွေကို ပြန်လည်တူးဖော်တယ်။
၃။ သူပြောတဲ့ နားလည်မှုဆိုတာကို မြင်နိုင်အောင်ကြိုးစားကြည့်တယ်။
၎။ ကိုယ့်လောင်ကျွမ်းမှုကိုပဲမကြည့်ဘဲ သူ့ရဲ့ စိတ်ဒုက္ခကိုလည်းမြင်ကြည့်တယ်။
၅။ "တစ်ခါတလေမှာ တစ်ဖက်လူက ကိုယ့်ကိုယ် ဂရုမစိုက်၊ အလေးမထားတာ မဟုတ်ပါဘူး။ ကိုယ်ဖက်က လိုချင်တာတွေ များသွားလို့ပါ။" ဆိုတဲ့ စကားလေးကို ရေရွတ်မိတယ်။

nunki (နန်ကီ)
Sunday, June 19, 2011 0 comments

အတွေးသန့်သန့်


Psycho ဆိုတာကို ဇီဇာကြောင်သည်ပြောလျှင် ကျွန်မရဲ့ အိပ်ရာဇီဇာက သိပ်ရယ်မောစရာကောင်းပါ လိမ့် မည်။ ကျွန်မအတွက် ပြီးပြည့်စုံတယ်လို့ ခံယူထားတဲ့ အိပ်ခန်းတစ်ခုတွင် ထိန်ထိန်လင်းနိုင်သော မီးအိမ်ရှိရ မည်။ ကျွန်မဘေးမှာ တစ်စုံတစ်ရာကနေ ကာကွယ်ပေးထားနိုင်တဲ့ ဖက်ခေါင်းအုံးကြီးကြီးတစ်လုံး လဲေ လျာင်းနေရမည်။ စိတ်ရဲ့လုံခြုံမှုကို အပြည့်အ၀ပေးနိုင်သော ဂျက်ချ ထားနိုင်သော တံခါး နှင့် ပြတင်းပေါက် များရှိရမည်။ ဘယ်လောက်ပဲပူအိုက်သည့်ရာသီဖြစ်စေ စောင်ပါးလေးခြုံထားမှ ဘ၀လုံခြုံမှု တစ်ခုရသည်ဟု ယူဆတတ်သော ကျွန်မရဲ့စိတ်အလိုအတွက် စောင်ပါးပါးလေးတစ်ခုလိုအပ်သည်။ အိပ်ရာဝင်ပြီဆို မီးအိမ် လင်း စေ၊ တံခါးအလုံပိတ်၊ စောင်ပါးပါးလေးခြုံပြီး ဖက်ခေါင်းအုံးကြီးကြီးအောက်တွင် ကျွန်မမျက်နှာကို လျှို့ဝှက်နိုင်ပြီဆိုရင် ကျွန်မ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ခြေများသည်။

လောကကြီးက အလင်းတစ်လှည့် အမှောင်တလှည့် ပြောင်းလဲနေတာ သဘာဝဖြစ်သည်ကို ကျွန်မလက်ခံ ပါသည်။ သို့ပေမယ့် အမှောင်ချိန်တွေကို ကျွန်မ သိပ်ဆန့်ကျင်ချင်ပါသည်။ ဖြစ်နိုင်လျှင် အမှောင်ဆိုတဲ့ ကာလတစ်ခုကို အဖြူရောင်သုတ်ထားတဲ့ စုတ် ချက်ကြီးကြီးများနဲ့ ပရမ်းပတာ သုတ်ပစ်လိုက်ချင်မိသည်။ ဒါကို မဖြစ်နိုင်ဘူးလို့ နားလည်လာတဲ့အချိန်မှာ ကျွန်မရဲ့အခန်းလေး ကိုတော့ ညအမှောင်ကြီးစိုးလာချိန်တိုင်း အဖြူရောင်ဆေးသုတ်နိုင်သယောင်ရှိသောမီးလုံးလေးကို အမြဲထိန်လင်းစေခဲ့သည်။ ကောလိပ်တက်တော့ လည်း အိပ်ချိန်ရောက်ပြီဆိုရင် ကျွန်မရဲ့ အခန်းဖော် သက်ပြင်းချသံများကို ခဏခဏကြားခဲ့ရသည်။ ထို သက်ပြင်းသံမှာ ရိုးအီသယောင်ရှိသော်လည်း မတင်မကျစိတ်နဲ့ မသိချင်ယောင်ဆောင် အိပ်ရာဝင်ခဲ့သည့် ညမှာလည်း မနည်း တော့။ လူအများက တစ်ဦးနဲ့ တစ်ဦးအနိုင်ရဖို့ တကိုယ်ကောင်းဆန်ကြတဲ့အချိန်မှာ ကျွန်မကတော့ အိပ်ရာဝင်တိုင်း တကိုယ် ကောင်းဆန်ခဲ့ပါသည်။ အခန်းဖော်က "ပူတယ်ဟာ" ဆိုပြီး ပြတင်းပေါက်သွားဟတဲ့ညက ကျွန်မအိပ်မပျော်ပါ။ ကျွန်မရဲ့ မျက်လုံး များက ထို ပြတင်းပေါက်ကနေ ခွာမရဖြစ်ကာ ကျွန်မစိတ်များ ဂနာမငြိမ်ဖြစ်ခဲ့ဖူးသည်။ အခန်းဖော် အိပ်လောက်ချိန်စောင့်ကာ ခြေ သံဖွဖွလေးနဲ့ ပြတင်းပေါက်ကိုပိတ်ကာ မနက်ကျလျှင် မသိချင်ယောင်ဆောင်နေတတ်ခဲ့သည်။ သူကလည်း ကျွန်မဖွင့်ထားသော မီးကို ကျွန်မ အိပ်မောကျလောက်သည့်အချိန်တွင် ထထပိတ်တတ်သည်ကို သတိထားမိသည်။ အတင်းအလျော့လေးနဲ့မို့ ကျွန်မ အခန်းဖော်နှင့် တစ်ခါမှ စကားမများခဲ့ပေ။ ကျွန်မ ပြီးပြည့်စုံပြီ ဟုခံယူထားသော အိပ်ခန်းလေး ပိုင်ဆိုင်သရွေ့ ကျန်တာတွေက ကျွန်မအတွက်ပြဿနာမရှိ။ တစ်ခါက အခန်းဖော်နှင့် သူ့ သူငယ်ချင်း ၃ယောက်လောက် အခန်းထဲတွင် ဟားတိုက်ရယ်မော မိုးလင်းအောင် တွတ်ထိုးနေပေမယ့် တရှုးရှုးအိပ်ပျော်သောကျွန်မကို သူတို့ တအံ့တသြဖြစ်ကြသည်။ အကျဉ်းချုပ်ဆိုရလျှင် ပြီးပြည့်စုံတဲ့အိပ်ခန်းမဟုတ်လျှင် တိတ်ဆိတ်နေသည့်တိုင် မျက်လုံးပေကလပ် ပေကလပ်နှင့် မိုးလင်းမှ ကျွန်မအိပ်ပျော်တတ် သည်။

မိဘရင်ခွင်၊ နှစ်သက်လှသော အိပ်ခန်းလေးကို စွန့်ခွာပြီး အဝေးတစ်နေရာရောက်နေသည့် ကျွန်မအတွက် အိပ်ရာအပြောင်းအလဲ အမြဲရှိသည်။ အခု ကျွန်မအိပ်ရမည့် အိပ်ရာလေးသည် လွန်စွာတိတ်ဆိတ်သည်။ အိပ်ရာပေါ်လှဲပြီး ခေါင်းချလိုက်လျှင် ကျွန်မရှေ့တည့်တည့်က ပြတင်းပေါက်မှ ကောင်းကင်တစ်ခွင်မှ ကြယ်တာရာများကို မြင်နိုင်သည်။ ကျွန်မတွင် ခေါင်းခုအိပ်ရင် ခေါင်းအုံးတစ်ခုသာရှိသည်။ ကျွန်မအ ချမ်းကြောက်သည်ထင်၍ စောင်အထူကြီး တစ်ခုပေးထားသည်။ ကျွန်မခါင်းကို ၈၀ ဒီကရီလောက်မော့ မှ မြင်ရနိုင်သော ဟတတ တံခါးတစ်ချပ် ကျွန်မနှင့် မလှမ်းမကမ်းမှာရှိသည်။ ဒီအိပ်ရာလေးမှာ ကျွန်မ သေချာ အိပ်မပျော်သည်မှာ နှစ်ပတ်နီးပါးရှိပြီ။ အခန်းအနေအထားပြောင်းလဲဖို့ မဖြစ်နိုင်မှန်း နားလည် လိုက်တော့ ကျွန်မရဲ့ ခန္ဓာကိုယ်ကို နှစ်သိမ့်ရသည်။ မျက်လုံးဇွတ်မှိတ်ပြီး အိပ်ပျော်အောင်ကြိုးစား ရင်း ဇောချွေးပြန်ကာ စိတ်တိုရသဖြင့် လက်လျှော့လိုက်ရသည်။ ဒီတော့ သူများတွေ အိပ်ပျော်နေချိန်တွင် ကျွန်မ မျက်လုံးလေးစင်းကာ လက်သည်းဖတ်လေးတွေ ဟိုခွာဒီခွာနဲ့ အလုပ်မရှိအလုပ် ရှာနေမိတော့သည်။ မိုးလင်း သူများတွေနိုးချိန်တွင် ကျွန်မကတော့ အိပ်ရာထဲမှာ ခဏတာမျှ တရေးအိပ်နေပေလိမ့်မည်။

ဒီနေ့လည်း ထုံးစံအတိုင်း သူများတွေ နေ့လည်စာစားချိန်မှ ကျွန်မနိုးလာသည်။ မနက်စာကို မသိ ချင်ယောင်ဆောင်ပြီး နေ့လည် စာသာစားတတ်သော ကျွန်မကို အန်တီက မီးဖိုချောင်ထဲမှ အချိန်မှန်မှန် အစားစားဖို့ တတွတ်တွတ်ပြောနေသည်။ နေ့လည်စာ စားပီးတော့ သီချင်းနားထောင်ရင်း သစ္စာနီရဲ့ အခြားသောအရာများနှင့်လူ ဆိုသောစာအုပ်ကို ကောက်ကိုင်လိုက်သည်။ ပထမ ဆုံးဖြစ်တဲ့ သစ္စာနီရဲ့ "အိမ်နဲ့လူ" ဖတ်ပြီး မေးခွန်းတွေအများကြီး ခေါင်းထဲကျန်ခဲ့သည်။ အဲ့ဒီ့မှာ ပါတဲ့ အကြောင်းအရာတွေက ကျွန်မလို ဦးနှောက်အပြည့်အ၀မဖွံဖြိုးသေး  လောကအတွေ့အကြုံနည်းသေးသူ အတွက် မဖြစ်နိုင်ဟုယူဆသော လက်တွေ့ဆန် ဆန်ဖြစ်ရပ်တစ်ခုပါ။  သူ့လို နေ၀င်လာတိုင်း အိပ်ဖို့နေရာ တစ်ခုစာအတွက် ပူပန်နေရသော လူပေါင်းဘယ်နှစ်ယောက်လောက် လောကကြီးမှာရှိမလဲ။ ထိုလူတွေ အတွက် ဘာကြောင့် နေရာတစ်ခုက ခက်ခဲနေသလဲ။ အိပ်ရာတစ်နေရာအတွက် လုနေရသော လူတွေရဲ့ စိတ်ထဲမှာဘာတွေရှိနေနိုင်လဲ။ အိပ်ရာတစ်နေရာအတွက် သူငယ်ချင်းတွေဆီမှာ တောင်းခံရသော လူတစ်ယောက်ရဲ့ အားငယ်မှုဟာ ဘယ်လောက်ကြီးမားလိုက်မလဲ။ နောက်ဆုံး အတွေးက ကျွန်မ ဘ၀ဟာ အဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။ အိပ်ရာဂျီးများနေသည့်ကျွန်မကို အဲ့ဒီ့ထဲက ဇာတ်ကောင်ကာရိုက် တာထဲထည့်ကြည့်လိုက်တော့ ကျွန်မအတွေးတွေ Blank ဖြစ်သွားသည်။ တနည်းအားဖြင့်ဆိုလျှင် တုန်လှုပ် စရာကောင်းသည်။

ကောလိပ်တုန်းက ထမင်းစားတိုင်း ကုန်အောင်မစားဘဲ လွှင့်ပစ်တတ်သော သူငယ်ချင်းအား ကျွန်မ စိတ်တိုခဲ့ဖူးသည်။ အစားစား တိုင်း စိတ်မပါလက်မပါနဲ့ စားစရာတွေကို ထိုးဖွနေသော သူငယ်ချင်းအား စိတ်လေးစွာကြည့်နေခဲ့ဖူးသည်။ ရေ၊ အအေးသောက် တိုင်း အရမ်းအေးလို့ ပူလို့ ဂျီးများတဲ့ သူငယ်ချင်းမကို စိတ်ပျက်စွာ ခေါင်းခါရမ်းဖူးသည်။ တခြားငတ်မွတ်မှုကြုံနေရသော တိုင်း ပြည်တွေက လူတွေ၊ ကလေးတွေကိုတွေးပြီး ကျွန်မပန်းကန်ထဲမှအစားကို ကုန်အောင်စားရင်း တိတ်တိတ်လေး ဂုဏ်ယူနေခဲ့ဖူး သည်။ သဘောက waste ကိုလျှော့ပြီး ပိုလျှံမှုက တခြားနိုင်ငံအတွက် အထောက်အကူဖြစ်နိုင်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။ သို့ပေမယ့် အိပ်ရာနဲ့ ပတ်သက်ပြီး ကျွန်မထိုနည်းလည်ကောင်း မတွေးခဲ့ဖူး။ "အိမ်နဲ့လူ" ကိုဖတ်ပြီးနောက် မနေ့ညကမှ ချစ်သူ့အား အိပ်ရာအဆင်မပြေမှုတသီကြီးနှင့် complaint တက်နေခဲ့သော ကျွန်မကိုယ်ကျွန်မ ရှက်ရွံ့မိသည်။ ကျွန်မတို့ ရှိလျှင် ရှိတာကို မတင်းတိမ်ဘဲ လိုချင်တာတွေသာ ရှာဖွေနေကြသည်။ မရှိသူများကတော့ တင်းတိမ်မှုများနဲ့ သူတို့ရဲ့ လိုအပ်ချက် ကို ဖြည့်ဖို့ကြိုးစားကြသည်။  ရေပိုလျှံသည့်နိုင်ငံက ကားရေဆေးရင်း ပိုက်ကြားက ယိုထွက်နေသည့်ရေလောက်ကို လျှစ်လျူရှုကြ သည်။ ရေရှားပါးသောနိုင်ငံက နောက်ကျိကျိဖြစ်နေသောရေ ကို သောက်ရေအဖြစ်ထားကာ မိုင်ပေါင်းများစွာလမ်းလျှောက်ပြီး သယ်ယူကြရသည်။ အစားအစာပေါ များသောနိုင်ငံက အလွန်အကျူးစားကြပြီး overweight တွေဖြစ်ကြတဲ့အချိန်မှာ ဆင်းရဲတဲ့ နိုင်ငံတွေမှာ အစားအစာရှားပါးမှု အာဟာရချို့တဲ့မှုနဲ့ လူပေါင်းများစွားသေကြေကြသည်။ ထိုသို့ ထိုသို့ အကြောင်းအရာ တိုင်း အိပ်ဖို့တစ်နေရာကို လမ်းဘေးမှာပဲဖြစ်ဖြစ်ရှာနေသောလူရှိသလို ကျွန်မလို အိပ်ရာ သက်သာရှိမှု လုံခြုံမှုနှင့် ဂျီးများနေသူများ လည်းရှိနိုင်သည်။ အိပ်ရာမဲ့နေသူများကို ပမာနထားပြီး ကျွန်မ အိပ်ပျော်အောင် အိပ်တော့မည်ဆိုလျှင် ခပ်ကြောင်ကြောင်အတွေး ဟု သမုတ်ကောင်းသမုတ်မည်။ ဒါပေမယ့် သေချာသည်မှာ စောင်းနေသော ကမ္ဘာကြီးကိုတည့်ရန် Balance တစ်ခုတော့လို သည်ဟု တွေးမိသောကြောင့်ဖြစ်သည်။

nunki (နန်ကီ)
Tuesday, March 22, 2011 0 comments

အချစ်... ချဉ်သလား... ???


မျက်လုံးအစုံပွင့်တဲ့အချိန်
ရင်ဘတ်ထဲမှာ စူးနေတာပဲ
မနေ့ညက အရှိန်တွေလေ...


လှုပ်ရှားရဦးမှာသိတယ်
အားတွေလိုနေတယ်
ဒါပေမယ့်
ပတ်စိပ်တိုက်ရှာဖို့ နွမ်းလျနေပီ
ငုံထားတဲ့ သကြားလုံးကလည်း ချဉ်လိုက်တာကွာ...


ထိုးနှက်တဲ့စကားလုံးတွေ မဆိုချင်ဘူး
ကမ္ဘာပျက်စေမယ့် စကားတွေ မကြားဝံ့ဘူး
ရင်ထဲမှာ ငိုနေသလို
အပြင်မှာ နှင်းတွေလည်း မစဲနိုင်
စားလက်စပန်းသီးလည်း ချဉ်သထက်ချဉ်လာတယ်ကွာ...


ဘာတွေ ထပ်ခံတွင်းပျက်ဦးမှာလဲ
ဘယ်လို လှိုင်းတွေထန်ဦးမှာလဲ
ခံနိုင်ရည်တံတိုင်းတွေ ပြိုကျတောင်
ငါပြုံးနေဖို့ ကြိုးစားနေဦးမှာပါပဲ
ဒါပေမယ့် သေချာတယ်...
ရင်ထဲက ချစ်တယ်...




nunki (နန်ကီ)

0 comments

I need you now

ဘယ်နှစ်ကြိမ်ပြောရမှာလဲ
ဘယ်အချိန်မှ သိမှာလဲ
လိုအပ်ချိန်တိုင်း အနားမှာမရှိတတ်တဲ့ ချစ်သူလေး....
ဘာတွေထပ်ဖြစ်ဦးမှာလဲ
ဘယ်လိုတွေ လျစ်လျူရှုဦးမှာလဲ
ပြောတယ်... ဘယ်တော့မှ မနာကျင်စေရပါဘူးတဲ့...
ရင်ဘတ်ထဲမှာ ဘလောင်ဆူနေလည်း သူမသိဘူး
စိတ်ဓါတ်တွေ မီးတောက်နေလည်း သူမရှိဘူး
ရှိုက်သံတွေ ကျယ်လောင်နေလည်း သူမကြားဘူး
I need you...
ဒါပေမယ့် သူ သိမှာမဟုတ်ပါဘူးလေ....

nunki (နန်ကီ)
Wednesday, March 16, 2011 0 comments

နိုင်ငံခြားမှာ ကျောင်းလာတတ်ချင်ကြသော မြန်မာကျောင်းသားများကို ပြောပြချင်ပါတယ်။

ဒါလေးကတော့ နန်ကီ မြင်တွေ့ရတာတွေ တွေ့ကြုံရတာတွေကို share လုပ်ပေးတဲ့သဘောလောက်ပါ။ နိုင်ငံခြားကို ကျောင်းလာတတ်ချင်တဲ့ကျောင်းသားတွေအတွက် ခွန်အားတစ်ခု ဒါမှမဟုတ် လမ်းကြောင်းတစ်ခု ပေးနိုင်လိမ့်မယ်ထင်ပါတယ်။


အရင်ဆုံး ကြိုးစားပါ။ ကိုယ်ကြိုးစားနိုင်တဲ့ အတိုင်းအတာကိုကြည့်ပြီး သင့်တော်ရာကိုမှန်းပါ။ ဘာလို့အခုလိုတွေ ပြောနေတာလဲဆို တော့ အကောင်းဆုံးကောလိပ် တက္ကသိုလ်မှ သွားချင်လို့အချိန်တွေ အီလေးဆွဲနေတာတွေအများကြီးကို သူငယ်ချင်းတွေထဲမှာ တင်တွေ့နေရလို့ပါ။မသွားရဘူးလို့မပြောပါဘူး။ အကောင်းဆုံးကျောင်းတွေကို တန်းသွားခဲ့တဲ့ မြန်မာကျောင်းသားတွေ တော်တော် များများရှိပါတယ်။ သူတို့ကသွားနိုင်တယ်ဆိုတာလည်း အဲ့လိုကျောင်းသားမျိုးတွေက အပျော်ဆိုတာကိုသိပ်နားမလည်ဘဲ အချိန် ပြည့် ကျောင်းစာမဟုတ်ရင်တောင် သူတို့လေ့လာမယ့်ဘာသာရပ်နဲ့သက်ဆိုင်တဲ့ ဗဟုသုတကို အမြဲတမ်းရှာဖွေနေကြတဲ့သူတွေပါ။ ကိုယ့်ကိုကိုယ်မေးပါ။ ကိုယ်က အဲ့လိုဖတ်နိုင်သတဲ့လား။ နန်ကီကတော့ မဖတ်နိုင်ဘူး။ ရှင်းရှင်းပဲ။ အဲ့ဒါကြောင့်လည်း သိပ်အ ကောင်းကြီးမဟုတ်တဲ့ကျောင်းကို ရွေးလိုက်တာပေါ့။ အခု ယောင်္ကျားလေးတွေတော်တော်များများမှာဖြစ်နေတာက MIT တို့ NYU တို့လို အရမ်းမြင့်တဲ့ကျောင်းကိုလည်းသွားချင်သေးတယ်၊ ဂိမ်းဆော့တာလည်းမပြတ်ဘူးဆိုရင် အဲ့လိုစကားပြောပြီး admission မ၀င်ဘူးလို့ လာညည်းပြနေရင် ပြန်သရော်မိမှာပဲ။ အဲ့ဒီကျောင်းတွေကို မ၀င်မချင်း အမေရိကားမှာကျောင်းလာမတတ်ဘူးဆိုရင် အဲ့လောက်ကြိုးစားမှုနဲ့ဆိုရင် အချိန်ကုန်ခံမနေနဲ့။ အလုပ်တစ်ခုခုသာလုပ်လိုက်တော့။ ဘာမှမထူးဘူး အချိန်တွေကုန်နေတာ သက်သက်ပဲ။ 

ပြီးတော့ အဲ့လိုကျောင်းမျိုးတွေရဲ့ကျောင်းလခက ခေါင်ခိုက်နေတာပဲ။ မြန်မာရဲ့ ငွေတန်ဖိုးက ဒီလောက်နိမ့်တာ။ ပေးရတဲ့မိဘတွေ မသက်သာဘူး။ အဲ့ဒီတော့ scholarship ရအောင်လုပ်မှာပေါ့လို့ပြောမယ်မလား။ ပြောပြီးပြီလေ... ဒီလောက်နဲ့တော့ မရနိုင်ဘူး။ အဲ့တော့ တော်ရာကိုအရင်မှန်း။ ဒီမှာ စာအရမ်းလိုက်နိုင်တော့မှ ကိုယ်လိုချင်တဲ့ကျောင်းကို တဆင့်ဆင့်ပြောင်းတာက အတွေ့အ ကြုံရတဲ့အပြင် အချိန်လည်းမကုန်တော့ဘူးပေါ့။ အခုဆိုရင် visa ရဖို့လည်း ဘယ်လောက်ခက်တယ်ဆိုတာ လူတိုင်းသိတာပဲ။ အခု နောက်ပိုင်း မရတဲ့သူတွေမေးလိုက်ရင် အသက်ကြောင့်ဖြစ်တာများတယ်။ အခု မြန်မာကျောင်းသားတွေက SAT TOEFL လုပ်ပြီ ဆိုရင် အစိုးရကျောင်းတောင်တတ်တော့တာမဟုတ်။ ဘွဲ့မရဘဲ ဒီဘက်ကိုလုပ်တာနဲ့ပဲ တော်တော်အချိန်ကုန်နေ ကြတာလေ။ နန်ကီ ကိုယ်တိုင်ကလည်း အစိုးရကျောင်းမတတ်ခဲ့ပါဘူး။ အဲ့တော့ visa မှာဘာမေးလဲဆိုတော့ " နင့် အသက်က ၁၉ ၊ ၂၀ ဖြစ် နေပြီ။ နင် SAT TOEFL လုပ်တာ သုံးလေးနှစ်တောင်ကြာရသလား" တဲ့။ သူတို့ဆိုလိုချင်တာက သင်ဟာ တကယ်ကျောင်းသွား တတ်မယ် ဆိုရင် အခုလို ငယ်တဲ့အရွယ်ထဲက ကျောင်းစာနဲ့အမြဲထိတွေ့နေရမယ်။ နို့မိုဆိုရင် သင်ဟာတကယ်ကျောင်းသွားတတ် မယ်ဆိုတာ သူတို့မယုံဘူး။ သူငယ်ချင်းတစ်ယောက်လည်း နန်ကီထက် visa ၀င်တာစောပေမယ့် အခုထိ visa မရသေးဘူး။ သူလည်း အဲ့လို အကြောင်းပြချက်နဲ့ အငြင်းခံလိုက်ရတာ။ နန်ကီ ဒီကိုထွက်လာတုန်းက ၂၀ ရှိပါပြီ။ ဒါဆို နန်ကီ ဘာလို့ visa ရလဲလို့မေးမယ်မလား။ ဟုတ်ပါတယ်။ နန်ကီက အစိုးရကျောင်းမတတ်ပေမယ့် UK ကပေးတဲ့ diploma ကို မြန်မာပြည်က MHR center ကနေရထားလို့ပါ။ နန်ကီ MHR မှာတတ်တဲ့ diploma က UK ကတဆင့်ပေးတာဆိုတော့ သင်ထားသမျှဘာသာတွေ ဒီမှာ credit အကုန်ရတယ်။ ပြန်တက်စရာမလိုတော့ဘူး။ နန်ကီပြောချင်တာ အဲ့လိုမျိုးပေါ့။ SAT TOEFL ကို တကယ်အားထုတ် ပြီးလုပ်ရင် သုံးလေးနှစ်မကြာဘူး။ အဲ့လောက်ကြာတယ်ဆိုတာ အပျော်လေးလုပ်လိုက် စာလေးနည်းနည်းလုပ်လိုက်နဲ့မို့ပါ။ အဲ့လို အေးအေးဆေးဆေးလေးလုပ်ချင်တယ်ဆိုရင် ဘွဲ့လေးတစ်ခုပါရအောင်လုပ်ထား။ ဂိမ်းဆော့ရင်းနဲ့ အချိန်တွေမကုန်စေပါနဲ့။


အဲ... ခုနကပြောသလို အရမ်းမြင့်တဲ့ကျောင်းတွေကိုမှန်းရင်လည်း ချက်ချင်းစာလိုက်နိုင်ဖို့ခက်ပါတယ်။ ကိုယ်က နယ်မြေအသစ် ကိုရောက်လာတာဆိုတော့ အိမ်လွမ်းတာတွေ ရည်းစားလေးကိုလွမ်းတာတွေ.. အများကြီးပေါ့။ ချက်ချင်းအသားကျမှာမဟုတ် တော့ စာကလည်းအရမ်းခက်မယ်ဆိုရင် ကိုယ်ပဲစိတ်ညစ်ရမှာ။ ရည်မှန်းချက်ကတော့ လူတိုင်းမြင့်တာပဲ။ နန်ကီတောင် Harvard က ဘွဲ့ရရမယ်လို့ ဆုံးဖြတ်ထားတာပဲ။ ဒါပေမယ့် အဲ့လောက် အမြင့်ကြီးခုန်တက်ရအောင်... နိုး မဖြစ်နိုင်သေးဘူး။ မဖြစ်နိုင်ဘူး မပြောဘူးနော်။ အခု မဖြစ်နိုင်သေးတာ။ အဲ့တော့ မြန်မာကျောင်းသားတွေစဉ်းစားသင့်တာက အသင့်အတင့်လေးနဲ့ scholarship လည်းရမယ့် ကျောင်းမျိုးကိုအရင်လာ။ ဒါမှ အောက်ခြေခိုင်မှာ။ ပြီးမှ ဆက်ပြီး ကိုယ်လိုချင်တဲ့ ကျောင်းကိုပြောင်း။ ဒါဆို ပိုက်ဆံပို ကုန်တာပေါ့လို့ ပြောချင်တာလား။ ဒါပေမယ့် နိုင်ငံခြားမှာ တစ်ယောက်တည်းလာနေရတော့ ကိုယ့်ကိုကိုယ် ဘယ်လိုစောင့် ရှောက်ရမလဲ၊ လူတွေနဲ့ ဘယ်လိုအဆင်ပြေအောင်ဆက်ဆံရမလဲ၊ ဘ၀ဆိုတာ ဘယ်လောက်ခက်ခဲလဲဆိုတာတွေ သိလာရလိမ့် မယ်။ စိတ်ဓါတ်ရေးရာ ခိုင်မာလာအောင် အတွေ့အကြုံတွေက အများကြီးသင်ပေးတယ်။ လူက ပိုပြီး ရင့်ကျက်လာတယ်။ အဲ့ဒီ တော့ တကယ်လိုချင်ရင် တကယ်လုပ်။ တကယ်မလုပ်နိုင်ရင် တစ်ဆင့်ချင်းနဲ့ တက်ပါ။ ခုန်ကျော်နေလို့ကတော့ သင့်ရဲ့အချိန်တွေ သာ ကုန်သွားပါလိမ့်မယ်။


နောက်ပြီး မြန်မာနိုင်ငံမှာနေရင်းနဲ့ ဘာသာစကားတွေ၊ သင်တန်းတွေ အားသလောက်တတ်ထားပါ။ ဒါတွေက ဘယ်တော့မှ အချီး အနှီးမဖြစ်ပါဘူး။ ဒီရောက်မှ လေ့လာဖို့ဆိုတာ ငွေရေးကြေးရေးအရ ဈေးကြီးသလို သင်နည်းသင်ဟန်ကလည်း လုံးဝကိုက် မှာမဟုတ်ဘူး။ ဥပမာဆိုရင်... နန်ကီ ပြင်သစ်စာနဲ့ spanish သင်ချင်တယ်။ မြန်မာပြည်မှာတုန်းက spanish သင်ဖို့ ရှာတယ်။ သင်တန်းတွေ ရှိတော့ရှိတယ်။ သိပ်အဆင်မပြေဘူး။ ပြင်သစ်စာကျတော့ အင်္ဂလိပ်စာနဲ့ ရောမှာစိုးလို့ ဘာလို့နဲ့ နည်းနည်းလေးပဲ သင်ဖြစ်တယ်။ ဒီရောက်တော့ သူများပြောတာကို နားလည်ချင်တယ်၊ သူများ ပြောသလိုပြောတတ်ချင်တယ်။ တခြားနိုင်ငံကလာ တဲ့သူတွေအတွက်က သူတို့ဘာသာစကားက တော်တော်လေးလူသိများတယ် ဥပမာ တရုတ်၊ ဂျပန်၊ ကိုရီးယား... ကိုယ့်ဘာသာ စကားမပြောနဲ့ ကိုယ့်နိုင်ငံပြောရင်တောင် ဟမ် ဆိုတာ မထွက်ရင်မပြီးဘူး။ မသိကြတာများတယ်။ ကိုယ့်ဘာသာစကားကို ချစ်တာ က ချစ်တာတပိုင်း။ သူများနဲ့ တန်းတူဖြစ်အောင် တခြားဘာသာစကားတွေလည်း တတ်ထားသင့်ပါတယ်။


အဓိကကတော့ အချိန်တွေ မကုန်ပါစေနဲ့။ ဆယ်တန်းအောင်ခါစက နန်ကီ့အဖေ ပြောခဲ့သလိုပေါ့။ "သမီး သွားတက်ကြည့်လိုက်ပါ။ လမ်းကြောင်းတစ်ခုမြင်လာလိမ့်မယ်" နန်ကီ အမေရိကား မလာခင်ကလည်း ထပ်ပြောပါတယ် "သမီး သွားကြည့်လိုက်ပါ။ တစ်ခုခု တော့ ရလာမှာပါ" တဲ့။ အဲ့လိုပဲ လာကြည့်လိုက်ပါ။ အပြောင်းအလဲကိုကြောက်တယ်ဆိုပေမယ့် ကောင်းသောပြောင်းလဲခြင်းဖြစ်ဖို့ များပါတယ်။


nunki (နန်ကီ)
(ဝေဖန်မှုများကို ပက်ပက်စက်စက် လက်ခံသည်)
Thursday, March 10, 2011 1 comments

ဘ၀လက်တွဲဖော်ကို ရွေးချယ်တဲ့အခါ...


ဒီနေ့ မနက် သူငယ်ချင်းက နှိုးလိုက်တာကြောင့် မနက် ၃ နာရီကတည်းက နိုးနေခဲ့တယ်။ မနိုးရင် လုံးဝ မနိုး၊ နိုးရင်လည်း ပြန် အိပ်လို့မရတော့တာ နန်ကီရဲ့အကျင့်။ အဲ့ဒါနဲ့ သီချင်းတွေ download ဆွဲလိုက်၊ သီချင်းနားထောင်လိုက်၊ facebook ပေါ်တက် လိုက်နဲ့ပေါ့။ အဲ့ဒီမှာ ကို @V တင်ထားတဲ့ "ချစ်သူကို စိတ်ကောက်တတ်သော သူငယ်ချင်းများအတွက်" ဆိုတာလေးကိုမြင်တော့ အရမ်းစိတ်ဝင်စားသွားတယ်။ နန်ကီကိုယ်တိုင်ကလည်း ခဏခဏစိတ်ကောက်တတ်တာကိုး။ ဖတ်လိုက်တော့ ချစ်သူတွေ စိတ်ကောက် တဲ့အကြောင်းမဟုတ်ဘဲ အိမ်ထောင်ရေးတစ်ခုမှာ ကြားလူတွေဝင်လာလို့ အိမ်ထောင်ရေး ပြိုကွဲမတတ်ဖြစ် ခဲ့ရတဲ့ ဇာတ်လမ်းလေးဖြစ်နေတယ်။ မိဘတွေ ဆွေမျိုးအသိုင်းအ၀ိုင်းကို ကြားလူလို့ ပြောရင် အရမ်းတရား လွန်သွားမလား။ ရိုင်းသွားမ လား။ ဒါပေမယ့် အဲ့ဒါက အမှန်ပါပဲ။

မိသားစုချင်းတောင် နားမလည်နိုင်တာ.. ကိုယ့်ဆီပါလာ မယ့် ဇနီး ယောင်္ကျားရဲ့ တဖက် မိသားစုဆိုတာ ပိုတောင်ဆိုးတာပေါ့။ အတတ်နိုင်ဆုံးနားလည်အောင် ကြိုးစားနိုင်ရင် အကောင်းဆုံးပဲပေါ့။ နန်ကီ အိမ်ထောင်ရေးကို စိတ်ကုန်တယ်လို့ ပြောရင် အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘူးလို့ ပြောရင် လူတွေက တအံတသြနဲ့ မဖြစ်နိုင်တာလို့ပြောကြတယ်။ စဉ်းစားရင် ဟုတ်ပါတယ်။ အိမ်ထောင်မပြုရင် အသက်ကြီး လာရင် ဒုက္ခ။ တကယ်တော့ နန်ကီ ၁၆ နှစ် ၁၇ လောက်တုန်းကတော့ အိမ်ထောင်ရေးကို အရမ်းစိတ်ဝင် စားပါတယ်။ သာယာတဲ့ အသိုက်အမြုံလေးတစ်ခု အမြဲလိုချင်ခဲ့တယ်။ အခြေအနေတစ်ခုခုကြောင့် မိဘများက ကိုယ့်ကို အချိန်အများကြီးမပေးနိုင်တာကြောင့် ကိုယ်အိမ်ထောင်ပြုခဲ့ရင်တောင် မိသားစုက ပထမဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့တာ။ ဒါပေမယ့် ၁၇ ကျော်ကျော်လောက်မှာ ဒေါ်နန်ကီ ၀တ္ထုအသေဖတ်တဲ့ အချိန်ပေါ့။ စာရေးဆရာ၊ ဆရာမ ဘယ်သူမရွေးဘူး... ခေါင်းစဉ်ကို စိတ်ဝင်စားရင် အကုန်ဖတ်တယ်။ အဲ့ဒီ အချိန်မှာ ဘယ်ဝတ္ထုကလဲ မသိ၊ အကြောင်းအရာတစ်ခုက နန်ကီ့ရဲ့ ရင်ထဲကို သံနဲ့ရိုက်သလို စွဲပြီး နစ်ဝင်သွားတယ်။


အဲ့ဒီ ၀တ္ထုလေး အကြောင်းကိုတော့ အကျဉ်းချုပ်လောက်ပဲပြောပါမယ်။ ကောင်လေးနဲ့ ကောင်မလေးတို့ ချစ်ကြတယ်ပေါ့။ ကောင် လေးက တယောထိုးသင်တဲ့ဆရာပေါက်စလေး။ ကောင်မလေးက ချမ်းသာတဲ့ မိသားစုအသိုင်းအ၀ိုင်းကလာတဲ့ ဆရာဝန် လောင်းလေး။ စဉ်းစားကြည့်ရင် ပြဿနာကို တွေးကြည့်လို့ ရပါတယ်။ ကောင်မလေးဘက်ကသဘောမတူတော့ ကောင်မလေးက သူ့မိသားစုကိုစွန့်ပြီး ကောင်လေး ခေါ်ရာ ကောက်ကောက်ပါလိုက်သွားခဲ့တယ်။ နှစ်ယောက်သားအရမ်းချစ်ကြပေမယ့် ကြားလူလို့ ပြောလို့ရ တဲ့ ကောင်လေးရဲ့ မိဘတွေ မောင်နှမတွေက သွေးထိုးတာတွေကြောင့် ကြာလာတော့ တော်တော်လေး အဆင်မပြေ ဖြစ်ကြ၊ ရန်ဖြစ်ကြနဲ့ပေါ့။ အဲ့ဒါနဲ့ ကောင်မလေးက ဘယ်မှာပဲနေရ နေရ.. အတူတူမနေရရင်ပြီး ရောဆိုပြီး တဲပုတ်လို့မ ခေါ်နိုင်ပေမယ့် အဲ့လောက်သာသာလောက်ပဲရှိတဲ့ နေရာမှာပဲ သက်သက်သာသာ နဲ့ရှာပြီး ခွဲနေကြတယ်။ အဲ့ဒီမှာ ကောင်လေးက သူရှာလို့ရသမျှကို သူ့အမေအိမ်အကုန်အပ်၊ ပစ္စည်းတွေ ၀ယ်ပေးနဲ့။ ကောင်မလေးခမျာ ကောင်လေးပြန်လာရင် ဖွယ်ဖွယ်ရာ ရာစားနိုင်အောင် အတတ်နိုင်ဆုံးပြင် ဆင်နေတာပေါ့။ ဒါပေမယ့် ကောင်လေးကလည်း ပိုက်ဆံပြန်မအပ် ကောင်မလေးကလည်း ကျောင်းသူဆို တော့ အလုပ်မရှိနဲ့... နေ့စာ ညစာတွေက မဖွယ်မရာဖြစ်လာတာပေါ့။ ကောင်မလေးမှာပါလာတဲ့ လက် ၀တ်ရတနာကလည်း သူတို့ အိမ်ခွဲမနေခင်ကတည်း ယောက္ခတွေ ခယ်မတွေ ချူတာနဲ့ တော်တော်ချာ သွားခဲ့ပြီ။ နောက်ပိုင်း မဖွယ်ရာတဲ့ အစားအသောက်တွေကြောင့် ကောင်မလေးကို ရန်ရှာသောင်းကျန်ပါ တော့တယ်။ အဲ့ဒီ့နောက်ပိုင်း ကောင်လေးက အိမ်ပြန်ထမင်းမစား ဘာမစားနဲ့ နောက်ဆုံး အိပ်မှပဲ အိမ်ပြန်တော့တဲ့အဆင့်ရောက်သွားပါတော့တယ်။ ကောင်မလေးက သည်းမခံနိုင်တဲ့အဆုံးမေးတဲ့အခါ ကောင်လေးပြောလိုက်တဲ့ စကားက နန်ကီရင်ထဲမှာ ခုထိပဲ့တင်သံထပ်နေတုန်းပဲ။
"လောကကြီးမှာ အမေဆိုတာ နှစ်ခါပြန်မရဘူး၊ မိန်းမဆိုတာ ဘယ်နှစ်ခါရှာရှာပြန်ရနိုင်တယ်ကွ" တဲ့။
ပြောရက်လေခြင်း.... အမေဆိုတာ နှစ်ခါပြန်မရဘူး မှန်တယ်ဆိုပေမယ့် မိန်းကလေးတစ်ယောက်ကို နစ်မွန်းအောင်ဆွဲခေါ်ခဲ့ပြီးမှ ခိုလှုံစရာအရိပ်မပြောနဲ့ သူ့အိမ်ရိပ်တောင် သူမနင်းနိုင်အောင်လုပ်ပြီးမှ သွားချင်ရာသွား ငါကတော့ ငါ့အမေနားမှာ နေဦးမှာပဲဆို တာကြီးကတော့ လူမဆန်တဲ့အတွေးမျိုးပါ။ ဒါက ၀တ္ထုတစ်ခုပဲ၊ အပြင်မှာရှိမှာမှမဟုတ်တာလို့ ပြောကြပေမယ့် ဘယ်သူကအပ် တပ်ပြောနိုင်မှာလဲ။ ပြောရရင် နန်ကီလည်း မိသားစုကို အရမ်းချစ်တဲ့သူတစ်ယောက်ပါ။ ဘယ်လောက်ပဲချစ်ချစ် ကိုယ့်ဘ၀ကိုတော့ ကိုယ်ကပဲဆုံးဖြတ်ရမှာပါ။ သူတို့ဝင်စွက်ဖက်မယ်ဆိုရင်တောင် အတိုင်းအတာတော့ရှိတာပဲမဟုတ်လား။

အထက်ကပြောခဲ့တဲ့ ပုံပြင်လေးလိုပါပဲ။ ယောင်္ကျားလေးတွေက ကိုယ့်ဇနီးနဲ့ အမေ ဆိုရင် အမေကို ရွေးကြတာပဲလား?? မနှိုင်း ယှဉ်ကောင်းပါဘူး သိပါတယ်။ ဒါပေမယ့် ဘာလို့ အမှန်တရားကို မမြင်ကြ တာလဲ။ ဘာလို့ ဘက်မျှအောင်မတွေးနိုင်ကြတာလဲ။ နန်ကီ ဒီဝတ္ထုလေးတစ်ခုတည်းကြောင့် ယောင်္ကျားမ ယူမယ့် ဆုံးဖြတ်ချက်တွေခိုင်မာနေတာမဟုတ်ပါဘူး။ တခြားအတွေ့အကြုံ တွေ့လည်း ကိုယ်တိုင်မကြုံပေမယ့် ကိုယ့်ရှေ့မှာဖြစ်ပျက်နေတာတွေမြင်နေခဲ့ရလို့ပါ။ ချစ်သူတွေမှာ တကယ်တမ်း တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြပြီဆိုရင် စာချုပ်ကလိုသေးလို့လား၊ တခမ်းတနားနဲ့စင်မြင့်ပေါ်တတ်ဖို့လိုသေးလို့လား။ Living together ဆိုတာကြားရတာသာ သိပ်မရင်းနှီးသေးပေမယ့် နှစ်ဦးနှစ်ဖက်လုံးအတွက် ပိုကောင်းတဲ့ choice တစ်ခုဖြစ်နိုင်တယ်လို့မြင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တကယ်ချစ်ကြပြီ ဆိုရင် အဓိက ကနှစ်ယောက်စလုံး အဆင်ပြေဖို့ပဲမဟုတ်ဘူးလား။ အဲ့ဒီ တော့ ကောင်မလေးတွေ သိသင့်တာက...
- အပေါ်ယံကြည့်ရုံနဲ့ လူတစ်ယောက်ကို ဘ၀တစ်ခုလုံးအတွက် ပုံအပ်ဖို့မစဉ်းစားပါနဲ့
- ခဏလေးတွေ့တွေ့ပြီး ကိုယ့်အပေါ်ကောင်းနေတာက တချိန်လုံးကောင်းနေမှာပါလို့ မယုံမှားလိုက်ပါနဲ့
- လက်ထပ်ဖို့ဆုံးဖြတ်တာဟာ ဘယ်သူ့ဖိအားကြောင့်မှမဖြစ်စေပါနဲ့ (ဥပမာ သူငယ်ချင်း၊ မိသားစု၊ ကိုယ့်ချစ်သူ)
- တကယ်လက်ထပ်ဖို့ စဉ်းစားပြီဆိုရင် နေထိုင်ရေးကအစ သေသေချာချာညှိုယူပါ
-နောက်ဆုံးတစ်ချက်ကတော့ သူ ကိုယ့်အပေါ်ဘယ်လောက်သည်းခံနိုင်မလဲ စဉ်းစားမယ့်အစား ကိုယ်သူ့ပေါ်ကို ဘယ်လောက် သည်းခံနိုင်မှာလဲဆိုတာကို တွေးပြီးမှ လက်ထပ်ဖို့ မလက်ထပ်ဖို့ စဉ်းစားပါ။


နန်ကီက ညီမငယ်များအားလုံးကို နန်ကီ့လို အိမ်ထောင်မပြုဖို့ အပျိုကြီး စာရင်းသွင်းနေတာလားမေးရင်.. ဟဲဟဲ မဟုတ်ရပါဘူး ရှင်။ နန်ကီက သိပ်သိ သိပ်တတ်မဟုတ်ပေမယ့် အကုန်လုံးကို တကယ်သာယာတဲ့ အိမ်ထောင်ရေးတစ်ခုပိုင်ဆိုင်စေချင်တာပါ။ ကိုယ့်ဘက်က ready မဖြစ်သေးရင်... အိမ်ထောင်ပြုဖို့ကို အလျင်စလိုမဆုံးဖြတ်ကြပါနဲ့လို့....

nunki (နန်ကီ)
Monday, March 7, 2011 0 comments

သူ ငါ့ကို တကယ်ချစ်ရဲ့လား??? ဘယ်လိုသိနိုင်မလဲ ???

ဒါလေးကို ရေးဖြစ်တဲ့ အကြောင်းလေးက ညီမလေး Black/white ကြောင့်ပါပဲ။ သူက skype ပေါ်မှာ စကားပြောနေကြရင်း "အမ... လူတစ်ယောက်က ကိုယ့်ကို တကယ်ချစ်တယ် မချစ်ဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ" တဲ့။ နည်းနည်းလေးတော့ ဇဝေဇ၀ါဖြစ်သွားတယ်။ အဲ့ဒီ မေးခွန်းကို တကယ်မှ မစဉ်းစားမိဘူး။ အမြဲတမ်းယူဆခဲ့တာက သူက ကိုယ့်ကို ချစ်ပါတယ်ဆိုမှတော့ ချစ်လို့ပဲပေါ့လို့ ထင်ခဲ့တာ။ အဲ့ဒါနဲ့ ထုံးစံအတိုင်း google ပါတယ်။ ဒီစောင်းပါးလေးကို သွားတွေ့ပါတယ်။
Does he really love me???
အချစ်ကို ရှာဖွေတွေ့ရှိဖို့ဆိုတာ တော်တော်ခက်ပါတယ်။ relationship တစ်ခုထဲကို ပြန်ဝင်လိုက် ပြန်ထွက်လိုက် ဖြစ်နေတာမျိုး လည်း သင့်ရဲ့ဘ၀မှာ ကြုံဖူးမှာပါ။ သင် အချစ်ဆိုတာကိုတွေ့ရှိပြီဆိုရင် ပျော်ရွှင်မှုတွေ ခံစားရပြီး လောကကြီးက အရင်နဲ့မတူ လှပနေတတ်ပါတယ်။ သင့်ရဲ့ စိတ်လှုပ်ရှား ခံစားမှုတွေကို ဘယ်အရာကမှ ခြေဖျက်လို့မရနိုင်တဲ့အထိပေါ့။ ဒါပေမယ့် "သူ ငါ့ကို တကယ်ချစ်ရဲ့လား" ဆိုပြီး သင့်ကိုယ်သင် မေးလေ့ရှိတယ်မလား။ သင့်ရဲ့ အချစ်တွေ ခံစားချက်တွေ ကို သင့်ကို ရက်ရက် စက် စက် အသည်းခွဲသွားမဲ့သူဆီမှာ အလကားက အကုန်မခံချင်ဘူး မဟုတ်လား။

အားလုံးက တစ်ယောက်နဲ့ တစ်ယောက်မတူကြဘူးဆို အားလုံး သိထားတဲ့အတိုင်းပါပဲ။ တစ်ချို့ ယောင်္ကျားလေးတွေက ခံစား ချက်ကို ပွင့်ပွင့်လင်းလင်းဖော်ပြတတ်ပေမယ့် တစ်ချို့တော့ ကျိတ်ကျိတ်လေး ခံစားပြီး ချစ်နေရတာကို ပိုသဘောကျတတ်ပါ တယ်။ သူ သင့်ကို တကယ်ချစ်လား မချစ်လားသိချင်ရင်တော့ သူရဲ့ သင့်အပေါ် အပြုအမူတွေ၊ သူရဲ့ လှုပ်ရှားမှုက ပြောတဲ့ စကား တွေ၊ ပြီးတော့ သင့်ကို သူဘာတွေပြောပြလဲဆိုတာကို လေ့လာကြည့်ပေါ့။

ယောင်္ကျားလေးတစ်ယောက်က သင့်ကို တကယ်ချစ်ပြီဆိုရင် သင်နဲ့ ပတ်သက်ပြီး သူ့မှာဖြစ်ချင်တာတွေ များနေမယ်။ သူအမြဲ တမ်း သင်ကို ဖုန်းဆက်ဖို့၊ သင်နဲ့ တွေ့ဖို့၊ သင်နဲ့ အချိန်တွေကုန်ဆုံးဖို့ကို စိတ်အား ထက်သန်လိမ့်မယ်။ သင့်ကို သူက အရမ်း ချစ်တယ်ဆိုရင် သင် ဘာတွေးနေလဲက အစ သင့်ရဲ့ အတွေး တွေကို သူသိချင်နေလိမ့်မယ်။ သင့် သူ့နားမှာရှိတဲ့အချိန်ဆိုရင် သူ အရမ်း တက်ကြွနေလိမ့်မယ်။

သူသင့်ကို ချစ်ပြီဆိုရင် သူရဲ့ အိမ်မက်တွေ၊ ဘ၀ရည်မှန်းချက်တွေနဲ့ ခံစားချက်တွေကို ပြောပြမယ်။ သူဘ၀ရဲ့ အပျော်ဆုံးအချိန် တွေ စိတ်ညစ်ခဲ့ရတဲ့အချိန်တွေကို ဝေမျှလိမ့်မယ်။ သူက သင့်ကို တကယ်ချစ် ပြီး သူ့ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပါစေချင်ရင် သူရဲ့အကြောင်းတွေကို သင့်ကို အသေးစိတ်ပြောပြ ပါလိမ့်မယ်။ "ကို ဒီအကြောင်းကို ဘယ်သူ့ကိုမှ တစ်ခါမှတော့ မပြောဖူးဘူး.. ဒါပေမယ့်.... " အဲ့လိုစလာ ပြီဆိုရင်တော့ အခြေအနေကောင်းတဲ့ အနေအထားလေးပါ။

နောက်တစ်ချက်က သင် သူ့ကို မသိခင်ကတည်း သူနဲ့ သိတဲ့သူတွေပြောတာကို နည်းနည်းနားစွင့်ထားပါ။ သူရဲ့ သူငယ်ချင်း ဒါမှမ ဟုတ် မိသားစုက သင်နဲ့ တွေ့မှ သူ ပိုပြီး ပျော်လာပုံရတယ်လို့ ပြောသလား။ သူပြောသမျှ စကားတွေထဲမှာ သင့်အကြောင်းတွေပဲ ဖြစ်နေတတ်လား။ ဒါဆိုရင်တော့ သင်ဟာ သူ့ရဲ့ အတွေးထဲမှာတင်မကပဲ... သူ့ရင်ထဲက နေရာတစ်ခုကို သင်ပိုင်ဆိုင်လိုက်ပါပြီ။

သူက သင့်အတွက် စွန့်စားမှုတွေကို ပြုလုပ်တတ်ပါလား။ စွန့်စားတယ်ဆိုတာ အန္တရာယ်ရှိတဲ့အရာတွေ လုပ်မှ မဟုတ်ပါဘူး။ ဥပမာဆိုရင် သူက ကတာကို မုန်းတယ်။ ဒါပေမယ့် သင်က ကတာကိုကြိုက်နှစ် သက်လို့ သူက ကဖို့ကြိုးစားတာလေးမျိုးပေါ့။ သူက သင့်အတွက် ဘာပဲလုပ်ပေးရ တန်တယ်လို့ထင်ရင် သူ မကြိုက်တဲ့ သက်တောင့်သက်သာမရှိတဲ့ အရာတွေကို ကြိုးစားပြီး လုပ်ပေးပါလိမ့်မယ်။

ဒီတော့ သူက အစပိုင်းမှာ သူ့ရဲ့အချစ်တွေ ခံစားချက်တွေကို သိပ်မပြဘူးဆိုရင် မစိုးရိမ်ပါနဲ့။ တကယ်ချစ် လာပြီဆိုရင် ခံစားချက် တွေက ပွင့်အထွက်လာမှာပါ။ သင့်ကို တကယ်ချစ်တဲ့ယောင်္ကျားဟာ သင်နဲ့ ကစားမှာမဟုတ်သလို သင့်ဘက် တုန့်ပြန်မှုကြီးပဲ စောင့်နေမှာမဟုတ်ပါဘူး။ သူတကယ်ချစ်တယ်ဆိုရင် သင့်ကို သူ လိုအပ်နေမှာပဲ... အချိန်တိုင်း အရာအားလုံးတိုင်းအတွက်ပေါ့။

ဒါလေးကတော့ နန်ကီ website တစ်ခုမှာရှာတွေ့တာလေးကို ဘာသာပြန်ပေးလိုက်တာပါ။ စာရေးဆရာ Sharon A ဖြစ်ပါတယ်။ ချစ်ညီမငယ်များအားလုံး ကိုယ့်ရဲ့ စစ်မှန်တဲ့ နှလုံးသားတစ်စုံကို ရှာဖွေတွေ့ရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

nunki (နန်ကီ)
Ref : http://www.life123.com/relationships/dating/falling-in-love/does-he-really-love-me.shtml
Thursday, March 3, 2011 2 comments

နင် နဲ့ ငါ


ချစ်သူ
နာကျင်မှုတွေကြောင့် အားငယ်ခဲ့တဲ့နင်
လွမ်းဆွတ်မှုတွေကြောင့် စိတ်ပျက်ခဲ့တဲ့ငါ
မပြီးပြည့်စုံတဲ့ ဘ၀နှစ်ခု
ဆုံမှတ်မှာ တစ်ထပ်တည်းကျတဲ့အခါ
အဓိပ္ပါယ်တွေ ပိုလေးနက်လာတယ်။

လေးနက်မှုတွေကို ငါခြေရာလိုက်ခဲ့ပေမယ့်
နင်မပါခဲ့ဘူး ငါတစ်ယောက်တည်း
အားမရှိခဲ့ဘူး သိမ်ငယ်ခဲ့တယ်
နောက်ဆုံး နာကျည်းခဲ့ပြီ။

နင်မက်တယ် ပြောခဲ့တဲ့အိပ်မက်
ငါယုံကြည့်ခဲ့တဲ့ မျှော်လင့်ချက်
လှည့်ကြည့်တိုင်း အရိပ်ခြေပျောက်
ပြေးလိုက်တိုင်း လမ်းပျောက်ခဲ့တယ်
နင်ဘေးမှာ မရှိတဲ့အချိန်မှာလေ။

နင့်ရဲ့ လျစ်လျှူရှုမှုတွေ ငါ့ပေါ်ကျလာတဲ့အခါ
အားငယ်တတ်တဲ့ ငါ့နှလုံသား
ခြောက်ချားပြီး ကမ္ဘာပျက်ခဲ့တယ်
နင်သိခဲ့တယ်
ဒါပေမယ့် ငါ့မျက်ရည်တွေကို နင် ဂုဏ်ယူတတ်နေပြီလေ။

ငါကြိုးစားပါတယ် အစွမ်းကုန်ပဲ
ရှုံးနိမ့်မှုတွေကို ကြောက်ရွံ့ပေမယ့်
နာကျင်မှုတွေက ခွန်အားတွေဖြစ်ခဲ့ပြီ။
နင့်လိုပဲပေါ့
ငါ အောင်မြင်မှာပါ ဆုတောင်းပေးပေါ့ဟာ....

nunki (နန်ကီ)
Monday, February 28, 2011 6 comments

အက်မင်မမနန်ကီနှင့် အင်တာဗျူး

အင်း .... ကျောင်းလဲ တပတ်လုံးပိတ်ထားတယ် ။ တနေ့လုံးလဲအိပ်လို့ ၀ပြီဆိုတော့ ဘာလုပ်ရင်ကောင်းမလဲ ဆိုပြီး... စတွေးတဲ့ အချိန်မှာ စာရေးမယ်ဆိုပြီးတွေးမိတယ် .... ရေးမယ်ဆိုပြီးတေးထားတာတွေလဲ ကြက်ပျောက်ငှက်ပျောက်ပါပဲ ... အဲ့ထဲမှာ မှ ... နာတို့ အက်မင်မမကြီး နန်ကီအကြောင်းဗျူးထားပြီးအခုထိ မတင်ရသေးတာ သွားသတိရမိတယ် ...
တို့ မမရဲ့ နာမည်ကတော့ နန်ကီပါတဲ့ ... အားလုံးကလဲ နာမည်ကို နန်ကီလို့ပဲ ခေါ်ကြပါတယ် တဲ့ ....
မွေးနေ့ကတော့ 2 ဇန်န၀ါရီ 1990 ပါတဲ့
သွေးအမျိုးအစားကတော့ အို သွေး
မောင်နှမတော့ အစ်မတယောက်နဲ့ မောင်တယောက်ရှိပါတယ်တဲ့
အဟဲ အပေးအကမ်းကတော့ ရက်ရောသလားမမေးနဲ့ မောင်လေးတယောက်ရှိလို့ ချောလား ... ချောရင်ယူမယ်လို့ ပြောမိတာ ... အင်းယူလိုက်ယူလိုက်တဲ့ ....
ကောင်းရော
မွေးရပ်ဇာတိကတော့ ပုသိမ်ကပါတဲ့ ... ပုသိမ်သူမမလှပေါ့နော် .... သီချင်းများစောင်းဆို တောင်းဆိုလို့ ရပါအိ
အလုပ်အကိုင်ကတော့ လူငယ်အများစုလုပ်ကြတဲ့ တရာ့ကိုးတရာ့တဆယ်ပါတဲ့
ကဲ ၀ါသနာတွေကိုတော့ ပရိတ်သတ်ကြီး ချက်လော့ကို ဖတ်ရှုကြပါကုန်
ဝါသနာတွေကိုပြောပြပါ
nunkigirl: ဟီးး ပြောရမယ်ဆိုရင်
nunkigirl: အက၊ အဆို၊ ၀ါသနာပါ၏
nunkigirl: စာဖတ်ချင်ပေမယ့် စာဖတ်တိုင်း အိပ်ပျော်၏
nunkigirl: ဖိနပ်ကို အရမ်း crazy ဖြစ်၏
nunkigirl: မြင်တိုင်း ၀ယ်ချင်၏
nunkigirl: အထူးသဖြင့် ဒေါက်ဖိနပ်
michelle.myat: အင်း
michelle.myat: ပြီးတော့ရော
nunkigirl: ပြီးတော့ ဒီဇိုင်းအသစ်တွေလုပ်ရတာ ၀ါသနာပါတယ်
nunkigirl: ရေကူးတယ် အရပ်တော့ရှည်မလာဘူး :(
nunkigirl: ကြက်တောင်ရိုက်တယ်
nunkigirl: ရုပ်ရှင်ကြည့်ပြီး ငိုရတာကြိုက်တယ်
michelle.myat: aww ကိုးရီးကားနဲ့ ဂျပန် ကာတွန်းကားဘယ်ဟာကြည့်မလဲ
nunkigirl: အင်း ကိုရီးယားကားကြည့်မယ်ထင်တယ်
michelle.myat: ဟုတ်ပြီ
michelle.myat: ဖိနပ် size ပြော
nunkigirl: disney and barbie နဲ့ ကိုရီးယားဆိုရင် disney nae barbie ပဲ
michelle.myat: ဟားဟား


မမနန်ကီရဲ့ ဖိနပ် size ကတော့ အသေးဆုံးနဲ့ပဲ တော်ပါတယ်တဲ့ ... ကဲ .... မမနန်ကီကို ပိုးချင်ပန်းချင်လို့ လက်ဆောင်ပေးရင်ပဲ ဖြစ်ဖြစ် ... ခင်လို့ မင်လို့ လက်ဆောင်ပို့ပေးချင်ရင်ပဲ ဖြစ်ဖြစ် အသေးဆုံး size သာ ၀ယ်ပေးလိုက်ကြပါနော်
အလှကြိုက်လားဆိုတော့ အရမ်းကိုကြိုက်ပါတယ်တဲ့ ဒါပေမဲ့ ကိုယ်ဘာကိုယ်တော့ သိပ်မပြင်ဖြစ်ဘူးတဲ့ရှင်
အခုလောလောဆယ် အီမိုပုံစံအ၀တ်အလေးများကို မျက်စိကျနေတယ်တဲ့ ....


ကဗျာချို : "အင်း .... ကောင်လေးချောချောလေးရယ် .... ကောင်လေးတယောက် မချောပင်မဲ့ ချစ်ဖိုကောင်းတယ် ... အဲ့နှစ်ယောက်လုံးက အစ်မကိုချစ်ခွင့်ပန်လာရင် ဘယ်သူကိုရွေးမလဲ
အတည်ရယ် ဘာရယ် မဟုတ်ဘူး
ဒီလိုပဲတွဲရမှာ"
nunkigirl: အရမ်းချောပြီး အရမ်း ပေါ်ပြူလာဖြစ်တဲ့သူကို မလိုချင်ဘူး
ကဗျာချို: အင်း ... အဲ့တော့ ချစ်ဖို့ကောင်းတာလေးပဲပေါ့


nunkigirl: ကိုယ့်ကိုနားလည်ပြီး ဂရုစိုက်သူ အဲ့ဒီ နှစ်ယောက်ထဲက တစ်ယောက်တပေါ့
nunkigirl: နည်းနည်းတော့ ချောရင် ပိုဆွဲတာပေါ့
nunkigirl: အသည်းစွဲတာပြောပါတယ်
ကဗျာချို: အင်းနော် အမ .... နိုင်ငံရေးတွေမပါနဲ့ .... အစ်မရဲ့ စိတ်ကူးယဉ်မင်းသားလေး စံက ဘာလဲ
nunkigirl: သိပ်လည်းချောစရာမလိုဘူး ကြည့်ကောင်းရင်တော်ပီ
မိန်းကလေးတွေ ၀ိုင်းဝိုင်းလည်နေရင် မကြိုက်
ပြီးတော့ အရေးအကြီးဆုံးက အမက သူ့ဘ၀မှာထိပ်ဆုံးဖြစ်ရမယ်
အရမ်းဂရုစိုက်ပြီး အရမ်းချစ်ရမယ်
အဲ့ဒါပဲ
တို့မမက ရေမွှေးကိုကြိုက်တော့ ကြိုက်တယ် ခရေဇီ မဖြစ်ပါဘူးတဲ့


ထူးခြားတဲ့ အမူအကျင့်ကတော့ ဘယ်နေရာကို ဘယ်နှခေါက်ပဲရောက်ဖူးရောက်ဖူး ... လုံးဝလမ်းမမှတ်မိတတ်ပါတဲ့ အဟိ ....
ဗျူးတာ အဲ့ဒါအကုန်ပဲ ....
မမနန်ကီအကြောင်းလဲ အားလုံးသိကြလောက်ရောပေါ့
နောက်မှဆက်ရေးတော့ မယ်
တာ့တာ
ကဗျာချို
Sunday, February 27, 2011 0 comments

Over You


ဒီသီချင်းလေးကတော့ အသည်းကွဲပြီး ကျန်ရစ်ခဲ့တဲ့သူတွေ အတွက် အားဆေးလေးတစ်ခုဖြစ်မယ်ထင်လို့ တင်လိုက်တာပါ။ (နန်ကီ အသည်းကွဲရင် နားထောင်နေကျ သီချင်းလေးပေါ့ ခစ် ခစ်) သီချင်းလေးက နင်ကိုငါ မေ့လိုက်ပြီ... နင်မရှိလည်း ငါနေနိုင်သွားပြီ ဆိုတဲ့ ပုံစံလေးပါ။
ထပ်မံပြီး သီချင်းကောင်းများကို မျှဝေသွားပါဦးမယ်ရှင်။

nunki (နန်ကီ)
Sunday, February 20, 2011 1 comments

ဘလော့က admin လေးတစ်ယောက် ရင်ဖွင့်ပါတယ်... ခစ် ခစ် နားထောင်ကြည့်ပါဦးဗျို့


ဟဲဟဲ... ဒါကတော့ နန်ကီ့အဖေ ကိုဖိုးခွါးကြီး (အဆိုတော်အသစ်ချွတ်ချွတ်ကြီး) က သူရဲ့ ကောင်မလေးနဲ့ အဆင်မပြေတိုင်း လာ ရင်ဖွင့်တဲ့ထဲက တစ်ခါကို အမိအရလေး အသံသွင်းထားတာပါ။ ခစ် ခစ်.... သယ်ရင်းတို့ မကြောက်ပါနဲ့ လူတိုင်းကိုမသွင်းပါဘူး။ အဖေကို သနားလွန်းလို့.. သူ့ကောင်မလေး နားဆင်နိုင်ရန်ရည်ရွယ်ပြီး တင်ပေးတာပါရှင်။ အဖေရေ......... ခွင့်တောင်းတယ် နော် တင်ဖို့။ စာဖတ်သူကြီးလည်း ပါချင်ရင်ပြော။။ ခစ် ခစ် တင်ပေးမယ်။

(ကဲ့ရဲ့သူများကို လျစ်လျှူရှုပါတယ်)

nunki (နန်ကီ)
Thursday, February 17, 2011 2 comments

online ပေါ်မှာ ဘာလုပ်ကြမှာလဲ

သူငယ်ချင်း အသိတွေက အချစ်စာတွေဖတ်ရတာညည်းငွေ့လို့ ပညာပေးတာလေးရေးပါဦးလို့ ပြောထားတာ တော့ကြာပါပြီ။ မ အားတာကတစ်ကြောင်း ချစ်သူများနေ့ခံသွားတာကတစ်ကြောင်းနဲ့ ရေးဖို့စဉ်းစားထားတာ ကြာပေမယ့် လက်တွေ့အကောင် အထည်မဖော်ဖြစ်ခဲ့ဘူး။ ဒါစာလေးကတော့ ဘယ်သူ့ကိုမှ ရည်ရွယ်တာ မဟုတ်ပါဘူး။ အရမ်းသိလွန်းတတ်လွန်းလို့ ဆရာလုပ် တာလည်းမဟုတ်ပါဘူး။ ကြုံတွေ့ခဲ့ရတာကို ခံစားရလို့ ပြန်ရေးဖြစ်တဲ့ သဘောလောက်ပါပဲ။ ဒီစာကိုရေးဖြစ်တာက နန်ကီ အတန်း တစ်တန်းတက်တော့ အဲ့ဒီမှာ cyberbullying ဆိုတဲ့ စောင်းပါးလေးတစ်ခုဖတ်ရပါတယ်။ ခေါင်းစဉ်ကိုမြင်ကတည်းက အရမ်း စိတ်ဝင်စား သွားတယ်။ နောက်အခွင့်ရရင် ဘာသာပြန်လေးနဲ့ရေးပေးပါဦးမယ်။ အဲ့ဒါတွေ အခု ဆိုက်ဘာပေါ်မှာ အများ ကြီးဖြစ် နေတာကိုသိပေမယ့် ဘယ်လိုနာမည်တပ်ပြီး ဘယ်လိုပြောရမလဲ စဉ်းစားနေတာကြာပြီ။

အခုဆိုရင် အကုန်လုံးသိတဲ့အတိုင်း အင်တာနက်ပေါ်တက် ချက်တင်ပေါ်တက်ပြီဆိုကတည်း စပြီးညာလိုက် ကြတာ အိပ်ရာဝင်တဲ့ အထိပဲ။ တော်တော်များများကပြောတာက "ဘာဖြစ်လဲ သူတို့မြင်တာမှမဟုတ်တာ ဘယ်သူသိမှာမို့လို့လဲ" တဲ့။ ဟုတ်ပါတယ်။ ဘယ်သူမှတော့ မသိဘူးပေါ့။ အထူးသဖြင့် ပြောသမျှ ကိုယ့်အ ကြောင်း တွေကလည်း အတုဖြစ်နေမယ်ဆိုရင် .. အို.. ဘယ်သူမှ သင့်အကြောင်း ဘာမှမသိဘူးပေါ့။ ဒါပေမယ့် ကိုယ့်ကိုကိုယ်တော့ သိတယ်ဟုတ်။ အဲ့တော့ ဘာပြန်ပြောမလဲဆိုတာ သိပါတယ်။ "သူတို့လည်း လိမ်တာပဲ"။ ဟုတ်ပါတယ်။ အကုန်လုံးနီးပါးက လိမ်နေကြတာပဲ။ ဒီမှာ နန်ကီပြောချင်တဲ့ လိမ်ပြော ညာပြော တယ် ဆိုတာက သူတစ်ပါးရဲ့ စိတ်ကိုထိခိုက်စေမယ့် လိမ်ညာမှုကိုပြောချင်တာပါ။ လိမ်တယ် ဆိုတာတောင် နှစ်မျိုးရှိတယ်မဟုတ်လား။ မုသားမပါ လင်္ကာမချောဆိုတဲ့ စကားပုံတောင်ရှိသေးတာပဲ။ ဒါပေမယ့် သင့်ရဲ့ မုသားက လင်္ကာချောဖို့သက်သက်ပဲဖြစ်ပါစေ။ သူ များကို နစ်နာစေတဲ့ သဘောမျိုးတဲ့ လိမ်တာမျိုးတော့ လုံးဝမဖြစ်သင့်ပါဘူး။ နည်းပညာဆိုတဲ့ အရာက အသုံးပြုတတ်ရင် ပြုနိုင် သလောက် အကျိုးရှိသလို မပြုတတ်ရင်လည်း အဆိပ်ပါပဲလို့ တော်တော်များများပြောကြတယ်နော်။ အွန်လိုင်းပေါ်တက်ပြီး ဇာတ် လမ်း တွေမျိုးစုံခင်းနေတဲ့သူက အရင်ကတည်းက လိမ်တတ်ညာတတ် ကျစ်တတ်တဲ့အကျင့် ရှိလို့ဆိုရင် ဘာမှ ဆက်ပြောစရာ မရှိပါဘူး။ အဲ့လိုလူမျိုးကို စကားထဲထည့်ပြောစရာမလိုဘူး မဟုတ်လား။ ဒါပေမယ့် သင့်ကိုသင် ပြန်စစ်ကြည့်ပါ။ အရင်တုန်းက လိမ်တာကိုမကြိုက်ခဲ့တဲ့သူ .. အခု အွန်လိုင်းပေါ်တက်တော့ သူများကလိမ်လို့ ကိုယ်လည်းလိုက်လိမ်နေမယ်ဆိုရင် သင့်အတွက် အကျိုးလား အယုတ်လား။ သင့်ဆိုတဲ့ သင့်ကို နန်ကီမပြောလိုပါဘူး။ နန်ကီ ကိုယ်တိုင်တောင် ဖြစ်ခဲ့သေးတာပဲ။ နန်ကီ အရင်က ဆို လိမ်တာ ညာတာကိုအရမ်းမုန်းတဲ့သူ။ နောက်ပိုင်း အွန်လိုင်းပေါ် ချက်တင်ပေါ်ရောက်လာတော့ အမှန်တွေပြောပြရမှာ ၀န်လေး လာတယ်။ သူတို့တောင် အမှန်ကိုမပြောတာ ငါက ဘာလို့ပြောရမှာလဲ ဆိုတဲ့ အတွေးမျိုးဝင်ခဲ့သေး ပါတယ်။ လူဆိုတာ မကောင်း တာဆိုတတ်မြန်ပြီး တစ်ခါလုပ်ပြီးရင် နောက်တစ်ခါလုပ်ဖို့ဝန်မလေးကြတဲ့အမျိုး မလား။ အဲ့ဒီတော့ ၀န်ခံပါတယ်။ နန်ကီလည်း အတိုင်းအတာတစ်ခုအထိလိမ်မိခဲ့ပါတယ်။ ဒါပေမယ့် သူများ ကို နစ်နာထိခိုက်စေလောက်အထိတော့မလုပ်ခဲ့ပါဘူး။ နောက်ပိုင်း စိတ်ပူလာမိတာတစ်ခုက လိမ်တတ်တာ အွန်လိုင်းပေါ်မှာတင်မဟုတ်ဘဲ ပါးစပ်ကထွက်တတ်လာမှာကိုပါ။ ကိုယ့်ကိုကိုယ် ပြန်ဆန်း စစ်ရတာပေါ့။ အဲ့ဒါနဲ့ ချက်တာတွေကို တော်တော်လေးရပ်လိုက်တယ်။ ပြောဖြစ်ရင် အတတ်နိုင်ဆုံး သူလိမ်ရင် လိမ်ပစေ၊ ငါမလိမ် ဘူးဆိုပြီး စိတ်ဆုံးဖြတ်ပြီး အမှန်အတိုင်းပြောတတ်တဲ့ အကျင့်လေးကိုပြန်မွေးယူရတယ်။ လိမ်ခဲ့တာ တွေက အသေးအမွှား လေးဆိုရင် ခုကတည်း စပြင်လိုက်တာ ပိုကောင်းပါလိမ့်မယ်။ အကြီးကြီးလိမ်မိတယ် ဆိုရင် စိတ်မပူနဲ့။ ၀န်သာခံလိုက်။ လိမ်ထား တာထက် ၀န်ခံတာကို ပိုပြီးခွင့်လွှတ်နိုင်ကြလိမ့်မယ်ထင်ပါတယ်။

တစ်ခါတစ်လေလေ.. အမှန်အတိုင်းပြောရတာကို မုန်းမိပါတယ်။ ဟုတ်တယ်မလား။ အမှန်အတိုင်းပြောတဲ့ စကားကဘယ်တော့ မှမချိုဘူးလေ။ ချိုနေပြီဆိုရင် လိမ်တာတွေပါနေလို့ဖြစ်မှာပါ။ နန်ကီကျတော့ ကိုယ့်ရေး ကိုယ်တာကိုပါ သူငယ်ချင်းတွေကို လိမ် လေ့မရှိ။ အားလုံးကလည်း နန်ကီဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သိကြတာ များတာပေါ့။ ဒါကို အခွင့်အကောင်းယူပြီး နစ်နာ နာကျင်အောင်လုပ်တဲ့ ဒေါင်းယောင်ဆောင်ကျီး တွေနဲ့တွေ့တော့ စိတ်ပျက်မိတာအမှန်ပါပဲ။ ဒါလေးကတော့ အမှန်အတိုင်း ပြောလွန်းတဲ့ ဆိုးကျိုးထင်ပါရဲ့။ "အင်းလေ... ဒါဆို ညာတာပိုကောင်းတာပေါ့" လို့မေးလာရင်တော့ ...ကိုယ့်ခံယူချက် လေးနဲ့ကိုယ်ပေါ့။ နန်ကီကတော့ ကိုယ့်ကဒါမျိုးဆို ဒါမျိုးပဲ။ အဲ့ဒါကို အခွင့်ကောင်းယူတတ်တဲ့သူဆိုရင် တခြားဟာတွေကို အယူမ သည်းပေမယ့် ၀ဋ်ဆိုတာကိုတော့ ယုံကြည်ပါတယ်။ အရာအားလုံးက မစစ်မှန်ရင် နောက်ဆုံးတော့ ဘေးလွှင့်သွားမှာပဲလို့ အမေက ခဏခဏပြောဖူးတယ်။ ၀ဋ်ဆိုတဲ့အရာကလည်း နောက်တစ်ဘ၀ နောက်တစ်နှစ်မကူးပါဘူး။ သိပ်မကြာခင်မှာပဲ ဖြစ် တတ်တဲ့အရာမျိုးပါ။ အဲ့ဒီတော့ သည်းခံစိတ်ပြည့်စုံတာ တော့ မဟုတ်ဘူး။ လျစ်လျှူရှုနိုင်ရင် အကောင်းဆုံးပဲဖြစ်မယ်ထင်ပါတယ်။ အဓိက အမေဆီက ရယူခဲ့တာက လျစ်လျှူရှုသင့်တာကို လျစ်လျှူရှုတတ်တဲ့အကျင့်လေးတစ်ခုပါ။ ဆောတီး.. ခံယူချက်တွေ ဆီရောက်ကုန်ပြီ။ ဆိုက်ဘာ.. ဟုတ်တယ်။ ဆိုက်ဘာပေါ်မှာ အကုန်လုံးက အမှန်အတိုင်းလေးများများပြောပြီး ရိုးသားကြမယ် ဆိုရင် သူငယ်ချင်းတွေတောင်အများကြီးရနိုင်ပါတယ်။ နန်ကီ USA ကိုရောက်တော့မှ ရလာတဲ့ online သူငယ်ချင်း တွေတောင် ရှိတယ်။ အရမ်းခင်ကြပြီး တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်ကြတယ်။

နောက်တစ်ခုက gtalk မှာတင်လေ့ရှိတဲ့ status တွေအကြောင်းပေါ့နော်။ ဒါလေးကိုတော့ black/white ကထည့်ပြောပါ အကြံပေးလာလို့။ ဟုတ်ပါတယ်။ status တင်တယ်ဆိုတာ ကိုယ့်ခံယူချက်နဲ့ကိုယ် ... ကိုယ်ခံစားရတာကိုတင်တာပေါ့။ ဒါကို ဝေဖန်မယ် ပုတ်ခတ်မယ်ဆိုရင် လူတစ်ဖက်သားရဲ့ လွတ်လပ်ခွင့်ကို နှောက်ယှက်ရာကျသွားမှာပေါ့။ နန်ကီ အနေနဲ့ကတော့ အဲ့လိုလာလုပ်တဲ့သူကို shut up လို့ပဲပြောလိုက် ချင်ပါတယ်။ ဒါအပြင် နန်ကီတကယ်ကြုံရတာကတော့ လာလာဆဲတာတွေ၊ ညစ်ညစ်ပတ်ပတ်လာပြောတာ တွေပါ။ USA ကအချိန်နဲ့ မြန်မာပြည်ကအချိန်ကကွာခြားတာ နေ့နဲ့ ညပါပဲ။ gtalk ၀င်ထားတယ် ဆိုတာက အရေးကြီးတယ်ဆိုရင် အဖေတို့ အမေတို့ လှမ်းခေါ်လို့ရအောင် ၂၄ နာရီကိုဝင်ထားတာ။ ဒါပေမယ့် မအား ရင် မအားဘူး။ အိပ်နေရင် အိပ်နေတယ်လို့ အမြဲ status ပေါ်မှာတင်တင်ထားပါတယ်။ English လိုရိုက် လို့ မမြင်ဘူးပြောမှာစိုးလို့ အခုနောက်ပိုင်းမြန်မာလိုကို ရိုက်ဖြစ်တယ်။ ဒါပေမယ့် အိပ်ပြီဆိုရင် လာပြီး နုတ်ဆက်ကြ စကားပြောကြတယ်။ အဲ့တော့ဗျာ ဒီမှာ အိပ်နေတာ ဟိုက ဟိုင်းနေမှန်းတောင်မသိလိုက်။ မနက်မိုးလင်းတော့ မြင်လိုက်ရတာက အသေအကြေကိုဆဲထားတာ။ မနက်မိုး လင်းကြီး နမိတ်မရှိဘူးပေါ့။ နန်ကီအရင်တုန်းကဆို gtalk မှာ လာအပ်တဲ့သူတွေအားလုံးကို လက်ခံတယ်။ ဘာလို့လဲဆိုတော့ သူတို့ လာအပ်ပါပြီဆိုမှ သူတို့ဘက်က သူငယ်ချင်းဖြစ်ချင်လို့လို့ ယူဆတာကြောင့်ပါ။ ဒါပေမယ့် အဲ့လိုတွေပြုမူ လာတာတွေ့ တော့... မြန်မာလူမျိုးအချင်းချင်းကို ဒီလိုတွေဆဲတာတွေရတာ စိတ်မကောင်းစရာပါပဲ။ အင်တာနက်ကို ကောင်းကောင်းမသုံးမချ ဘဲ အကျင့်ပျက်တွေမွေးမြူနေတာကို ပတ်ဝန်းကျင်မှာလှည့်ပတ် ကြည့်ရုံနဲ့ တော်တော်မြင်နေရတယ်ဆိုတော့... ဝေးဝေးမှာဘယ် လောက်တောင်ရှိနေမလဲမသိ။ ဆဲတယ်ပြောတော့ သူငယ်ချင်းတစ်ယောက်ပြောပြတာကို သွားသတိရတယ်။ သူ လူတစ်ယောက် ကို တွေ့ဖူးတယ်တဲ့။ သူများဘယ်လောက်ဆဲဆဲ သူက လုံးဝပြန်မဆဲဘူးတဲ့။ ကောင်းကောင်းမွန်မွန်ပဲပြန်ပြော နေတာတဲ့။ အဲ့လိုလူမျိုးကျတော့ သူဘယ်လောက်အဆင့်အတန်းရှိလဲဆိုတာ တော်တော်သိသာပါတယ်။ အထူးသဖြင့် ယောင်္ကျားပီသတယ် ပေါ့နော်။ နန်ကီသဘောမကျတဲ့ စကားပုံတစ်ခုရှိတယ် "သင်ကောင်းရင် ကျွန်ုပ်မဆိုးပါ" တဲ့။ ဒါဆို သင်မကောင်းလျှင် ကျွန်ုပ်ဆိုး မယ်... အဲ့လိုလား။ အဲ့လိုသာဆိုရင် တစ်ကမ္ဘာလုံး ကလူတွေက လူဆိုးတွေဖြစ်ကုန်တော့မှာပေါ့။

နောက်ဆုံးအားလုံးကို ချုံပြောချင်တာကတော့ အခုလိုနည်းပညာအရမ်းတိုးတက်နေတဲ့အချိန်မှာ အဲ့ဒီ့ နည်းပညာကို တကယ်အ ကျိုးရှိရှိအသုံးချမယ်ဆိုရင် ဒါဟာ တကယ့်အခွင့်အရေးတစ်ခုပါ။ တလွဲဆံပင် ကောင်းမဖြစ်ဖို့တော်တော်လေးအရေးကြီးပါတယ်။ နန်ကီကော မချက်လို့လား၊ မကြူလို့လား လို့မေး ကောင်းမေးမယ်။ ဟုတ်.. လုပ်ပါတယ်။ ဒါပေမယ့် အတိုင်းအတာတစ်ခုအထိ ပါ့နော်။ အားလို့ တစ်ယောက်တည်းနေရတဲ့အချိန်ဆိုရင် သိတဲ့သူရော မသိတဲ့သူရောပါချက်ပါတယ်။ သူငယ်ချင်းလည်း အသစ် ရတာပေါ့။ ဒီတော့ သူငယ်ချင်းတို့ရေ... သူများပျက်တိုင်း မပျက်ကြပါနဲ့လို့။ သူများကို နစ်နာစေ နာကျင်စေတဲ့ အပြောတွေ အလုပ်တွေရှောင်ပြီး မေတ္တာပွားနိုင်ကြပါစေလို့။

nunki
(သဘောထားချင်းမတိုက်ဆိုင်ရင်တော့ ... ဘာမှမပြောလိုပါ။)
Monday, February 14, 2011 0 comments

FeEliNg ဘလော့မှ admins တွေပွားပါတယ် :P

ဒါလေးကတော့ ဘာရယ်မဟုတ်ပါဘူး။ အခု နန်ကီမအားလို့ စာတွေမတင်နိုင်ရင် ကူရေးပေးကြ အကြံပေးကြတဲ့ ချစ်ရတဲ့ သယ်ရင်းလေးတွေနဲ့ ချစ်သူများနေ့မရောက်ခင် ည 11:30 လောက်မှာ skype ပေါ်တက်ပြီး ပေါကြ... အဲ မှားလို့ ဟီး ပြောကြ တာပေါ့ ရောက်တတ်ရာရာတွေကို.... 
အကုန်လုံးစုပြောရတာဆိုတော့ အသံအဆင်မပြေတာလေးတွေ... နိုင်ငံကခြားနေတော့ ကွန်ကမလိုက်နိုင်တာလေးတွေရှိရင် နန်ကီက တောင်းပန်ပါတယ်ရှင်။

nunki (နန်ကီ)




0 comments

ချစ်သူများနေ့မှာ စပ်စုခဲ့တယ် ခစ် ခစ်

Valentine's day အတွက် ဘလော့မှာ ဘာတင်ရင်ကောင်းမလဲဆိုတာကို black/white နဲ့ခေါင်းချင်း ဆိုင်ပြီး skype ပေါ် ကစဉ်းစားကြပါတယ်။ ဘလော့က အသစ်ဆိုတာ ဘာမှကိုမပြည့်စုံသေး။ ကျောင်းကလည်းတဖက်ဆိုတော့.... ရေးချင်တာတွေ စိတ်ထဲမှာသာရှိပြီး မတင်ဖြစ်။ အဲ... လမ်းလွဲကုန်ပြီ။ ဘာပြောမလို့လဲဆိုတော့ .... ချစ်သူများနေ့.. ဟုတ်တယ်။ ချစ်သူများနေ့ အတွက် ပေါ့နော်... သူများတွေရဲ့ဘလော့တွေလေ့လာရတာပေါ့။ သမိုင်းကြောင်းကတော့ လူတိုင်းတော်တော် များများသိပြီး သားဆိုတော့ ရိုးနေပြီ ဆိုပြီး မတင်ချင်တော့ဘူးပေါ့။ အဲ့ဒါနဲ့ ဘာလုပ်ကြမလဲ ခေါင်းမီးတောက်အောင် စဉ်းစားကြပါတယ်။ နောက် ဆုံး မရှိရှိတဲ့ ကျောက်ခဲတုံးကိုညှစ်လိုက်တာ ဒီလိုလေးလုပ်ဖို့အကြံထွက်သွားပါတယ်။ 

ဒီလိုလေးဖြစ်လာအောင် သူငယ်ချင်းတွေကိုလည်း အနှောက်အယှက်တော်တော်လေးပေးလိုက်ပါတယ် :P ကြိုးစားထားတဲ့ admins သယ်ရင်းတွေကိုလည်း ကျေးကျေးပါ။ ကဲ.. ဆက်ဖတ်ကြည့်လိုက်နော်။ အားလုံးအတွက် ပျော်ရွှင်သော ချစ်သူများ နေ့ဖြစ်ပါစေလို့ feeling (ခံစားချက်လေးများ) ဘလော့မှ ဆုတောင်းပေးလိုက်ပါတယ်နော်။


nunki : ချစ်သူများနေ့အတွက်ရင်ခုန်သံလေးက ဘယ်လိုလဲ။
popo : ချစ်ရတဲ့ကောင်မလေးကို အဖြေတောင်းမလို့
nunki : ဘယ်လိုတောင်းဖို့စိတ်ကူးထားလဲ၊ ဘယ်လိုလက်ဆောင်ပေးမလဲ။
popo : စီစဉ်ထားတာက ဒီလို... လက်ဆောင်နှစ်ခုပေးမယ်။ တစ်ခုက ချော့ကလက် နောက်တစ်ခုက လက်ကိုင်ပုဝါ။
nunki : မိုက်တယ်။ အဲ့ဒီ့တော့ ???
popo :အင်း.. ချစ်တယ်အဖြေပေးမယ်ဆိုရင် ချော့ကလက်ရွေးပေါ့။ မချစ်ဘူးဆိုရင် လက်ကိုင်ပုဝါလေး ယူပြီး သူငယ်ချင်းပဲ ဆက်လုပ်ရမှာပေါ့။
nunki : ဒါဆို အဲ့ဒီ့နေ့မှာ ရင်ခုန်ရမှာပေါ့။
popo : အင်း..ပေါ့။
nunki : ကဲ.. ဒါဆို ချစ်တဲ့ကောင်မလေးဆီက လိုချင်တဲ့အဖြေရပါစေလို့ ဆုတောင်းပေးပါတယ်နော်။
    (nunki ---> လန်ထွက်စ်နေတာပဲနော်။ ကဲ.. နောက်တစ်ယောက်က ဘယ်လိုအစီအစဉ်တွေ ရှိလဲဆိုတာ ဆက်ဖတ်ရ အောင်နော်)


nunki : အကိုရေ... ချစ်သူများနေ့အတွက် ဘာတွေလုပ်ဖို့စိတ်ကူးထားလဲ။ အကိုကတော့ ရည်စားရှိတယ်ဆိုတာသိတယ်နော် :P
kaungkinchitthu : ညီမရဲ့ သူက အဝေးမှာလေ။ အကို့အတွက် ချစ်သူများနေ့ရယ်လို့ သီးသန့်မရှိပါဘူး။ သူ့အတွက် အကိုရဲ့ အချစ်တွေက အမြဲရင်ခုန်နေတာ
nunki : ဟက် ဟက်... ဒီနှစ်သူ့အတွက် ဘာအမှတ်တရလုပ်ပေးဖို့ အစီအစဉ်ရှိလဲ
kaungkinchitthu :၀က်ဝံရုပ်လက်ဆောင်ပေးမယ်လို့
nunki : ချော့ကလက်ကော
kaungkinchitthu :ချောင်းဆိုးမှာစိုးလို့မပေးတော့ဘူး။ အကိုတို့က တစ်ခေါက်တွေ့ရင် တစ်နေ့လုံး တစ်ညလုံး စကားတွေ မပျက်တော့ဘူး
nunki : ဒါဆို ချစ်သူများနေ့မှာပိုပွား.. အဲ့ ဟုတ်ပါဘူး ပိုချစ်ကြမှာပေါ့
kaungkinchitthu :အင်း.. ဟီးဟီး ဟုတ်
nunki : ဒါဆို အများကြီးချစ်နိုင်ကြပါစေလို့ဆုတောင်းပေးတယ်နော်။
    (nunki ရဲ့မှတ်ချက် ---> ချစ်နေလိုက်တာများ.. ဟင့်ဟင့် နာလိုဘူး။ ဟီး စတာ.. အားလုံးပဲ များများ ချစ်နိုင်ကြပါစေ.. တစ်ယောက်တည်းကို များများချစ်လို့ပြောတာနော်)


nunki : anonymous ကြီးရေ ချစ်သူများနေ့ရောက်တော့မယ်။ ဘာလုပ်မှာတုန်း။
anonymous :ချစ်တဲ့သူကိုဖွင့်ပြောမလို့။ သူကလည်း ချစ်နေတယ်ထင်တယ်။
nunki : လာပြန်ပြီနောက်တယောက်။ အဲ့ဒီနေ့ကျမှ ဖွင့်ပြောနေကြတာပဲ။ ဘယ်လိုပြောမှာလဲ
anonymous : အကို သူနဲ့ အပြင်မှာတွေ့ပြီးပြောမှာပါ
nunki : အဖြေရရင် ဘာလုပ်ဖြစ်မလဲ။
anonymous : ပျော်ရမှာပေါ့ ညီမရယ်။ သူကြိုက်တာကျွေးမှာပါ
nunki : ချော့ကလက်နဲ့ ပန်းတွေဘာတွေပေးဖို့စိတ်ကူးရှိဘူးလား
anonymous : အင်း ရှိတယ်။
nunki : ဒါဆို... ကံကောင်းခြင်းများစွာနဲ့ လိုချင်တဲ့အဖြေလေးရပြီး အတူတကွပျော်ရွှင်နိုင်ပါစေရှင်။
    (nunki ရဲ့မှတ်ချက် ---> တစ်ယောက်မေးလည်း အဖြေတောင်းမယ်... နောက်တစ်ယောက်မေးလည်း အဖြေတောင်းမယ် ဆိုတာကြီးပဲ... လိုချင်သောအဖြေတွေရကြပါစေကွယ်)


အဲ့လို အင်တာဗျူးနေတုန်း ထဖောက်လာတော့ newsakk ဆိုတဲ့သူငယ်ချင်းက ထဖောက်လာတယ်ဗျ။
newsakk : သယ်ရင်းလေး.. ချစ်သူများနေ့ဘယ်မှသွားဘူးလား
nunki : ဟင့်အင်း ချစ်သူမှမရှိဘဲ
newsakk : ဒါဆို ဘာလုပ်နေလဲ
nunki : မုန့်စားမလို့စဉ်းစားနေတာ
newsakk : ဒီမှာလည်း ငါးပိကောင်ချက်မလို့ စားမလား
nunki : ဟင့်အင်း.. ငပိတော့ကြိုက်တယ် ငါးပိကောင်တော့.... ဟင့်အင်း
newsakk : စားပါ.. စေတနာတွေအရမ်းရှိလို့
nunki : ဟာာာာာာ... ချစ်သူများနေ့ကြီးမှာ အရေးထဲ ငါးပိကောင်လာကျွေးနေတယ် ကွိုင်ပဲ
newsakk : စားပါ.. နည်းနည်းတော့စားပါ
nunki : သိန်းတစ်ထောင်ပေးတာမစားဘူး
newsakk : ဒါဆို သိန်းတစ်ထောင်နဲ့ တစ်ကျပ်ပေးမယ်
nunki : ရဘူး လုံးဝလုံးဝဘဲ.. အနံ့လည်းမခံနိုင်ဘူး အရသာလည်းကြိုက်ဘူး ဘူးဆိုဘူးပဲ ဖရုံမသီးဘူး
newsakk : အော်.. စောစောကပြောရောပေါ့ အနံ့မခံနိုင်ရင် နှာခေါင်းပိတ်ကျွေးမှာပေါ့
nunki : ဟာာာ.. ဘယ်လိုဖြစ်ပြီး ငါးပိကောင်အတင်းကျွေးနေတာလဲ
newsakk : မနေ့ညကအိပ်မက်တာ ဒီနေ့မှာ ငါးပိကောင်စားတဲ့သူတွေ အသက်တရာရှည်မယ်တဲ့ ရှည်စေလို့ အသက်နော် :P
nunki : မစားဘူးပဲ ဒါပဲ
    (nunki ရဲ့မှတ်ချက် ---> အဲ့လို ဇွတ်ကြီးတွေကလည်းတစ်မျိုး။ ချစ်သူများနေ့လေးကို ရင်ထဲကြည်ကြည်နူးနူးလေးနဲ့ နေချင် ပါတယ်ဆိုမှ ငါးပိကောင်လာကျွေးတဲ့သူနဲ့လာတွေ့နေတယ် ဟင့်ဟင့်)


QQ : အကိုရေ.. ကျွန်တော်တို့ဘလော့မှာတင်မလို့ ချစ်သူများနေ့အတွက် အင်တာဗျူးမလို့ ... အစီအစဉ်လေးပြောပြပါဦး
zacharnext : သြော်... စိတ်ကူးယဉ်ဆန်ဆန်တစ်ခုတော့ရှိတယ်
QQ : အင်း ပြောပြ
zacharnext : အဲ့ဒီနေ့မတိုင်ခင်တရက်မှာ ချစ်သူများနေ့ကျရင် မတွေ့ဖြစ်တော့ဘူးလို့အရင်ပြော၊ ပြီးရင် တညကုန်သွားရော၊ မနက်ကျတော့ အစောကြီးသူ့ကိုခေါ်နိုးပြီး ကိုယ်ဆေးရုံတက်နေ၇တယ်ဆိုပြီးတော့ သူ့ကိုလာကြည့်ခိုင်း သူ့ကိုနောက်ကနေ လိုက်ကြည့်ပေါ့ကွာ။ ပြီးတော့ မင်းကို သူဆေးရုံမှာ ရှာရင် မင်းကိုမတွေ့ဘူးလေ။ မင်းကို ဖုန်းဆက်လိုက် အိမ်ပြန်သွားပြီဆို ပြီးတော့ပြော။ မင်းအိမ်ကို သူပြန်ရှာတဲ့အချိန် ဖုန်းပြန်ဆက်။ ငါ နင့်အနောက်မှာဆိုပြီး ချော့ကလက်ဘန်းကြီးကိုင်ပြီး သူ့ဆီသွား။ ကြိုက်တာတစ်ခုရွေးခိုင်း။ ပြီးတော့ လူတွေကြားထဲမှာ သူ့ကိုချစ်တယ်လို့ အကျယ်ကြီးအော်ပြော။
QQ : ဟာ.. မိုက်တယ်ဗျာ
zacharnext : အင်း ဒါဆို သူ မင်းကို ဘယ်လောက်စိတ်ပူနေတယ် ချစ်တယ်ဆိုတာကိုလဲမြင်ရတယ်ကွာ။ ပြီးတော့ နောက် ဆုံး မင်းကလဲ သူ့ကိုချစ်တယ်လို့ လူကြားထဲမှာထုတ်ပြောတာပေါ့ကွာ .. ဇာတ်လမ်းလေးက တော့ အဲ့ဒါပါပဲ။
QQ : အိုခေ... ကြိုက်သွားပြီဗျာ ကျေးဇူးပါနော် အကို
    (nunki ရဲ့မှတ်ချက် ---> အချစ်စမ်းချင်ရင်တော့.. ရေလည်မိုက်တဲ့ အကြံလေးပါ။ )


ဒါလေးတွေကတော့ ချစ်သူများနေ့အတွက်ဆိုပြီး လိုက်လံစပ်စုထားတာလေးတွေပါ။ တစ်ချို့တွေ တော်တော်များများကတော့ ချစ်သူမရှိတာတွေ၊ အခုမှ ရည်းစားစကားပြောမယ့်သူတွေနဲ့ အမျိုးမျိုး အစုံစုံပါပဲရှင်။ အဲ့တော့ နန်ကီက ဆုတောင်းပေးချင်တာ တော့ သူငယ်ချင်းအားလုံး ချစ်သူများနေ့မှာ ပျော်ရွှင်ပါစေရှင်။ ချစ်သူရှိသူများလည်း ချစ်သူနဲ့ အဖြစ်သည်းနိုင် ချွဲနိုင်ကြပါစေ။ ချစ်သူမရှိသူတွေလည်း ဂိမ်းဆော့တိုင်းနိုင်ကြပါစေ။ ခစ် ခစ်.....

nunki (နန်ကီ)
Saturday, February 5, 2011 0 comments

မင်းနဲ့အတူ

 


မင်းနဲ့အတူ
မျှော်နေသူအိပ်ပျက်ညများ များနေပြီ အတူပျော်ရွှင်ဖူးတဲ့နေ့များ ဝေးလေပြီ မင်းကြောင့်ပြုံးပျော်ခဲ့သော ဘ၀ လောင်ကျွမ်းပြီ ရှင်သန်ခဲ့တဲ့ပန်းလေးနွမ်းကြွေပြီ ပြန်မြင်နေအတိတ်က ဆုတောင်းဟိုအဝေးဆီ ရည်ရွယ်ရာပြီးပြည့်စုံဖို့ မစောင့်သူရေ မင်းအတွက်နဲ့ဆို ကိုအသက်နောက်ဆုံးအထိ ခိုင်တည်ဆဲပါ အချစ်ဦးသူရေ

မင်းကိုလွမ်းရင်း လမ်းပြမယ့်ကြယ်လေးအလင်းမြိန်ပြီ အရင်ကအတူတွဲလျှောက်ခဲ့တဲ့လမ်းတွေမှောင်နေပြီ အမှောင်မှာအကြိမ်ကြိမ်ခေါ်ကြည့်တယ် အရိပ်ကိုတွေ့ရင် အချစ်ဆုံးသူရေ မင်းသာထင်ခဲ့မိ
မင်းကိုလွမ်းရင်း မင်းမရှိတဲ့ဒီဘ၀ရှေ့ဆက်ပြီး မနေတတ်အောင်နှလုံးသားလေးက အလွမ်းတွေကြွေနေပြီ
ဒီလိုအချိန်တွေကုန်သွားပစေ ချစ်နေဦးမည် ကိုယ်အတွေးထဲမှာ အမြဲတမ်းအတူရှိသည်

ပြန်မြင်နေအတိတ်က ဆုတောင်းဟိုအဝေးဆီ ရည်ရွယ်ရာပြီးပြည့်စုံဖို့ မစောင့်သူရေ မင်းအတွက်နဲ့ဆို ကိုအသက်နောက်ဆုံးအထိ ခိုင်တည်ဆဲပါ အချစ်ဦးသူရေ
မင်းကိုလွမ်းရင်း လမ်းပြမယ့်ကြယ်လေးအလင်းမြိန်ပြီ အရင်ကအတူတွဲလျှောက်ခဲ့တဲလမ်းတွေမှောင်နေပြီ အမှောင်မှာအကြိမ်ကြိမ်ခေါ်ကြည့်တယ် အရိပ်ကိုတွေ့ရင် အချစ်ဆုံးသူရေ မင်းသာထင်ခဲ့မိ
မင်းကိုလွမ်းရင်း မင်းမရှိတဲ့ဒီဘ၀ရှေ့ဆက်ပီး မနေတတ်အောင်နှလုံးသားလေးက အလွမ်းတွေကြွေနေပြီ ဒီလိုအချိန်တွေကုန်သွားလည်း ချစ်နေဦးမည် ကိုယ်အတွေးထဲမှာ အမြဲတမ်းအတူရှိသည်
ဒီလိုအချိန်တွေကုန်သွားပစေ ချစ်နေဦးမည် ကိုယ်အတွေးထဲမှာ အမြဲတမ်းအတူရှိသည်

(စာသားလွဲချော်မှု၊ စာလုံးပေါင်းများတာများရှိရင်တောင်းပန်ပါတယ်)
Mp3 သာရှိလို့ သီချင်းတင်ဖို့အခက်အခဲဖြစ်နေတာကို ကူညီပေးတဲ့ သူရိန်ဝင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

nunki (နန်ကီ)
Sunday, January 9, 2011 1 comments

100 Tips from Myanmar Movies

(ထိုအောက်ပါအချက်အလက်များကို လွန်ခဲ့သော သုံးနှစ်လောက်က ဘယ်ကရထားသည်မသိ။ ဖိုင်ထဲမှာရှာဖွေရင်းတွေ့ရှိလာလို့ သဘောကျပြီးတင်ပေးလိုက်တာပါ။ ရေးသားသူက ကယ်လ်ဗင်လို့ ဖော်ပြထားလို့ အဲ့ဒီနာမည်နဲ့ ပြန်လည်ဖော်ပြပေးလိုက် ပါတယ်။ တကယ်လို့ အမှန်တကယ်ရေးသားသူက ရှာဖွေဖတ်ရှူမိပြီး နာမည်ပြောင်းစေလိုလို့ပဲဖြစ်ဖြစ်၊ မတင်စေချင်လို့ပဲဖြစ်ဖြစ် အဲ့လိုသဘောမျိုးရှိရင် လာရောက်ပြောဆိုနိုင်ပါတယ်ရှင်)

မြန်မာကားများကြည့်ပြီး ရရှိလာသော ဗဟုသုတ (100)
၁။ မြန်မာလူမျိုးများသည် ခဏခဏ အတိတ်ကို ပြန်သတိရလေ့ရှိသူများဖြစ်ပြီး များသောအားဖြင့် အတိတ်ကို အဖြူအမည်းဖြင့် သာ သတိရလေ့ရှိသည်။
၂။ သီချင်းနားထောင်လေ့ရှိသူများဖြစ်ပြီး သီချင်းနားထောင်နေရင်းအတိတ်အကြောင်းများပြန်တွေး လေ့ရှိသူများ ဖြစ်ကြသည်။
၃။ စားသောက်ဆိုင်တွင် စကားစမြည်ပြောမည်ဆိုပါက အစားလုံးဝမစားရ (သိပ်စားချင်လျှင် အရည်တစ်ခုခု သို့မဟုတ် အနည်း ငယ်မျှသာစားခွင့်ရှိသည်)
၎။ မိန်းကလေးများ ကားပျက်လျှင် အနီးအနားတွင် ကူညီပေးချင်သော ယောင်္ကျားလေးများ အများအပြားရှိသည်။
၅။ ထိုယောင်္ကျားလေးများအားလုံးသည် ကားပြင်တတ်သူများသာဖြစ်သည်။
၆။ ထိုမိန်းကလေးသည် ဟန်းဖုန်းရှိသော်လည်း များသောအားဖြင့် လမ်းသွားလမ်းလာများကိုသာ အကူအညီတောင်းလေ့ရှိသည်။
၇။ professional graphic designer တစ်ယောက်သည် laptop ဖြင့် touchpad ကိုသုံးပြိး အံသြလောက်ဖွယ် ကောင်းသော ဒီဇိုင်းများကို microsoft paint ဖြင့်ဖန်တီးလေ့ရှိသည်။
၈။ instant messenger/chat client ဆိုသည်မှာ pagemaker/ms word ကိုဆိုလိုခြင်းဖြစ်သည်။
၉။ computer ပညာရှင်များသည် စာရွက်များဖြင့်သာ အလုပ်ရှုပ်နေတတ်ကြပြီး ကွန်ပျူတာသုံးလေ့ မရှိကြ။
၁၀။ သူခိုးများသည် အသံမကြားအောင် ခြေဖျားထောက်ပြီး လမ်းလျှောက်လေ့ရှိသည်။
၁၁။ ဆင်းရဲသားများသည် ရန်အလွန်ဖြစ်သည်။
၁၂။ ရုပ်ဆိုးသူများသည် လူဆိုး၊ လူမိုက်များဖြစ်ကြသည်။
၁၃။ လူမိုက်များသည် ဘောင်းဘီသာဝတ်ကြပြီး ပုဆိုးဝတ်လေ့မရှိကြ။
၁၄။ လူဆိုးခေါင်းဆောင်အများစုသည် ကုတ်အကျီ (သို့) leather jacket ၀တ်လေ့ရှိပြီး တခါတရံ ဦးထုပ်ဆောင်းတတ်ကြ သည်။
၁၅။ လူဆိုးများသည် ခြံကျယ်ကြီးများ၊ တိုက်ပျက်ကြီးများတွင် စခန်းချလေ့ရှိသည်။
၁၆။ ထောင်မှထွက်လာသူများသည် ကောင်းမွန်စားလုပ်ကိုင်စားလေ့မရှိဘဲ လူဆိုးများဖြင့်သာပြန်လည်ပေါင်းသင်းပြီး ဆက်လက် ဆိုးသွမ်းကြသည်။
၁၇။ snooker ကစားသူအများစုသည် အကျင့်ပျက် လူပွေများသာဖြစ်လေ့ရှိသည်။
၁၈။ မြန်မာလူမျိုးများသည် ရေကူးကန်နားသို့ရောက်လျှင် မည်သူ့ကိုမဆို ရေထဲသို့တွန်းချလေ့ရှိသည်။
၁၉။ စီးပွားရေးသမားအများစုသည် အနောက်တိုင်းဝတ်စုံကို ၀တ်စုံပြည့်ဝတ်ဆင်သွားလာလေ့ရှိသည်။
၂၀။ ထိုလူအများစုသည် အနက်ရောင် လက်ဆွဲအိတ်များကိုင်ဆောင်လေ့ရှိကြသည်။
၂၁။ ဖန်ခွက်ကျကွဲလျှင် ထိုသူနှင့်ပတ်သက်သူ တစ်စုံတစ်ယောက်မှာ သေဘေး (သို့) အန်တရယ်နှင့် ကြုံနေရသည်မှာ အသေအ ချာပင်။
၂၂။ သေခါနီးလူမမာများသည် စကားအလွန်များသောသူများဖြစ်ကြသည်။
၂၃။ သူတို့ စကားပြောလို့ မပြီးမချင်းသေလေ့မရှိ။
၂၄။ ကျေးရွာတိုင်းတွင် ထန်းတောရှိတတ်ပြီး အဆိုပါထန်းတောတွင် အချိန်ပြည့်မူးရူးနေသူများဖြင့် ပြည့်နေသော ထန်းရည်ဆိုင် ရှိသည်။
၂၅။ ကောလိပ်ကျောင်းသားဘ၀သည် ကန်တင်းတွင် တနေကုန်ထိုင်ပြီး ရီစရာဟာသများပြောကာ ကောင်မလေးများကို ထိုင်ငမ်း နေသော နေ့ရက်များသာဖြစ်သည်။
၂၆။ ကောလိပ်ကျောင်းဆိုသည်မှာ Myanmar Info Tech (MICT Park ) နှင့် အင်းလျားကန်ဘောင် ကိုဆိုလိုခြင်း ဖြစ်သည်။
၂၇။ စာသင်ခန်းထဲတွင် စိတ်ကြိုက်စကားပြောခွင့်ရှိသည်။
၂၈။ ကျောင်းသူ မိန်းကလေးအများစုသည် အသံစွာကျယ်စွာကျယ် စကားပြောလေ့ရှိပြီး ကန်တင်းတွင် ဟီးဟီးဟားဟား လုပ်လေ့ရှိသူများဖြစ်ကြသည်။
၂၉။ ထိုမိန်းကလေးများသည် ဆိုင်ထဲသို့ ယောင်္ကျားလေးတစ်ယောက်လာလျှင် ၀ိုင်းစတတ်ကြသည်။
၃၀။ အစခံရသော ယောင်္ကျားလေးတိုင်းရှက်ပြီး အမှားမှား အယွင်းယွင်းများလုပ်လေ့ရှိသည်။
၃၁။ အသက်မည်မျှပင်ကြီးစေကာမူ အထက်တန်းကျောင်းတက်လေ့ရှိကြသည်။
၃၂။ လူငယ် ယောင်္ကျားလေး မိန်းကလေးများသည် 3ယောက် 4ယောက် အဖွဲ့လိုက်သာ ပေါင်းသင်းလေ့ရှိကြသည်။ တစ်ယောက်တည်း နေလေ့သိပ်မရှိ။
၃၃။ ယောင်္ကျားလေးများအဖွဲ့မှ တယောက်ယောက်နှင့် မိန်းကလေးအဖွဲ့မှ တစ်ယောက်ယောက် ချစ်သူရည်းစားဖြစ်သွားလျှင် ယောင်္ကျားလေးများသည် ထိုမိန်းကလေးအဖွဲ့မှ အခြားသောမိန်းကလေး များနှင့် ရည်စားဖြစ်သွားလေ့ရှိသည်။
၃၄။ သမီးရည်းစားများသည် သီချင်းဖွင့်ထားသော ပန်းခြံထဲတွင် ပြေးလွှားနေကြလေ့ရှိသည်။
၃၅။ မိန်းကလေးများ အော့အန်ပါက ကိုယ်ဝန်ရှိနေပြီဖြစ်သည်။
၃၆။ ကိုယ်ဝန်ရှိသောမိန်းကလေး ချော်လဲလျှင် ကိုယ်ဝန်ပျက်ကျဖို့ 90% သေချာသည်။
၃၇။ မွေးလာသောကလေးမှာ ယောင်္ကျားလေးဖြစ်လျှင် လင်ယောင်္ကျားမှာ အလွန်ပျော်ရွှင်လေ့ရှိသည်။
၃၈။ မြန်မာမိန်းကလေးများသည် စိတ်ဆိုးလျှင် ပါးရိုက်လေ့ရှိကြသည်။
၃၉။ အသည်းကွဲသူများသည် အလွမ်းသီချင်းများနားထောင်ပြီး ငိုကြွေးလေ့ရှိကြသည်။
၄၀။ မိန်းကလေးတစ်ယောက်နှင့် ရန်ဖြစ်ပါက အဆိုပါမိန်းကလေးနှင့် ရည်စားဖြစ်တတ်သည်။
၄၁။ မိန်းကလေးတစ်ယောက်သည် ယောင်္ကျားလေးတစ်ယောက်အား မကျေနပ်လို့ လက်စားချေလိုလျှင် သမီးရည်စား အဖြစ် တွဲလေ့ရှိသည်။
၄၂။ အရက်မူးလာလျှင် အာလေးလျှာလေးဖြင့် စကားပြောတတ်ပြီး ပြောသမျှစကားအများစုမှာ ရန်စကားများသာဖြစ်ကြသည်။
၄၃။ အရက်ဆိုင်အတွင်းရန်ဖြစ်လျှင် များသောအားဖြင့် ရဲလာဖမ်းလေ့မရှိ။
၄၄။ မူးရူးပြီး အိမ်ပြန်လာလျှင် အိပ်မရှိကောင်မလေးများအား မတရားပြုကျင့်တတ်ကြသည်။ ထိုအချိန်တွင် စားပွဲပေါ်မှ ပန်းအိုးလဲ သွားခြင်း၊ ကျကွဲခြင်း၊ ပန်းပွင့်ကြွေခြင်းများဖြစ်တတ်သည်။
၄၅။ အခန်းတခန်းအတွင်းမှ ထွက်လာပြီး ပုဆိုးပြင်ဝတ်လျှင် မုဒိန်းကောင်ဖြစ်သည်။ (မူးနေသူဖြစ်ပြီး မျက်နှာတွင်အဆီပြန်နေပါက 100% သေချာသည်။)
၄၆။ မတရားပြုကျင့်ခံရသူတိုင်း ကိုယ်ဝန်ရှိလာကြသည်။
၄၇။ သူတို့သည် အများအားဖြင့် တရားစွဲလေ့မရှိကြ။
၄၈။ ကိုယ်ဝန်ဖျက်ချလေ့လည်းမရှိသည့်အပြင် ကလေးကို တောရွာတစ်ခုခုသို့ သွားပြီး ခက်ခဲဆင်းရဲစွာမွေးလေ့ရှိသည်။
၄၉။ အိမ်များတွင် ချောမောလှပသော အိမ်ဖေါ်ကောင်မလေးများရှိတတ်သည်။
၅၀။ ထိုအိမ်ဖေါ်ကောင်မလေးများသည် အိမ်ရှင့်သားများနှင့် ငြိစွန်းသွားတတ်ကြသည်။
၅၁။ ရုပ်ဆိုးသောအိမ်ဖေါ်အား မည်သူမျှ မတရားပြုကျင့်ခြင်းမရှိ။
၅၂။. ခေတ်လူငယ်အများစုသည် shopping mall နှင့် snack shop များတွင် တချိန်လုံး အချိန်ဖြုန်းနေတတ်ကြသည်။
၅၃။ အဆိုပါ ဆိုင်များတွင် တွေ့သမျှကောင်မလေးများအား မျက်စပစ်ပြခြင်း စသည် စသည်များ စိတ်ကြိုက်လုပ်ခွင့်ရှိသည်။
၅၄။ မိန်းကလေးများ အဖွဲ့လိုက်ခရီးထွက်ပါက ယောင်္ကျားလေးအဖွဲ့တစ်ဖွဲ့နှင့် လမ်းခရီးမှာ ကြုံတွေ့လေ့ရှိပြီး ချစ်သူရည်စား ဖြစ်သွားလေ့ရှိသည်။
၅၅။ ယောင်္ကျားလေးမိန်းကလေးများအဖွဲ့တွင် အချောဆုံးတစ်ယောက်မှလွဲပြီးကျန်သောသူငယ်ချင်းများမှာ တစ်ချိန်လုံး ဟာသ လုပ်ပြီး ရီစရာများပြောနေတတ်ကြသည်။
၅၆။ ခေတ်လူငယ်အများစုမှာ မိဘတစ်ဦး (သို့) နှစ်ဦးစလုံးမရှိတတ်ကြ။ ဦးလေး အဒေါ်များ သူငယ်ချင်များဖြင့်နေလေ့ရှိသည်။
၅၇။. စတိုးဆိုင်ရှိအရောင်းစာရေးမများအား စိတ်ကြိုက်ရည်းစားစကားပြောခွင့်ရှိသည်။
၅၈။ (အရောင်းတာဝန်ခံ၊ မန်နေဂျာ၊ security) မည်သူကမျှ မတားဆီးကြ၊ အနှောင့်အယှက်ပေးလေ့ မရှိကြ။
၅၉။ မည်သူမဆို တက်ဆီငှားစီးလျှင် မည်သည့်အခါမှ ဈေးမဆစ်ကြ။
၆၀။ အသက်40 ကျော် မိန်းမကြီး 90% ခန့်မှာ အတင်းပြောတတ်သူများသာဖြစ်ကြသည်။
၆၁။ ရှုပ်ပွေသော မိန်းမများသည် အချိန်ပြည့်ဖဲရိုက်နေလေ့ရှိသည်။
၆၂။ အိမ်တစ်အိမ်တွင် အဖိုးအဖွားများသည် သြဇာအရှိဆုံးလူများဖြစ်ကြသည်။
၆၃။ ညအချိန်မတော် လမ်းမပေါ်တွင် သီချင်းအကျယ်ကြီးဆိုပြီး ဂစ်တာတီးနေသူများကို တရပ်ကွက်လုံးက သည်းညည်းခံကြ သည်။
၆၄။ ဂစ်တာတလုံးထဲဖြင့် drum/keyborad အသံများထွက်အောင်တီးတတ်ကြသည်။
၆၅။ ကောင်မလေးများသည် အဖေါ်မပါဘဲ ညအချိန်မတော် လူပြတ်သောလမ်းများတွင် သွားလာလေ့ရှိ သည်။
၆၆။ ထိုလမ်းများတွင် အဖေါ်မပါသော ကောင်မလေးအား ဆွဲလားရမ်းလားလုပ်ဖို့ အရက်မူးနေသော လူရမ်းကားများ လူဆိုးများ စောင့်နေတတ်သည်။
၆၇။ ထိုမိန်းကလေးများသည် အများအားဖြင့် အော်ဟစ်အကူအညီတောင်းလေ့မရှိကြ။
၆၈။ ထိုယောင်္ကျားလေးများသည် တစ်ယောက်တည်းပင်ဖြစ်စေကာမူ 2ယောက် 3ယောက်မကသော လူဆိုး၊ လူမိုက်များဖြင့် ရန်ဖြစ်လေ့ရှိသည်။ ရန်ဖြစ်သည့်အခါတွင် တိုက်ဆိုင်စွာဘောင်းဘီရှည်သာဝတ်ထား လေ့ရှိသည်။
၆၉။ ရန်ဖြစ်သည့်အချိန်တွင် လဲကျသွားပါက ရှုံးပြီဖြစ်သည်။
၇၀။ အလွန်ချောမောလှပသော ကောင်မလေးများတွင် ခပ်ပေါပါခပ်ချာချာ အကိုတစ်ယောက်ရှိနေ တတ်သည်။
၇၁။ ထိုမိန်ကလေးများရဲ့ အဖေသည် သူရဲ့သားမက်လောင်းအား မည်သည့်အခါမျှ မျက်နှာကျော့မတည့်။
၇၂။ နယ်မှ တစ်ယောက်တည်းလာနေသော မိန်းကလေးများသည် သိန်းချီပေးရသော အခန်များငှား နေတတ်ကြပြီး ဘတ်စ်ကား ဖြင့် သွားလာလေ့ရှိသည်။
၇၃။ ဆင်းရဲသား အလုပ်သမားများသည် စုတ်ချာသော (တစ်ခါတစ်ရံ) စုတ်ပြဲနေသောအ၀တ်အစားများ သာအမြဲလိုလို ၀တ်ဆင် ကြသည်။
၇၄။ ချမ်းသာသူတို့ရဲ့ သားသမီးများသည် ဘွဲ့ရပြီးသည်အထိ အလုပ်လုပ်လေ့မရှိကြ။
၇၅။ အသည်းကွဲသူများသည် မီးရထားလမ်းဘေးတွင် လမ်းလျှောက်နေလေ့ရှိသည်။
၇၆။ ပိုက်ဆံချမ်းသာသော လုပ်ငန်းရှင်သူဌေးများသည် ဆင်းရဲပြီးချောမောလှပသော ကောင်မလေးအား လက်ထပ်ခွင့်ရရန် ယေက်ခမလောင်းများအား ငွေဖြင့် သိမ်းသွင်းတတ်သည်။
၇၇။ အဖြူရောင်ကုတ်အကျီရှည်ဝတ်ထားပြီး နားကျပ်လည်ပင်းတပ်ထားသူတိုင်း ဆရာဝန်များဖြစ်ကြ သည်။ (သို့) ဆရာဝန်တိုင်း ဂျူတီကုတ်ဝတ်ပြီး နားကျပ်လည်းပင်းဆွဲတတ်ကြသည်။
၇၈။ ခွဲစိတ်ကုသမှုမအောင်မြင်လျှင် ခွဲစိတ်ဆရာဝန်ကြီးများသည် ခွဲခန်းအတွင်းမှ ခေါင်းယမ်းပြီး (သို့) မျက်နှာပျက်ပြီး ထွက်လာ တတ်သည်။
၇၉။ မင်းသား (သို့) မင်းသမီးရဲ့ အမေများတွင် နှလုံးရောဂါ (သို့) သွေးတိုးရောဂါများရှိတတ်သည်။
၈၀။ တယ်လီဖုန်မှ သတင်းဆိုးကြားလျှင် တယ်လီဖုန်းပြောနေရင်းမှမူးလဲသွားတတ်သည်။
၈၁။ အလွန်တော်သောမိန်းမများသည် အသုံးမကျသော (သို့) အလွန်မာနကြီးသော ယောင်္ကျားများကို ကြိုက်နှစ်သက်ကြသည်။
၈၂။ အလွန်ထက်မြက်သော မိန်းမများရဲ့ အိမ်ထောင်ရေးသည် အဆင်မပြေ။
၈၃။ လူငယ်များရဲ့ နာမည်အများစုမှာ ခေါ်ရခက်သော တောက်ညင်ကတ်ဖွယ်နံမည်များဖြစ်လေ့ရှိသည်။
၈၄။ တစ်ခါတစ်ရံ မည်သို့မျှ တွေးတောယူဖွယ်မရလောက်အောင် နာမည်မျိုးရှိသည်။
၈၅။ ထိုတောက်ညင်ကတ်ဖွယ်နာမည်ဆိုးကို မည်သူကမျှစခြင်းနောက်ခြင်း ပြောင်လှောင်ခြင်းမပြုကြ။
၈၆။ ယောင်္ကျားနောက် ခိုးရာလိုက်ပြေးသော မိန်းကလေးများသည် မိဘများအား ခိုးရာလိုက်သွားပြီဖြစ်ကြောင်း အိပ်ယာပေါ် သို့မဟုတ် အိပ်ယာဘေးက စားပွဲပေါ်တင်ထားလေ့ရှိကြသည်။
၈၇။ ထိုစာအများစုတွင် သမီးမိုက်ဆိုသောစာသားပါလေ့ရှိသည်။
၈၈။ ယောင်္ကျားလေးအများစုကတော့ မိဘကို မိန်းမခိုးမည့်အကြောင်းနှင့်ပတ်သတ်ပြီး လုံးဝအသိပေး လေ့မရှိ။
၈၉။ နှဲသံကြားပါက (နာတာရှည်) မမာမကျန်းဖြစ်နေသူများသေတတ်သည်။
၉၀။ ယောင်္ကျားလေးများရဲ့အခန်းသည် လူမနေသည့်အခန်းကဲ့သို့ အစဉ်အမြဲရှင်းလင်းနေတတ်ပြီး သန့်ရှင်းနေတတ်သည်။
၉၁။ အိမ်ဖေါ်မိန်းမများ ခြံစောင့်များသည် အိမ်ရှင်ရဲ့ သမီးအား မမလေးဟုသာ ခေါ်လေ့ရှိသည်။
၉၂။ အခုနောက်ပိုင်းတွင် ပေါ့ပေါ့ပါးပါးစကားများကိုပင် လေးနက်အောင် တမင်ကြိုးစားဖျစ်ညှစ်ပြော တတ်သော အကျင့်များရှိလာ ကြသည်။
၉၃။ လူကြားထဲတွင် အိန်ဒယေပျက်လောက်အောင် တကိုယ်လုံးနှင့် လက်များရမ်းခါလှုပ်ပြီးစကားပြော တတ်သူများကို မထူးခြား သယောင် ဆက်ဆံပြောဆိုတတ်ကြသည်။
၉၄။ လူငယ်များသည် ပူအိုက်သောရာသီမှာပင် အနွေးထည်များဝတ်ဆင်ကြလေ့ရှိသည်။
၉၅။ ကျောင်းသားကျောင်းသူ အများစုမှာ စာကြိုးစားသည်ကိုမတွေ့ရ။
၉၆။ ဖယောင်းတိုင်များထွန်းထားလျှင် အလွန်ပင်ရိုမန်တစ်ဖြစ်သည်။
၉၇။ သင်္ကြန်လည်ရာတွင် မည်သူမျှ အရက်မသောက်ကြ။
၉၈။ နိုင်ငံခြားသွားပြီး ပညာသင်လာပါက မြန်မာပြည်တွင် အလွန်အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် (သို့) ပညာရှင် အဖြစ်ရပ် တည်နိုင်သည်။
၉၉။ ယောင်္ကျားဖြစ်ပြီး နှုတ်ခမ်းမွှေးမရှိရင် အတုတပ်ထားတတ်ကြသည်။
၁၀၀။ မြန်မာလူမျိုးများသည် မည်မျှပင်ဒေါသထွက်စေကာမူ ဆဲဆိုခြင်းမပြုကြ။

စုစည်းတင်ပြသူ
ကယ်လ်ဗင်

 
;