Friday, December 28, 2012 0 comments

ဘ၀တစ်ကွေ့

မိဘရဲ့ အတောင်အောက်မှာရှိခဲ့တဲ့အချိန်တွေမှာ ဘယ်လောက်ပဲစိတ်ဆင်းရဲစရာကြုံခဲ့ပါစေ တနည်းတဖုံငြိမ်းချမ်းခဲ့သည်ဆိုတာကို တကယ်တစ်ယောက်တည်း ရုန်းကန်မှနားလည်ခဲ့ပါသည်။ ပတ်ဝန်းကျင်က ကိုယ့်ကိုပုတ်ခတ်ချင်ရင်တောင်မှ မိဘရဲ့ အရှိန်အ၀ါ၊ အကာအကွယ်တွေနဲ့ ရှောင်တိမ်းနိုင်ခဲ့သလို အရောင်ပါးခဲ့သည်။ ကိုယ့်ကိုရှုတ်ချချင်တဲ့ တစ်စုံတစ်ယောက်ကလည်း မိဘရဲ့မျက် နှာကြာင့် ကျွန်မတို့ကို ပြုံးပြကြခဲ့လိမ့်မည်။ သစ္စာဖောက်ကာ နောက်ကျောမှ ဓါးနဲ့ထိုးချင်သူများက ကျွန်မနဲ့သူတို့ရရှိမယ့် အခွင့် အရေးကို သေချာချိန်မျှရင်း သည်းခံခဲ့ကြလိမ့်မည်။ လောကကြီးက တကယ်ကိုထင်သလောက် မရိုးရှင်းသလို မှောင်လည်းမှောင် မိုက်လှသည်။ မိဘရဲ့ ဂုဏ်၊ ချမ်းသာကြွယ်ဝမှု၊ အရှိန်အ၀ါတွေ အားလုံးကို ခွါချပြီး လောကကို တစ်ယောက်တည်းရင်ဆိုင်တဲ့အခါ လူတွေရဲ့မျက်နှာဖုံးတွေက ထင်တာထက် လျင်မြန်စွာကွာကျသွားတတ်ကြသည်။ အဲ့အခါမှ လောကကြီးရဲ့ အကျည်းတန်ခြင်းကို မြင်ရလေသည်။ 

ကျွန်မတို့ မွေးကတည်းက ပထမဆုံးထိတွေ့ရသူတွေက ကျွန်မတို့နှင့် တသွေးသားထဲစီးဆင်းနေတဲ့ မိဘနဲ့ မောင်နှမတို့ဖြစ်သည်။ မိဘဟာ ကျွန်မတို့ဘယ်လိုပဲ ချုပ်ချယ်ပါစေ၊ ဘယ်လိုပဲ ကြိမ်းမောင်းပါစေ ဒါဟာသူတို့ရဲ့ ချစ်မေတ္တာဖြစ်သည်။ လူတိုင်းဟာအမှား နဲ့မကင်းနိုင်သလို မိဘတွေဟာလည်း လူထဲက လူတွေပဲဆိုတာ ကျွန်မတို့မမေ့သင့်ဘူး။ ဒါပေမယ့် သူတို့ရဲ့အမှားဟာ စိုးရိမ်စိတ်၊ ကာကွယ်ပေးလိုစိတ် နဲ့ ဂရုဏာစိတ်တွေကြောင့်သာဖြစ်သည်။ သူတို့ရဲ့ ချုပ်ချယ်မှုကြောင့် ကျွန်မတို့ လမ်းမှားသို့ ရောက်ကောင်း ရောက်နိုင်သည်ကို လက်ခံသော်လည်း လမ်းမှားကိုရွေးချယ်တဲ့ ကျွန်မတို့ရဲ့ အသိဥာဏ်၊ မိဘမေတ္တာကို နားမလည်နိုင်သော ကျွန်မတို့ရဲ့ ဆင်ခြင်တုံတရားကိုသာအပြစ်ဖို့သင့်သည်ဟုထင်သည်။ နောက်ထပ် သွေးချင်းနီးသော်လည်း တကျက်ကျက်ရန်ဖြစ် တတ်သော မောင်နှမများလည်းရှိသေးသည်။ ဘယ်လောက်ပဲ သူတို့အပေါ် စိတ်ဆိုး၊စိတ်ပျက်ပါစေ တကယ်အရေးကြုံလျှင် တကယ်သွေးနီးတာမောင်နှမသာဖြစ်သည်ကိုကိုယ်တိုင်ကြုံတွေ့ရသည်။ ကျွန်မတို့မှာရှိတဲ့အမဟာ ရည်းစားခိုးထားချိန်မှာ မိဘကို ပြန်လည်တိုင်ပြောတတ်သော အမ ဖြစ်ကောင်းဖြစ်မည်။ တိတ်တခိုးရေးထားတဲ့ ဒိုင်ယာရီကို ခိုးခိုးဖတ်တတ်သော အမဖြစ် ကောင်းဖြစ်မည်။ အကိုဆိုလည်း နောက်ကတကောက်ကောက်လိုက်ကာ ချုပ်ချယ်တတ်သော အကိုဖြစ်ကောင်းဖြစ်မည်။ ကျွန်မ တို့ ကြိုက်တဲ့အရာတွေကိုမှ လုယူတတ်တဲ့ မောင်တွေ၊ ညီမတွေလည်း ရှိကောင်းရှိဦးမည်။ သို့သော် သူတို့ဟာ ကျွန်မအတွက်က တော့ ကျွန်မငြိမ်းချမ်းသော ချစ်ခြင်းမေတ္တာကို ရှာတွေ့နိုင်သော တစ်ခုတည်းသော နေရာဖြစ်သည်။ 

Monday, December 24, 2012 0 comments

သို့ ဒီဇင်ဘာ





နင်ရောက်လာတိုင်း နယူးယော့ခ်မြို့ကြီးဟာရာသီဥတုဒါဏ်ကြောင့် လျှောက်လာလေရာလမ်းအကွေ့အချိုးတိုင်းမှာ သစ်ပင်တွေကဝေဆာမှုရပ်ဆဲပြီး ခြောက်သွ့ကာ
တစ်စတစ်စ ကြွေကျကုန်လေပြီ။ နင့်ကိုချစ်ပေမယ့် နင့်ကိုတွေ့တိုင်းငါရဲ့ခံစားချက်တွေ ခြောက်ခမ်းကုန် ရတာဘာကြောင့်လဲဆိုတာ နဖူးပေါ်လက်တင်စဉ်း စားတိုင်း အဖြေမထွက်ခဲ့ဘူးဟာ။ လှပတဲ့အချစ်တစ် ခုကို ဖန်တီးပေးခဲ့သလို သင်ခန်းစာတွေ တစ်ပုံတစ် ပင်ကြီး နာကျင်စေခဲ့တဲ့ နင့်ကို စိတ်နာရပြန်တယ်။


ဒီဇင်ဘာရာ...နင့်ကိုပြောပြချင်တာတွေများလွန်းလို့ အတွေးတွေကိုလိုက်ဖမ်းရတာအမော။ဒီဇင်ဘာဆိုတဲ့ နင့်နာမည်ကြားတိုင်း ဝှေ့တိုက်လာတဲ့လေပြေနဲ့ နှင်းဖတ်ကလေးတွေကိုအတူဒွန်တွဲမြင်လာသလို ဒီဇင်ဘာ နဲ့နာကျင်မှုကိုလည်း ငါတွဲခံစားမိလျက်သား ဖြစ်ဖြစ်သွားတယ်။ဒီနှစ်မှာတော့ငါတကိုယ်တည်းပေါ့။ စိတ်မပူ နဲ့..ငါဝမ်းမနည်းပါဘူး။ ငါချစ်တဲ့ငါ့မိသားစုနဲ့ ငါ့သူငယ်ချင်းတွေဟာ ငါ့နှလုံးသားထဲမှာအမြဲရှိသလို အတွေး ချင်းလည်းအမြဲနီးစပ်နေမှာပဲ။ တစ်ခါတစ်လေမှာ ကိုယ့်ကိုမချစ်တဲ့သူ၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကို တန်ဖိုးမထား တဲ့သူနဲ့ မှားယွင်းစွာအတူရှိနေမယ့်အစား တစ်ကိုယ်တည်းဆိုတဲ့ဝေါဟာရက ပိုပြီးလှပပါသေးတယ်။ ငါမှန် ချင်တယ်ဟာ။
Thursday, November 15, 2012 0 comments

Because I miss You


"Because I miss you" ဆိုတဲ့သီချင်းဟာ ကိုရီးယားဇာတ်လမ်းတွဲ "Heartstring" ဆိုတဲ့ဒရာမာကားထဲက သီ ချင်းတစ်ပုဒ်ဖြစ် ပါတယ်။ ဒီရုပ်ရှင် ပထမဆုံးအကြိမ်ကြည့်တုန်းက ဒီသီချင်းစာသားရဲ့ ဘာသာပြန်ကိုဖတ် ရင်းမျက်ရည်ကျမိပါတယ်။ အခုလည်း အကြောင်းတစုံတစ်ရာတိုက်ဆိုင်တာကြောင့် ကိုယ်တိုင် စိတ်ကြိုက်ပုံ များနဲ့ ဗီဒီယိုလေးဖန်တီးဖြစ်ပါတယ်။ သူဆိုသွားတာနဲ့ အင်္ဂ လိပ်စာတန်းကို အတတ်နိုင်ဆုံးတူအောင် ကြိုး စားထားပါတယ် (ကိုရီးယားစာမတတ်တော့ သေချာမသိပါ)။ အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်မို့ အားလုံးနဲ့ ရှဲ လိုက်ချင်လို့ပါ။

nunki (နန်ကီ)

Sunday, November 11, 2012 2 comments

...






အတိတ်က 
ပုံရိပ် ပန်းချီကားတွေ 
တဖျတ်ဖျတ် ပေါ်လာပေမယ့်
ငါ ပြန်မလှည့်ချင်တော့ဘူး။

တိုက်ဆိုင်တဲ့
ဆွေးမြေ့သီချင်းတွေ
မရပ်မနား နားထောင်နေပေမယ့်
ငါ ပြန်မလွမ်းချင်တော့ဘူး။

ငါသိတယ်
နင်လည်း သိတယ်
ဒီဇာတ်လမ်းဟာ
အဆုံးသတ်သွားပြီးသား။

သံယောဇဉ် တစ်မျှင်ကြောင့်
နင့်အကြောင်း စဉ်းစားမိတဲ့
ငါ့ရဲ့ အတွေးကို
ခွင့်လွှတ်ပေးပါဟာ
ငါ ဆက်ကြိုးစားဦးမှာပါ။ 



nunki (နန်ကီ)
Saturday, November 10, 2012 0 comments

ထွေပြားတဲ့ ကျွန်မ



ကျွန်မအတွက်နောက်အကျဆုံးအိပ်ရာထချိန်မှာ များသောအားဖြင့် ၈နာ ရီဝန်းကျင်လောက်ဖြစ်တတ်သည်။ ဒီနေ့လည်းမျက်လုံးပွင့်ပွင့်ချင်း ညို မှိုင်းနေတဲ့စိတ်တိမ်တိုက်နဲ့ အခန်းထဲကတစ်ခုတည်းသော ထိုင်ခုံမှာထိုင် နေလိုက်သည်။ ကားတွေတန်းစီရပ်ထားသောလမ်းမတစ်လျှောက်... ခပ် ကျဲကျဲသွားလာနေသော လူသူလေးငါးယောက်...ကို ပြတင်းပေါက်မှတ ဆင့် အပေါ်စီးကလှမ်းကြည့်နေမိသည်။ ခပ်စွေစွေထိုးကျနေသော နေ ရောင်အရှိန်ရှေ့မှာ ကျွန်မထိုင်ရင်း မနေ့ညကအရှိန်ကြောင့် ပြိုယိုင်နေတဲ့ ကျွန်မရဲ့စိတ်ကို ပြန်စုစည်းမိအောင် ကြိုးစားနေမိသည်။ ခန္ဓာကိုယ်က လေးလံထိုင်းမှိုင်းနေရုံမက ကျွန်မရဲ့ရင်အစုံမှာ ပေါင်၃၀၀ လောက်လေး လံတဲ့ခဲလုံးနဲ့ ဖိထားသလို မွန်းကြပ်နေသည်။ 

လိမ်ညာခြင်းထဲမှာ ကိုယ့်ကိုကိုယ်လိမ်ညာခြင်းဟာ အဆိုးဆုံးပဲတဲ့။ ကျွန်မထပ်မလိမ်ချင်တော့ပါ။ "ကျွန်မ သူ့ကိုချစ်မိပြီ။" ဒီနေ့ ဟာပထမဆုံး အတိအလင်း ကြေညာရေရွတ်ပြီး မနက်ခင်းတစ်ခုကို စတင်လိုက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ သူ့ကိုချစ်မိတဲ့ကျွန်မရဲ့ခပ်နုံနုံအချစ်တွေကို နာကျင်မှုတွေနဲ့ ချေဖျက်လိုက် တော့မည်ဟုသောအတွေးက အားထုတ်စရာမလိုဘဲ ဒိုင်းခနဲဝင်လာသည်။ သူဟာကျွန်မကို နာကျင်စေ သည်။ ကျွန်မရဲ့ စိတ်ခံစားမှုကို ကစဉ့်ကလျား ဖြစ်စေသည်။ သူ ကျွန်မကို ချစ်သည်၊ မချစ်သည်ကြားမှာ ဒွိ ဟဖြစ်စေသည်။ နောက်ဆုံး ကျွန်မရဲ့ အချစ်တွေကို ရုတ်သိမ်းစေလေသည်။ 

Tuesday, October 30, 2012 0 comments

ဇော နောက်က ဇော


ချမ်းသာတဲ့နိုင်ငံဟာချမ်းသာတယ်။ လူတန်းစေ့နေနိုင်စားနိုင်တယ်။ နိုင်ငံတကာမှာ သြဇာအာဏာရှိတယ်။ အမေရိကန် ပတ်စ်ပို့သာကိုင်ထားလိုက် ဘယ်နိုင်ငံ၊ ဘယ်ဒေသကိုပဲဖြစ်ဖြစ် ဗီဇာမလိုဘဲသွားနိုင်တယ်။ (မြန် မာနိုင်ငံအပါအ၀င် တခြားအချို့နိုင်ငံကလွဲလို့ပေါ့) နိုင်ငံတကာက ကြိုဆိုတယ် ကမ်းလှမ်းတယ်။ ဘ၀ဆက် တိုင်း အမေရိကားမှာ မွေးပါရစေလို့ ကျွန်မလည်း ငယ်ငယ်က ဆုတောင်းဖူပါတယ်။ ကျွန်မ အမေရိကားမှာ ကျောင်းလာတက်ဖို့ အရမ်းကြိုးစားခဲ့ရတယ်။ ငွေ၊ လူ၊ အချိန်၊ ဘာတွေ ကုန်မှန်းမသိ အကုန်ကုန်ပြီးမှ ဒီ ရောက်လာခဲ့တယ်။ အဲ့ဒီ့တုန်းက ကျွန်မအိပ်မက်ဟာ ကျွန်မရဲ့ဇောပေါ့နော်။ ရောက်သွားရင် အဆင်ပြေသွား မှာပါလို့ လူတိုင်းပြောကြပါတယ်။ ကျွန်မလည်း အဲ့လိုထင်ခဲ့မိတယ်။

ထင်တာနဲ့ ကြုံတွေ့ရတာ တကယ်တော့ တခြားစီပါပဲ။ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်မိသားစုနဲ့ အတူနေထိုင်ရင်း ကျောင်းတက်ရ တာ၊ ရုန်းကန်ရတာကို ပင်ပန်းတယ်ဆိုရင်တောင် ဇောကင်းမဲ့ပါသေးတယ်။ ဒီမှာတော့....

ကလင် ကလင်ဆိုတဲ့ နှိုးစက်သံနဲ့ နိုးရတဲ့နေ့ရှိသလို မနိုးမှာစိုးလို့ မအိပ် ဖြစ်ခဲ့တဲ့ ညများစွာလည်း မရေမတွက်နိုင်အောင် ရှိတယ်။ မျက်လုံး အစုံ စဖွင့်တာနဲ့ ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်ရင် အလင်းအစုံတောင် မ ပွင့်သေး။ လေးပင်နေတဲ့ခန္ဓာကိုယ်ကို လက်နှစ်ဖက်အားနဲ့ ကုန်းရုန်းထ ရင်း တစ်နေ့တာဇောများစတင်ပါတော့သည်။ရုံးတက်မယ့်သူများ၊ ရေချိုး ထမင်းဘူးပြင်၊ အ၀တ်အစားလဲပြီး လိုအပ်တဲ့ပစ္စည်းများ ကုန်းရုန်းထည့် ကာ ရထားအမှီပြေးရပါတော့သည်။ ထမင်းဘူးဟာလည်း မနေ့ညက တည်း ပြင်ပြီးသား။ ကိုယ်သွားရမယ့် ခရီးကို ၅မိနစ်လောက် နောက်ကျ လို့ ရထားလွတ်သွားရင် လူကျပ်ကောင်းကျပ်မယ်။ တနာရီမက သွားရ မယ့် ခရီးကိုမတ်တပ်ရပ်ကောင်းရပ်ရမယ်။ အဆိုးဆုံး အလုပ်နောက်ကျ မယ်။ မိုးလင်းတာနဲ့ ပထမဆုံး ဒီဇောနဲ့သုတ်ခြေတင် ပြေးရတဲ့ ၀န်ထမ်း ပေါင်းဟာ အမေရိကန်နိုင်ငံမှာ ၉၈ ရာခိုင်နှုန်းလောက် ရှိမယ်ထင်တယ်။ ရထားဂိတ်ရောက်တော့လည်း စောင့်ရင်း စောင့်ရင်းနဲ့ Delay ဖြစ်ရင်
Sunday, October 21, 2012 0 comments

When you won't...


He would call me 
Just to hear my voice
When you won't...

He would text me
Just to know how i m doing
When you won't...

He would cancel his plan
Just to see my smile
When you won't...

He would miss me
With his affectionate heart
When you won't...

He would listen "when you say nothing at all" and miss me
While I'm missing you hearing out the same song
When you won't...

That's how he is
That's how you are
I won't make you chase
Stay where you are
I will just walk away
When I don't give a shit about you
Then... just... don't cry out loud 

nunki (နန်ကီ)
Sunday, October 14, 2012 0 comments

Thank "U"

I fell in love with you
You left
I cried
I was still in love with "U"

I looked for the replacement
I found one
You came back
I was still in love with "U"

I was there
You found "the one"
I realized "the end"
I fall out of love with "U"
Thank "U"

- The End -
nunki (နန်ကီ)
Monday, October 8, 2012 0 comments

စိတ်သစ်ရဲ့ နေ့သစ်

စာသင်ခန်းထဲမှာ ထိုင်နေရင်း စိတ်က ပျံလွင့်လျက်။ Psychology ဆရာမက "လူဆိုတာ နာကျင်မှု မရှိဘဲ အသက်ရှင်လို့မှ မရဘဲ" တဲ့။ ကျွန်မ ခေါင်းတစ်ချက် ညိတ်လိုက်တယ်။ နာကျင်မှုတွေ ဘ၀တစ်လျှောက်လုံး ရှိလာပေမယ့် မျှော်လင့်ချက် တစ်ခုတည်းနဲ့ လူတိုင်းဟာ အသက်ဆက်ရှင်ဖို့ အားတင်းထားကြတယ်လို့ ကျွန်မ ယူဆပါတယ်။ ကျွန်မလည်း ကျွန်မ ခံစားရတဲ့ နာကျင်မှုကို ဘယ်လောက် ခံနိုင်မယ်ဆိုတာ မသေချာ ပါဘူး။ တစ်ခါတစ်လေ ခဏတာ ပျော်ရွှင်မှုရဖို့ နာကျင်မှုနဲ့ အများကြီး ပေးဆပ်လိုက်ရတာမျိုး ရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဘယ်သူကတော့ လက်ထဲမှာ ဆူးတစ်ချောင်းစိုက်ပြီး သွေးတစ်စက်ပြီး တစ်စက် ကျနေတာတော့ လိုချင်ပါ့မလဲ။ ဆုပ်ကိုင်ထား ခံနိုင်မှု အတိုင်းအတာကို ကျော်သွားရင်တော့ လွတ်ချမိမှာပဲ။

"တခွက်ခွက်နဲ့ မြင်းကျနေတာပဲ" တဲ့။ ဒါ ကျွန်မ ၁၀ တန်းနှစ်တုန်းက ကျွန်မ ဒေါက်ဖိနပ် စီးတတ်တဲ့ အကျင့် ကို ကောင်လေး တစ်ယောက်က မှတ်ချက် ချဖူးပါတယ်။ တစ်ခါတစ်လေမှာ အရာတွေဟာ ပြောသလောက် လုပ်ဖို့မလွယ်ပါဘူး။ ကျွန်မ ငယ်ငယ်တုန်းကလည်း ဒေါက်ဖိနပ် စီးပုံရပါတယ်။ ဒါပေမယ့် သိပ်တော့ မမှတ် မိတော့။ ၄ တန်းနှစ်တုန်းက ကျွန်မရဲ့ အရပ်ဟာ သူငယ်ချင်းများထက် ခေါင်းတစ်လုံး ပိုရှည်ခဲ့တယ်။ အဲ့တုန်း က သူငယ်ချင်းကြားထဲ ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ ကိုယ့်အရပ်ကိုယ် စိတ်ညစ်လို့ ဒေါက်ဖိနပ် မစီးဖြစ် ခဲ့။ ငါးတန်းကျတော့ မှတ်မှတ်ရရ ကျောင်းသွားရင် အစိမ်းရောင် စကတ် အတိုလေးနဲ့ ဒေါက်ဖိနပ်လေး စီး တတ်ပြီ။ ချွန်နေတဲ့ ဒေါက်ဖိနပ်ကို ကျွန်မစီးတိုင်း လူတွေက အသည်းယားကြတယ်။ တကယ်တော့ လူတွေ က စိတ်ထဲက ချွန်တာနဲ့ မမြဲခြင်းတရားကို တွဲမှတ်ထားသလိုပဲ။ တကယ်တော့ ထုထည်ကြီးတဲ့ ဖိနပ် အထူ ကြီးတွေက ပိုပြီး လမ်းလျှောက်ရခက်ပါတယ်။ ခြေချော်ပြီး လည်သွားရင် ခြေထောက် လေ၀င်ပြီး ရက်အ တော်ကြာ ထော့နဲ ထော့နဲ ဖြစ်သွားနိုင်ပါတယ်။ ကျွန်မ အတွက်တော့ ဒေါက်ဖိနပ် အချွန်စီးရတာ ဖိနပ်အပါး စီးတာထက် ပိုကောင်းတယ်။ ဖိနပ် အပါးကျတော့ ပါးနေတဲ့ ရှေ့ဖျားနဲ့ ခဏ ခဏ ခလုတ်တိုက်တတ်တယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ဒေါက်ဖိနပ်ကို ပိုလို့ ပိုလို့ ကြိုက်လာတယ်။ လူတွေ မေးကြတယ်။ မနာဘူးလား.. မ ညောင်းဘူးလားတဲ့။ အမှန်အတိုင်း ကြားချင်ရင်.. နာတယ်.. ညောင်းတယ်လို့ ပြောရမှာပေါ့။ ကျွန်မ ခြေထောက်က ဖွေးနုမနေလို့ တော်သေးတယ်။ ခြေထောက်လေးကို ကြည့်လိုက်ရင် ခြေမဘက်က ခြေဖ၀ါး စောင်းမှာ ကျွန်မ အသားအရောင်ထက် နည်းနည်းလေး ပိုရင့်တဲ့ လိုင်းကြောင်းလေး တစ်ခုရှိပါတယ်။ ဒါဟာ... ဂွင်းထိုး ဖိနပ်က ကြိုးလေးတွေ တင်းလို့ ခြေထောက်ပေါက်ပြီး ကျန်ခဲ့တဲ့ မသိမသာ အမှတ်လေး တစ်ခုပါ။ ဖိနပ်စီးလိုက်ရင် မသိသာဘူး.. ဒါပေမယ့် ရှိတယ်။ ပြီးတော့ ခြေသန်းလေးမှာ အမြဲတမ်း အသားမာ တတ်ပြီး အသားတွေ ကွာတတ်တယ်။ ဒါဟာ နောက်က မြင့်တဲ့ ဒေါက်ရဲ့ အရှိန်ကို ထိန်းရလွန်းလို့ ဖြစ်ပါ တယ်။ ခြေဖမိုးက ဒီလောက်မဆိုးပါဘူး။ ခြေဖ၀ါးကသာ ပိုထိန်းရတာ။ ခြေမရဲ့ အောက်နားနည်းနည်း ဆင်းလိုက်ရင် ဖောင်းနေတဲ့ အသားလေး ရှိတယ်မလား။ လမ်းလျှောက်တာ များတဲ့အခါ မတ်တပ်ရပ်တာ များတဲ့အခါ အဲ့နေရာလေးက နီရဲလို့လာပါတယ်။ ဒါ့အပြင် ခြေသကြွယ် နဲ့ ခြေသန်း ခြေဖ၀ါးအောက်မှာ စမ်းကြည့်ရင် ကြမ်းတမ်းတမ်းလေး ရှိပါတယ်။ ဒါတင်ပဲ ထင်လို့လား? :) ခြေကောက်ဝတ်၊ ခြေသလုံး၊ အဓီက နာတာ ခါး။ သတိထားမိသလောက် ဖိနပ်အပါး စီးပြီး လမ်းလျှောက်တဲ့ နေ့တွေဆိုရင် အိမ်ပြန်ရောက်လို့ အိပ်ရာပေါ်လှဲလိုက်တဲ့ အချိန်ဆိုရင် ခါးက သိပ်မနာဘူး။ ဒေါက်ဖိနပ် စီးပြီး ပြန်လာတဲ့ နေ့တွေဆိုရင် ခါးကို ဖြည်းဖြည်းချင်း ဆန့်ပြီးလှဲရတယ်။ နာလို့ "အား" လို့ တချက်အော်လိုက်တာနဲ့ သက်သာသွားပါတယ်။ ဒီ စာပုဒ် တစ်ခုလုံးလည်း ဖတ်ပြီးသွားရော.. မေးကြပါလိမ့်မယ်။ ဒါနဲ့ ဘာလို့များ ဒေါက်ဖိနပ် စီးနေသေးလဲလို့။ 
Thursday, September 6, 2012 0 comments

ဆုတောင်းမယ်

ကျွန်မအတွက် ထပ်တလဲလဲ နားထောင်လည်း ရိုးအီမသွားတဲ့ သီချင်းတပုဒ်ပါ။ တယောက်စီက ခံစားချက် ယူဆချက် မျိုးစုံနဲ့ သီချင်းတပုဒ်ကို ခံစားတတ်ကြပါတယ်။


ကျွန်မအတွက်ကတော့...

"ဘ၀မှာ ချစ်ရတဲ့သူနဲ့ ကိုယ့်ကို မြတ်နိုး တန်ဖိုးထားတဲ့သူ တစ်ထပ်တည်း မကျတဲ့အခါ
နောင်ဘ၀မှာ.. ဆုံချင်သေးတယ်။
ဆုတောင်းနေမယ်"
အဲ့လိုလေး ခံစားမိပါတယ်း)


nunki (နန်ကီ)

2 comments

ကြောက်လန့်ခဲ့သော တစ်ညတာ in NYC

ညနေ၇နာ၇ီ၄၅မိနစ်မှာအတန်းယူထားလို့ ၆နာရီကျော်လောက်အိမ်ကနေထွက်ခဲ့တယ်။ အတန်း တစ်ဝက် လောက်တော့ လူကအကောင်း။ တစ်ဝတ်လောက်ကျတော့ ဗိုက်အောက်ပိုင်းကတဖြည်းဖြည်း အောင့်လာ တယ်။ အတန်းချိန်တ၀က်လောက်ရောက်တော့ Attendanceကောက်တယ်။ ပြီးတော့တစ်ချို့ သင်တန်းသား တွေက ထပြန်ကြတယ်။ ကိုယ်ကိုကိုယ်ဘာဖြစ်တယ်ဆိုတာသိတော့ ကောက်ပြန်ဖို့စဉ်းစားမိသည်။ ရုတ်တ ရက် ပရော်ဖက်ဆာက "ငါ့ရဲ့ assistant က အတန်းပြီးခါနီး တစ်ခါ Attendance ထပ်ကောက် ဦးမှာနော်။ အခု ပြန်တဲ့သူကAbsentပဲ"တဲ့။ ထိုင်ရအကောင်း ထရအကောင်း။ အတန်းမြန်မြန်ပြီးပါစေလို့ ဆုတောင်းလိုက် ရတာ အမော။ ကြာလာရင် ဒီရောဂါက ပိုဆိုးလာတော့မယ်။ အဲ့ဒါနဲ့ အားတင်းပြီး လမ်း လျှောက်ရင်း Market တစ်ခါမှာ လိုအပ်တာနဲ့ ဆေးဝင်ဝယ်လိုက်တယ်။ လမ်းမှာတင် ချက်ချင်း ဆေးသောက် လိုက်တယ်။ ဒီလိုနဲ့ ရထားပိုတက်ပြီး လိုက်လာတယ်ပေါ့။


ကျွန်မနဲ့ Canal street - dekalb ave က အရမ်းကံစပ်တာပဲ။ Canal Street ကတော့ တရုတ်တန်းမှာ ရပ်တဲ့ ဘူတာပါ။ Canal St ကနေ Dekalb ave က တခြား ဘူတာတွေထက် ကူးတဲ့လမ်းက ပိုဝေးပါတယ်။ ကြားမှာ ရထားက လုံးဝမရပ်ဘူး ဆိုပါတော့။ ဒီကြားထဲ များသောအားဖြင့် Train Traffic မိတတ်သေး။ ထိုင်ခုံက လည်းမရ။ လူတွေကလည်း တဖြည်းဖြည်းနဲ့ ကျပ်လာတယ်။ ကျွန်မ မျက်လုံးဖွင့်လို့မရအောင် မူးလာသလို ခံစားရတယ်။ ဒါ့အပြင် အရင်တစ်ခါက ဖြစ်သလိုပဲ... ဇောချွေးတွေ ပြန်လာပြီး ရင်ထဲမှာ ပျို့တက်လာတာကို မနည်းထိန်းထားရတယ်။ တအေ့ အေ့နဲ့ လေတက်တာ ဘေးလူကို တောင်အားနာလာတယ်။ ရထားဘူတာ ကို ရောက်ပါစေ၊ ရောက်ပါစေ ဆုတောင်းနေရတယ်။ ရောက်တာနဲ့ ချက်ချင်းဆင်းပြီး လက်ထဲမှာ ၀ယ်လာ တဲ့ ပစ္စည်းတွေကို ထုတ်ပြီး ပါလာတဲ့ ပလတ်စတစ်အိတ်ထဲမှာ အန်လိုက်တာ.. တဝေါ့ဝေါ့။ ထိုင်ရာကနေ တော်တော်မထနိုင်ဘူး။ ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိ။ ဒါမျိုး နာကျင်မှုတွေ၊ အန်တာတွေ ဖြစ်ဖူးပါတယ်။ များသောအားဖြင့် အိမ်မှာပဲ ဖြစ်တာများတယ်။ အိမ်မှာတောင် နာလွန်းလို့ ကျွန်မ အော်နေ၊ ငိုနေရတာ။ ဒါနဲ့ ရထားဘူတာက ထွက်ပြီး အိမ်ကို ဖုန်းဆက်ရတော့တာပေါ့။ အန်တီကို လာကြိုခိုင်းချင်ပေမယ့် သူကလည်း ဒီရက်ပိုင်း နှလုံးပြန်ဖောက်နေတယ်။ ကဲ.. ငါ ဘာလုပ်ရမလဲ။နာလွန်းလို့ မတ်တပ်တောင် ကောင်းကောင်း မရပ်နိုင်ဘူး။ ခဏ ခဏလည်း အန်နေတော့တာပဲ။ တကိုယ်လုံးက တုန်ပြီး ဇောချွေးတွေ ပြန်နေပြီ။

Thursday, August 23, 2012 0 comments

Classy Girls/Ladies ဖြစ်ဖို့

ံHow to be a classy girl ဆိုတဲ့ ဆောင်းပါး အမျိုးမျိုးကို website အမျိုးမျိုးကနေ ရှာဖတ်နေဖြစ်တာ ကြာ ပါပြီ။ ကျွန်မ အသက် ၂၂ ပြည့်ပြီးတဲ့ နောက်ပိုင်းမှာ Fancy ဆန်တဲ့ အ၀တ်အစားတွေကို သိပ်မကြိုက်တတ် တော့။ T-shirt နဲ့မလိုက်ဘူးလို့ ခဏခဏ အပြောခံရတော့ ဘယ်လို စတိုင်လ်လေးက ငါနဲ့ လိုက်မလဲလို့ စဉ်းစားမိတယ်။ အဲ့ဒီ့အချိန်မှာ ကျွန်မ BeWitched ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ကြည့်ဖြစ်တယ်။ အဲ့ထဲက စုန်းမနေရာမှာ သရုပ်ဆောင်တဲ့ ကောင်မလေးလို မိန်းမဆန်ပြီး ယဉ်ကျေး သိမ်မွေ့တဲ့အပြင် ထက်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ သူ ၀တ်စားဆင်ယင် ပြောဆိုပုံက Classy ဖြစ်တယ်ဆိုပြီး Classy ဆန်ဖို့ စတင် လေ့လာမိပါတော့တယ်။ တကယ်လေ့လာဖြစ်တော့ Classy ဖြစ်ဖို့ဆိုတာ အ၀တ်အစားနဲ့ မရ ဘူးဆိုတာ သိလာရပါတယ်။ တကယ် Classy ဆန်တဲ့ မိန်းကလေးဆိုတာ ဘယ်လိုမျိုးလဲဆိုတာ လေ့လာ ရင်း စာဖတ်သူ မိန်းကလေးများကိုလည်း ဝေမျှချင်ပါတယ်။ မြန်မာမိန်းကလေးထဲမှာ Classy ဆန်တဲ့ မိန်း ကလေးမျိုး တွေ့ရခဲတာမို့ မသိသေးသူများကို သိစေချင်သောကြောင့် ဒီလို ဝေမျှလိုက်တာ ဖြစ်ပါတယ်။ 


Wednesday, August 22, 2012 0 comments

မြန်မာပြည်သို့ အလည်တစ်ခေါက်

တစ်ယောက်စ နှစ်ယောက်စမှာတွေ့ရတဲ့ အမူအကျင့်ကို လူတိုင်းက ဒီလိုပဲလို့ ၀ါးလုံးသိမ်းပြီး ပြောလို့မရနိုင်
ပါဘူး။ ဒါပေမယ့် လူတိုင်း လူတိုင်းက ဒီလိုပဲ ပြုမူလာမယ်ဆိုရင် ဒါဟာ ယဉ်ကျေးမှုမရှိတဲ့ အမူအကျင့်ကို ဆင့်ကဲမွေးမြူနေကြခြင်းသာ ဖြစ်ပါတယ်။ 

ရေအိုင်ထဲက ဖားသူငယ်ဟာ အပြင်လောကကို ထွက်မကြည့်သရွေ့ သူနေထိုင်နေတဲ့ ရေအိုင်ဟာ ဘယ် လောက်သေးငယ်တယ်ဆိုတာ မသိနိုင်ပါဘူး။ ဒီလိုပဲ... ကျွန်မတို့ကိုယ်တိုင်ကလည်း တစ်နိုင်ငံ တစ်ဒေသ ထဲမှာပဲ ခြေကုပ်ပြီး လူမျိုး မျိုးစုံနဲ့ မထိတွေ့ မဆက်ဆံဘူးရင် ကိုယ့်အားနည်းချက်ကို သိနိုင်မှာမဟုတ် ပါဘူး။ ဖားသူငယ်ဟာ အပြင်လောကကြီးတာကိုမြင်ပြီး ကိုယ့်ရေအိုင်ကို အထင်သေး၊ စွန့်ခွာရမယ်လို့ မဆို လိုပါဘူး။ သူနေထိုင်ရာ ရေအိုင်က အပြင်လောကထက်သေးပြီး တစ်ခုခု ပြုပြင်ဖို့လိုတယ်ဆိုတာသာ သိ သင့်ပါတယ်။ အဲ့လိုပဲ တခြားနိုင်ငံရောက်သွားတဲ့သူတွေဟာ ရောက်ရာနိုင်ငံဟာ ကိုယ့်နိုင်ငံထက်သာ တာမြင်ရင် နှိုင်းယှဉ်ကြစမြဲပါ။ ဝေဖန်မှုလုပ်ရင်လည်း "နင်ဟာ ကိုယ့်နိုင်ငံကိုယ် အထင်မကြီးဘဲ ရှုံ့ချနေ တယ်" လို့ဆိုကြပါတယ်။ တကယ်တော့ ဒါဟာ ရာနှုန်းပြည့် မမှန်ပါဘူး။ တပါးနိုင်ငံက လူမျိုးရဲ့ ကောင်း ကွက်ကိုမြင်ပြီး ကိုယ့်နိုင်ငံ ကောင်းစေချင်သော ဆန္ဒရှိယုံသာ ဖြစ်ပါတယ်။ 

ဒီတစ်ခေါက် မြန်မာပြည်ပြန်ရောက်တဲ့အချိန်မှာ အပြင်ထွက်တိုင်း တကယ်စိတ်အနှောက်အယှက် ခဏ ခဏဖြစ်ရပါတယ်။
Wednesday, June 20, 2012 0 comments

မုန်းလိုက်ပါ ချစ်သူ

နှစ်နှစ်နီးပါး မြန်မာပြည်ကိုစွန့်ခွာပြီးမှ မြန်မာလေကိုတစ်ခါပြန်ရူရှိုက်ခွင့်ရတာကို တော်တော်လေး ၀မ်းသာ နေမိခဲ့သည်။ လေဆိပ်ကအထွက် စက်လှေကားနဲ့ဆင်းလာရင်း လက်ဝှေ့ယမ်းပြီး ကြိုဆိုနေသည့် မိသားစု ကို ပထမဆုံးမြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပဲ လွန်ခဲ့တဲ့၂၀၁၀ သြဂုတ်လ၂၀မှာ မျက်ရည်လဲ့ပြီး ကျန် ခဲ့တဲ့ ကောင်လေးတစ်ယောက်ကိုမြင်ယောင်မိသည်။ "ကို... လေဆိပ်လိုက်ပို့ရင် မငိုရဘူးနော်" လို့ အ တန်တန်မှာထားသည့် ကျွန်မစကားကိုနားထောင်ပြီး အားတင်းပြုံးရင်းကျန်ခဲ့သော ချစ်သူဟောင်းကို သတိ ရရင်း ကျွန်မပြုံးမိသည်။

ကျွန်မသူ့ကိုချစ်ခဲ့တာထက် သံယောဇဉ်ပိုခဲ့သည်ဆိုရင်ပိုမှန်မည်။ လွန်ခဲ့သော၎နှစ်ကျော်လောက်က ကျွန်မ တို့ သင်တန်းတစ်ခုမှာစတွေ့သည်။ ဘေးချင်းကပ်ထိုင်ရင်း ချစ်သူတွေဖြစ်ခဲ့ကြတာ အထူးအဆန်းတော့မ ဟုတ်။ မှတ်မှတ်ရရသူ့ကို ဇွန်လ၆ရက်နေ့ သူ့မွေးနေ့မှာ Dictionary စာအုပ်တစ်အုပ် လက်ဆောင်ပေး ရင်း အဖြေပေးခဲ့သည်။ သူစိတ်ဓါတ်ကျချိန် စိတ်ညစ်ချိန်တွေမှာ ကျွန်မရှိခဲ့သလို ကျွန်မစိတ်ညစ်ပြီး ငိုနေ သည့်အခါတိုင်း သူဘေးမှာရှိနေခဲ့သည်။ ဒီလို ဒီလိုနဲ့ တွဲခဲ့ကြတာမထင်မှတ်ဘဲ ၂နှစ်ကြာမြင့်ခဲ့သည်။ သူက ကျွန်မထားခဲ့သမျှ ရည်းစားတွေထဲမှာ နှစ်အကြာဆုံး ချစ်သူဖြစ်လိမ့်မည်။ အသက်သာကြီးလာသည်။ ၁၈နှစ်တုန်းက ထားခဲ့သည့် ရည်းစားလောက် ရေရှည်တွဲရမည့် ချစ်သူက ကျွန်မမှာ ထပ်မတွေ့နိုင်သေးပါ။ ဒါဟာ ဆုတ်ယုတ်မှုတစ်ခုလား?

0 comments

ကြေကွဲမှု ရင်ခုန်သံ

ဒါဏ်ရာတွေဗရပွနဲ့
အက်ကြောင်းထပ်နေတဲ့
ငါ့နှလုံးသားမှာ
အပြီးသတ် မေ့လို့မရနိုင်သေးတဲ့
ရင်ခုန်သံတစ်စုံရှိတယ်...။
ဝေးခဲ့ကြတဲ့ အချိန်လေးတွေ
ကာလာကြာခဲ့ပေမယ့်
အမြဲတမ်း တမ်းတနေခဲ့တာ
ရူးရူးမူးမူးချစ်ခဲ့ဖူးတဲ့
မင်းတစ်ယောက်ကို...။
ဝေးခဲ့ပြီးနောက်
မင်းသိပ်မြတ်နိုးခဲ့ဖူးတဲ့ ငါ့ဆံပင်တွေ
ကြင်နာခဲ့ဖူးတဲ့ အချိန်လေးတွေ
အရာအားလုံးကို
ငါတန်ဖိုးထားတတ်ခဲ့ပြီ...။
အစကတည်းက
မဆုံဖြစ်ခဲ့ကြရင် သိပ်ကောင်းမှာပဲလို့
နာကျင်စွာ ညည်းညူးခဲ့ဖူးပေမယ့်
နောင်တနဲ့ အလွမ်းတွေကိုရင်မှာပိုက်
အကောင်အထည်ဖော်ခွင့်မရှိတဲ့ ဆန္ဒအတွက်
အကြိမ်ကြိမ် အငြင်းပွားနေမိတယ်...။
ချစ်သူရယ်
ဘယ်တော့မှ ဖျောက်ဖျက်လို့မရနိုင်တော့မယ့်
သံယောဇဉ်တွေ
ဘယ်တော့မှ မကုန်ဆုံးနိုင်တော့မယ်
စူးနစ်တဲ့ အချစ်တွေကို
မင်းလေးမသိနိုင်လည်း
မင်းတစ်ယောက်ကို ထာဝရမြတ်နိုးနေမိဦးမှာပဲ
ကြေမွနေတဲ့ နှလုံးသားတစ်စုံနဲ့ပေါ့...။


nunki (နန်ကီ)
0 comments

လှိုင်းခတ်သံ






တစ်လှမ်းချင်းဦးတည်ရာမဲ့လျှောက်နေမိသည်။ လေတဖြူးဖြူးနဲ့ နေသာနေလိုက်တာ...ပန်းတွေလည်း မြင် လေရာပွင့်လို့။ ဒါပေမယ့် ကျွန်မရင်ထဲတော့မသာယာနိုင်ပါဘူး။ မောင့်ကိုရင်နင့်အောင်ချစ်ခဲ့ရင် လူးလှိမ့်ခံ စားရမယ်သိပါရဲ့မိုက်ခဲ့လေသမျှ ဘယ်သူ့ကိုမှအပြစ်မမြင်ရက်ပါ။ ကျွန်မနဲ့မောင်တွေ့ဆုံမှုက ရိုးသထက် ရိုးရှင်းပါတယ်။ သီချင်းကြားတာနဲ့တိုးတိုးလေးညည်းတတ်တဲ့ ကျွန်မနဲ့ Melody အလိုက် ခြေလှုပ်တတ်တဲ့ မောင် ဆုံစည်းခဲ့တာ မဆန်းပါ။

အခန်း (၁)
စာကြည့်တိုက်ကအပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်လို့နေသည်။ ကျွန်မစာဖတ်နေရင်း ကိုယ့်အ သက်ရှုသံ ကိုယ်ကြားနေရလောက်တဲ့အထိပါပဲ။ စာကုန်းဖတ်ရင်း စာအုပ်ရှေ့ကိုဝင်လာတဲ့ ကာလာစုံ စာရွက်လေးကို တွေ့လိုက်တော့ကြောင်သွားသည်။ လက်သွယ်သွယ်လေးကို မြင်လိုက်တော့ မိန်းကလေး တစ်ယောက်ဖြစ်မည်ဟုတွက်ဆလိုက်သည်။ စိတ်အနှောက်အယှက် ဖြစ်ဖြစ်နဲ့ ရန်တွေ့မည်ဟု စိတ်ထဲမှာ တေးပြီး မော့ကြည့်လိုက်သည်။ ဟိုက်! ထင်တာနဲ့ မြင်တာ တလွဲပါပဲ။ အသားညိုညို Punk စတိုင်လ် နဲ့ ကောင်လေးတစ်ယောက် ကျွန်မရှေ့မှာ ရပ်လို့နေသည်။ ကြည်လင်တဲ့ အပြုံးလေးနဲ့ "ကျွန်တော်တို့ Youth Music အတွက် Volunteers ရှာနေတာပါ။ စိတ်ဝင်စားရင် ပါလို့ရပါတယ်" လို့ တိုးတိုးတိတ်တိတ်လေး ဆိုလေရဲ့။ "ဟုတ်ကဲ့.. ကျေးဇူး" လို့ပြောရင်း သူကမ်းပေးတဲ့စာရွက်လေးကိုယူထားလိုက်ပြီး စာကို ပြန်ဖတ် နေမိသည်။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ပဲနေဖြစ်တော့သည်။

0 comments

ရက်စက်သူသို့

အဲ့ဒီ့ညက နင်လာတယ်
ငါ့တံခါးရင်ခွင်ကိုခေါက်တယ်
လမင်းကြီးကို လက်ဆောင်အဖြစ်ပေးသွားတယ်
ငါလက်ညိုးနဲ့ ထိလိုက်တာနဲ့ ငါ့ကမ္ဘာကြီးလင်းလက်သွားတယ်
နင်ပြောတယ်... အဲ့ဒါ "ငါ့ကြောင့်" တဲ့
ငါကိုက်နေတဲ့ လက်သည်းစလေး
နင့်ခြေထောက်နားကျသွားတယ်
ဟာ... နှင်းဆီပွင့်လေးဖြစ်သွားတယ်
သိမ်မွေ့နက်နဲလွန်းတဲ့ မျက်ဝန်းတစ်စုံ ငါ့ဆီဝင့်လာတယ်
ရက်စက်တတ်တဲ့ ဓါးသွားပမာ နှုတ်ခမ်းဖျား
ငါ့နှလုံးသားပန်းလေးကိုထိလိုက်တော့
ပန်းဖတ်များ
အလွှာလိုက် အလွှာလိုက်
အထပ်လိုက် အထပ်လိုက်
တဖြုတ်ဖြုတ် ငါ့ရှေ့ကျလာတယ်
နင်ဟန်ပါပါ ငါ့ကိုကျောခိုင်းလျှောက်ရင်း
ငါ့ရှေ့က ပျောက်ကွယ်သွားတယ်
ငါ့ရဲ့ ရှိရင်းစွဲလမင်းလေးက
ကောင်းကင်ကိုလွှင့်သွားတယ်
အဲ့ဒီ့လမင်းကိုကြည့်ရင်း
ငါ့အလွမ်းတွေကို မြိုသိပ်ရတယ်
လင်းလက်ချိုမြိန်မှုတစ်ဝက်
ခါးသက်နံစော်မှုတစ်ဝက်
ချုပ်ရိုးချောင်းနှစ်ခုနဲ့ ငါ့နှလုံးသား
နင့် အကြည့်
နင့် အနမ်း
နင့် အထိအတွေ့တွေကို လက်မခံတော့ပါ
ငါ ခါထုတ်တတ်ပြီ
နင့်ရဲ့ တတိယအကြိမ်ခယလာသော နှလုံးသား...။    ။

nunki (နန်ကီ)
Sunday, May 27, 2012 0 comments

တစ်ဘ၀မှာ တစ်ယောက်သာ

သင်ပျော်ရင် သူပျော်တယ်
သင် ၀မ်းနည်းလည်း ထပ်တူထပ်မျှပဲ
အနီးကပ် ဖေးမပေးတတ်တာ
ချစ်သူငယ်ချင်းတဲ့။

ရည်မှန်းချက် တစ်ခုတည်းကို
တူတူဖြတ်သန်းကြတယ်
အချေမငံ ငြင်းခုံခဲ့ရပေမယ့်
ဘယ်တော့မှ သင့်ကို မချန်ခဲ့တာ
လုပ်ဖော်ကိုင်ဖက်ကောင်းတဲ့။

သင်က သူ့အကြောင်းတွေကို
အလုံးစုံ သိနေတတ်သလို
သူကလည်း သင့်ကို
နားလည်ပေးနိုင်တာ
ချစ်သူရည်းစားတဲ့။

ဒါတွေ အားလုံးပြည့်စုံတဲ့အပြင်
အပျက်ပြယ်တဲ့မေတ္တာ
အကုန်ဆုံးနိုင်တဲ့ အကြင်နာ
သန့်ရှင်းဖြူစင်တဲ့ စေတနာတွေနဲ့
တစ်ဘ၀မှာ တစ်ယောက်သာရှိနိုင်တာ
အမေလို့ ခေါ်သတဲ့။



nunki (နန်ကီ)
Friday, April 27, 2012 0 comments

တရားဝင်ဖျက်စာ



ငါခံစားတုန်းက 
နင်နေတတ်ခဲ့တယ်မလား
ငါ မသိသလို နေတတ်တဲ့အခါ
နင် ခံစားကြည့်ပေါ့ဟာ...

ငါ ၁၂ ကျော်လို့ နင့်ကိုဖုန်းခေါ်ရင်
နင် သိပ်စိတ်မရှည်ဘူးမလား
နင့်ရဲ့ ၁၂ နာရီကျော်ဖုန်းကို
ငါမကိုင်ရင် နင် နားပူနားဆာ မလုပ်နဲ့လေဟာ...

နင် ပြောခဲ့တဲ့ စကားတွေကို
ငါတောင် ခံနိုင်ခဲ့သေးတာပဲ
ငါရဲ့ နှုတ်ဆိတ်မှုကို
နင် ကျေနပ်လိုက်ပေါ့ဟာ...

လမ်းခွဲစကားကို 
နင် စပြောခဲ့တာပဲ
ငါ ကျောခိုင်းတော့ 
နင် ၀မ်းမနည်းကြေးပေါ့...

မှန်ထဲကို ကြည့်လိုက်ပါ
ငါ့ကို တွေ့ရလိမ့်မယ်
နင်ပြုံးရင် ငါပြုံးမယ်
နင်မဲ့ရင် ငါမဲ့မယ်
ဒါပေမယ့်...
အတိုင်းအတာတော့ရှိတာပေါ့
I am different, u know...

nunki (နန်ကီ)
Saturday, April 21, 2012 0 comments

ကိုယ့်ကိုကိုယ် ပိတ်မိခြင်း


ငယ်ငယ်တုန်းကတော့
မိဘရဲ့ ထိန်းချုပ်မှုအောက်မှာ
မလွတ်လပ်နိုင်ဘူးတဲ့...

အရွယ်ရောက်လာတော့
ချစ်သူရဲ့ ချုပ်ချယ်မှုကြောင့်
လွှင့်လိုရာ မလွှင့်နိုင်ခဲ့ဘူးတဲ့...

အလုပ်ခွင်ရောက်လာတော့
အုပ်ချုပ်မှုရဲ့ အောက်မှာ
မွန်းကျပ်လာတယ်တဲ့...

ဒီလိုနဲ့
အသက်ကလေးရလာတော့
ဇရာဆိုတဲ့ ထောင်မှာ
ပိုလို့ ပိုလို့ အိုမင်း ရုပ်ဆိုးလာရတယ်တဲ့...

ဒါပေမယ့်
ဒါတွေအားလုံးဟာ
ကိုယ့်လိပ်ပြာကိုယ်...
ကိုယ်စိတ်ကိုယ်...
လှောင်အိမ်ထဲ ထည့်ခြင်းသာ ဖြစ်လေသတည်း။

nunki (နန်ကီ)
Monday, April 16, 2012 0 comments

ပိတောက်ရဲ့ အလှ

မွေးရပ်ကို ခွဲခွာသူဟာ
အပြန်လမ်းကို မေ့တတ်ကြပေမယ့်
ပိတောက်ပန်းကတော့
သင်္ကြန်မှာ ဖူးပွင့်ဖို့ မမေ့ခဲ့...

ကျွန်မတို့
ဒေသ နိုင်ငံမရွေး
ဓလေ့ကျပေါက်ဖို့ ၀န်မလေးကြပေမယ့်
ပိတောက်ကတော့ 
မြန်မာပြည်မှာသာ သစ္စာရှိစွာ
ပွင့်နေဆဲ...

မပြင်းလည်း မပြင်း
မထင်းလည်း မထင်း
ပိတောက်လို
သစ္စာနဲ့ ဒွန်တွဲတဲ့ အလှ
မြန်မာလူမျိုးတိုင်းမှာ ရှိစေချင်...။ 



nunki (နန်ကီ)

Sunday, April 15, 2012 0 comments

ချစ်စရာကောင်းသော Creative Fingers များ

           mwakk mwakk <3 {isn't it cute?} :D
     awwwn.. I'm all yours <3 {How romantic!!}
     <3 They are having fun
               She loves him, doesn't she? <3
           <3 Cute couple <3
         Titanic !_!
scary movie time??!!
        Together Forever :)

nunki (နန်ကီ)
*I give credit to all creators who i should give credit*
Saturday, April 14, 2012 0 comments

သင်္ကြန်ပဲလေ

အော်... ဒုက္ခ ... ဒုက္ခ။ သင်္ကြန်ရက်မှာ အများနဲ့ မပျော်ရလို့ Facebook ပေါ်မှာ လျှောက်ကြည့်နေ ပါတယ်ဆို မှ မုဒိတာပွားရပြန်ပြီ။ အစတုန်းက သင်္ကြန်မှာ အချစ်ဇာတ်လမ်းလေးများ ရေးရင်ကောင်းမလား စဉ်းစားနေ တုန်း..ဓါတ်ပုံတစ်ပုံ နဲ့ လူတွေရဲ့ ဝေဖန်မှုကို မြင်လိုက်တော့မှ တွေးမိတာလေးကို ချရေးဖြစ် လိုက်ပါတော့ တယ်။ 

ဘာဓါတ်ပုံလဲဆိုတာ သိမှာပါ။ သင်ဇာဝင့်ကျော်နဲ့ သင်္ကြန်စတိုင်လေးပေါ့။ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ မြင်ရတာ ကြည့်လို့မကောင်းပါဘူး။ ဒါပေမယ့် အရမ်းလည်း မဆိုးလို့ထင်ပါတယ်။ သင်္ကြန်ဆိုတာ သူတကာ ထက် ထူးအောင် ၀တ်စားဆင်ယဉ်ဖို့ ဘယ်သူကများ စလိုက်သလဲမသိ။ ပိုပိုပြီး ဆန်းသစ်အောင် အရောင်စုံ ကာလာစုံနဲ့ကို ၀တ်နေကြတာ။ ဒါကိုက ခေတ်တစ်ခု ဖြစ်လာ ပြီပဲလေ။ ကျွန်မလည်း ၁၆၊ ၁၇ အရွယ်တုန်း က သင်္ကြန် ဖက်ရှင်အတွက်ဆို တစ်လလောက် ကြိုစီစဉ် စဉ်းစားခဲ့ရတယ် :P အဲ.. အဲ လိုရင်းနဲ့ လွဲကုန်ပြီ။ ကျွန်မ အမြင်ကတော့ သင်ဇာဝင့်ကျော် ၀တ်ထားတာ အဲ့လောက် မဆိုးပါဘူး။ ဘေးကမော်ဒယ်လေးကတော့ တော်တော်ဆိုးတယ်(ကျွန်မလည်း နာမည် မသိ)။ အနုပညာရှင် တစ်ယောက်ဆိုတာ လူငယ်တိုင်းရဲ့ စံပြပါ။ သူတို့က ဒီလိုလုပ် တယ်၊ ကျော်ကြားတယ်။ လူငယ်တွေ အတုယူကြတယ်။ ကိုယ်လှမ်းတဲ့ ခြေလှမ်း တိုင်းကို အနုပညာရှင်တွေ သတိထားသင့်ပါတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ လွတ်လပ်ပိုင်ခွင့်ကို ပိတ်ပင် တာမဟုတ်သလို သူ့ရဲ့ privacy ကိုဝင်ရောက် စွက်ဖက်တာမဟုတ်ပါဘူး။ လုံလုံလေးဝတ်ပြီး ဖက်ရှင် တစ် ခုဖြစ်အောင် လုပ်နိုင်ပါတယ်။ ဥပမာဆိုရင် သင်္ကြန်အိမ်မက် သီချင်းထဲက Bobby Soxer ရဲ့ ၀တ်စား ဆင်ယင်မှုလောက်ပေါ့. လုံခြုံတယ်၊ စတိုင်ကျတယ်၊ ဆန်းသစ်တယ်။ အနုပညာရှင်၊ ကျော်ကြားပြီးသားပါ။ ဘယ်လိုပဲ ၀တ်ဝတ် လူတွေ သတိထားမိကြပါတယ်။ သာမန် လူငယ် တွေက ရုပ်ပျက်ဆင်းပျက် ၀တ်စားနေ တဲ့ အချိန်မှာ ကိုယ်က celebrity တစ်ယောက်အနေနဲ့ လုံလုံ ခြုံခြုံနဲ့ ဖက်ရှင်ကျကျလေး ၀တ်မယ်ဆိုရင် တခြားလူငယ်တွေက "အော် သူက မင်းသမီး။ ဒါတောင် ငါ့လောက် မဖော်ပါလား။ ငါလည်း မသင့်တော်ဘူး ထင်တယ်" ဆိုတဲ့ အတွေးလေး တစ်ခုဝင်သွားစေပါ တယ်။ 

ဒါပေမယ့် လူတွေက ဒီဓါတ်ပုံလေးတစ်ပုံကို ရေးကြီးခွင်ကျယ် ဘာလို့ အဲ့လောက်လုပ်နေလဲဆိုတာ စဉ်းစား လို့ကို မရပါဘူး။ "မြန်မာလူမျိုး" "အဆင့်အတန်း" "ယဉ်ကျေးမှု" "ဖာ" စတဲ့ စကားလုံးတွေဟာ မြန်မာလူ မျိုးတွေရဲ့ အဓိက စကားလုံးတွေပဲ ထင်ပါရဲ့။ ဓါတ်ပုံမြင်လိုက်ကတည်းက သူရဲ့ description လည်းဖတ် စရာမလိုဘူး။ comment တွေလည်း ဖတ်စရာမလိုဘူး။ ဒီလိုပဲ ပြောကြမှာပဲ ဆိုတာ သိပြီးသား။ ကျွန်မ မေးပါရစေဦး။ ဒီလို ဒီလိုတွေ ပြောကြပြီးတော့ ဒီ အနုပညာရှင်တွေကိုပဲ လူတွေ အားပေးနေကြတာပဲ မ ဟုတ်လား။ ကျော်ကြားမှုဆိုတာ ငွေနဲ့ ပေါက်တိုင်း ဖြစ်ချင်မှ ဖြစ်တာပါ။ ဟုတ်ပါပြီ.. သင်ဇာဝင့်ကျော်ရော၊ ဘေးက ကောင်မလေးကိုရော မအားပေးပါဘူး ဆိုရင် Britney Spears ရော၊ Jennifer Lopez ရော၊ မကြိုက်ကြဘူးလား။ တစ်ခေတ်မှာ Jennifer Lopez ရဲ့ ခန္ဓာကိုယ်အလှဆိုပြီး ယောင်္ကျားသားများ သည်းသည်းလှုပ်ခဲ့ကြတယ်မလား။ အဲ့ဒီတော့ အခုလည်း သူဝတ်စားပြနေတာ လှတယ်မလား။ Jennifer Lopez ရဲ့ on the floor ဆိုရင် ကြိုက်လွန်းလို့ တစိမ့်စိမ့် ကြည့်ကြတယ်မလား။ :D ဒီ့ထက်ဖော်တာ တောင် ရှိသေး။ အခု သင်ဇာဝင့်ကျော်နဲ့ ဟိုကောင်မလေး ၀တ်ထားတာ သူတို့နီးပါးလောက်ပါပဲ။ ကမ္ဘာနဲ့ ရင်ဘောင်တန်းချင်တယ်ဆို...? ဟက်.. ဟက်.. 

ကျွန်မ ပြောချင်တာက မြန်မာ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုတာ ဟုတ်တယ်။ ဒါပေမယ့် တခြား နိုင်ငံတွေ၊ တခြား အခြေအနေတွေမှာ လက်ခံခဲ့ကြတယ်ဆိုရင် ဘာလို့များ ဒါကို အရေးတယူလုပ်ပြီး ပြောနေမှာလဲ။ ဖြစ်သင့်တာက ဝေဖန်မယ်ဆိုရင်တောင် သိက္ခာရှိရှိ၊ အပြုသဘောနဲ့သာ ဖြစ်သင့်ပါတယ်။ မြင်တာနဲ့ ပြောလိုက်ရဖို့ အပြစ်အနှစ်ဆုံး၊ အမိုက်အရိုင်းဆုံး စကားတွေကို ပြောနေတဲ့ အကျင့်ကို ကျွန်မတို့ မြန်မာတွေ ရပ်သင့်ပါပြီ။ မြန်မာလူမျိုးမလား.... အပြောအဆို အနေအထိုင် ယဉ်ကျေးတယ်မဟုတ်လား?? သူဝတ်တာ မြန်မာ ယဉ်ကျေးမှုနဲ့ မကိုက်ဘူးဆိုရင် comment နဲ့ ပြောဆို ရိုင်းစိုင်းနေတာ မြန်မာ ယဉ်ကျေးမှုနဲ့ ကိုက်ရဲ့လား။ ဒါကိုလည်း တင်တဲ့ page က ရေးချင်တာရေး... ငါ့ရဲ့ page လေးကို ကြည့်တဲ့သူ တက်လာရင် ပြီးရော မတင်ကြပါနဲ့။ တခြားနိုင်ငံကလူက မြန်မာစကားနားမလည်လို့ပေါ့။ မဟုတ်ရင် ကိုယ့်မျက်ချီး ကိုယ်ကလော်ထုတ်နေကြတာ ရှက်ဖို့ကောင်းလိုက်တာ။ ကျွန်မတော့ ဒီလို ဓါတ်ပုံမျိုးကို Facebook ပေါ်က လူ သန်းပေါင်းများစွာ Share လုပ်ရင်တောင် လုပ်ဖြစ်မယ်မထင်။ ကျွန်မတို့ နိုင်ငံက ကမ္ဘာနဲ့ ယှဉ်ရင် မကျော်ကြားပါဘူး။ ဒါပေမယ့် မျှော်လင့်ချက် အလင်းရောင် ပွင့်ချိန်မှာ ဘာမဟုတ်တဲ့ ဓါတ်ပုံ၊ ဘာမဟုတ်တဲ့ စကားတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားသွားမှာကို လုံးဝမလိုလား မိတာ အမှန်ပါပဲ။

ဘာပဲပဲဖြစ်ဖြစ် ဒီနှစ်လည်း ကျွန်မ သင်္ကြန်ကို မဆင်နွှဲဖြစ်ပေမယ့် ဆင်နွှဲနေသူအားလုံး ဘေးရန်ကင်းကင်းနဲ့ ပျော်နိုင်ကြပါစေရှင်။


nunki (နန်ကီ)
Friday, April 6, 2012 0 comments

Supernatural (Funny Dialogue) xD



သရဲကား ဆန်ဆန်၊ မမြင်နိုင်တဲ့ ၀ိညာဉ်တွေကို စိတ်ဝင်တစား ကြည့်ကြတဲ့သူတွေကတော့ Supernatural ဆိုတဲ့ ရုပ်ရှင်ကားကို ကြားဖူးမယ် ထင်ပါတယ်။ အမှန်တော့ ဒါက ရုပ်ရှင်ကားရယ်လို့ လာတာမဟုတ်ပါဘူး။ တီဗီမှာ လွှင့်တဲ့ Series တွေပါ။ ကျွန်မ မြန်မာပြည်မှာတုန်းက မောင်လေးက ကြည့်ရင်း နည်းနည်းပါးပါး ကြည့်ဖြစ်ပါတယ်။ ကြောက်စရာကောင်းသလို စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ 

အခုပြောချင်တာ အဲ့ဒီ့ ရုပ်ရှင်ကားအကြောင်းတော့ မဟုတ်ပါဘူး။ :D အဲ့ဒီ့ကားထဲက သရုပ်ဆောင် Dean ရဲ့ ဟာသဥာဏ်ရွှင်ပြီး ရယ်စရာတွေ ပြောထားတဲ့ စကားပြောလေးတွေကို ရယ်မောစေဖို့ မျှဝေချင်တာပါ။ 
တခြားသူတော့ မသိဘူး။ ကျွန်မကတော့ ဒီနေ့ ရထားပေါ်မှာ ဖတ်ရင် တခစ်ခစ်ရယ်လာခဲ့ပါတယ်။ :D

3x06 Red Sky at Morning
Bela: So, how'd things go last night with Peter? (Sam gives angry look)
Bela: That well, huh.
Dean: If you say "I told you so," I swear to God, I'll start swinging.

3x06 Red Sky at Morning
Dean: (to Sam) You stink like sex.

3x06 Red Sky at Morning (about Bela)
Dean: Can I shoot her? 
Sam: Not in public.

2x20 What Is and What Should Never Be (Sam has just told Dean they don't get along)
Dean: We don't? Well, we should. You're my brother. 
Sam: You're my brother? 
Dean: Yeah! 
Sam: You know, that's what you said when you snaked my ATM card, or when you bailed on my graduation, or when you hooked up with Rachel Nayv. 
Dean: Who? 
Sam: Uh, my prom date. On prom night. 
Dean: *under his breath* Yeah, that does kinda sound like me.

3x05 Bedtime Stories
Sam: I think it's Snow White
Dean: Snow White? Ah, I saw that movie. Oh, the porn version anyway.

2x20 What Is and What Should Never Be
Sam: I want to help you, I really, really do. But you're having some kind of psychotic breakdown. So...
Dean: I wish.
(Sam pulls out his phone, but Dean throws it out the window)
Sam: What the hell was that, Dean? That was my phone!

2x19 Folsom Prison Blues
Henricksen: You think you're funny? 
Dean: I think I'm adorable.

2x11 Playthings
Dean: Ya know she could be faking.
Sam:Yeah, what do you wanna do, poke her with a stick? 
(Convincing look on Dean's face)
Sam: Dude, you're not gonna poke her with a stick!

3x07 Fresh Blood
Dean : What do you want me to do, Sam, huh? Sit around all day writing sad poems about how I’m going to die? You know what, I’ve got one. Let’s see, what rhymes with "Shut up, Sam"?

2x12 Nightshifter
Dean: I like him. He says okie dokie.

1x03 Dead in the Water
Sam: Kids are the best?
Dean: Yeah, I love kids.
Sam: Name three children that you even know.
(Dean scratches head for while; Sam starts to walk away)
Dean: I'm thinking!

1x12 Faith
Dean: You better take care of that car. Or, I swear, I'll haunt your ass. 
Sam: I don't think that's funny. 
Dean: Oh come on, it's a little funny.

2x13 Houses of the Holy
Sam: Dean, there's ten times as much lore about angels as there is about anything else we've ever hunted. 
Dean: You know what, there's a ton of lore on unicorns too. In fact, I hear that they ride on silver moonbeams, and that they shoot rainbows out of their ass!
Sam: (looking heartbroken) Wait, there's no such thing as unicorns? 
Dean: (looks concerned for a moment, then catches on) Cute.

2x08 Crossroad Blues
Dean: The secretary's name is Carly. She's 23, she kayaks, and they're real. 
Sam: You didn't happen to ask her if she's seen any black dogs lately, did you?
(Dean hands over a list)
Dean: Every complaint called in this week about anything big, black or doglike. There's 19 calls in all. And, uh, I don't know what this is.
(hands Sam a post-it note; Sam laughs)
Sam: You mean Carly's MySpace address?
Dean: Yeah, MySpace, what the hell is that?
(Sam laughs again, a little incredulous)
Dean: Seriously, is that like some sort of porn site?

3x03 Bad Day at Black Rock
Dean: (reading from trophy) 1995.
Sam: No way. That's my Division Championship soccer trophy. I can't believe he kept this.
Dean: Probably the closest you ever got to being a boy.

3x05 Bedtime Stories
Sam: I've got a theory. Sort of.
Dean: Hit me.
Sam: Well, thinking about fairy tales.
Dean: Oh, that’s... that's nice. You think about fairy tales often?

3x05 Bedtime Stories
Sam: (staring at frog on the road) Yeah, you’re right, that's completely normal.
Dean: All right, maybe it is fairy tales. Totally messed-up fairy tales. I'll tell you one thing, there’s no way I'm kissing a damned frog.

3x10 Dream a Little Dream of Me
Dean: Dude, you were making some serious happy noises. Who are you dreaming about? Angelina Jolie?
Sam: No...
Dean: Brad Pitt?
Sam: No. No!

3x12 Jus in Bello
Dean: It's like we got a contract on us. You think it's 'cause we're so awesome? I think it's 'cause it's we're so awesome.

ဒါကတော့ ညီအကိုနှစ်ယောက် Dean နဲ့ Sam ရဲ့ ရယ်စရာ စကားပြောခန်း တစ်ချို့ပါ။ :D ဖတ်လို့ ဘာကိုဆို လိုတယ်ဆိုတာ နားလည်မယ်ဆိုရင် စိတ်ညစ်စရာတွေ ပြေပျောက်စေတဲ့ နည်းတစ်နည်းပါ။

nunki (နန်ကီ) 
source - http://www.supernatural-fan-wiki.com

Thursday, April 5, 2012 0 comments

သူ....

သူဟာလေ...
ကျွန်မရဲ့ မှောင်မိုက်တဲ့ညတွေကို
အလင်းရောင်တွေပေးခဲ့တဲ့သူ....


သူဟာလေ...
ကျွန်မရဲ့စိတ်တွေဦးညွှတ်သွားအောင်
စွမ်းအားတွေနဲ့ ပြုစားခဲ့သူ....


သူဟာလေ...
ကျွန်မတို့ရဲ့ အနာဂါတ်အတွက်
အနားမှာ တဖွဖွပြောနေတတ်သူ...


သူဟာလေ...
ကျွန်မရဲ့ တဖက်သတ်အချစ်တွေနဲ့
သူရဲ့ တဖက်သတ်အချစ်တွေ ထပ်တူကျစေခဲ့သူ...


သူဟာလေ...
ကျွန်မရဲ့ အိမ်မက်ဆိုးတွေကို
လှပအောင် ပေးစွမ်းနိုင်တဲ့သူ...


နောက်ဆုံးမှာ...
သူဟာ.. ကျွန်မရဲ့ဘ၀ရဲ့
မရှိမဖြစ် အလင်းရောင်တန်းလေးဖြစ်လာခဲ့ပါပြီ။


တစ်ယောက်ရဲ့ သံယောဇဉ်ကြိုးပေါ်
တစ်ယောက် တရစ်စီ ထုံးပတ်ရင်း
ခိုင်မာတဲ့ ဘ၀တစ်ခုဆီသို့
သူနဲ့ ကျွန်မ.....


nunki (နန်ကီ)

0 comments

လိုအပ်ချက်လေး


မျက်လုံးကိုဇွတ်မှိတ်
လွမ်းစွတ်မှုက အိပ်စက်မှုကိုလှိုက်စား
တင်းထားတဲ့ စိတ်တွေ
ပြေလျော့ကုန်မှာ စိုးရိမ်မိတယ်


မပြည့်ဝသေးတဲ့စိတ်နဲ့
ကို့အချစ်ကို တုန့်ပြန်မိတဲ့အခါ
မှားမှန်းသိလည်း
လက်မလျော့ချင်ခဲ့မိတယ်


တောက်တဲ့လေးလို 
အတင်းတွယ်ကပ်နေတဲ့
ချစ်ရဲ့ အချစ်တွေဟာ
ကို့အတွက် စိတ်ပျက်စရာများဖြစ်လာလေမလား


ကွက်လပ်လေးတွေကို
အစဉ်ဖြည့်ဆည်းပေးနေတဲ့
ကို့အချစ်တွေ လစ်ဟာသွားရင်
ညနေခင်းတစ်ခုလုံး အမှောင်ကျသွားတတ်လို့ပါ


အနားမှာနေပါနော်
အခုလိုအချိန်လေးမှာ
ကို့အချစ်တွေက 
အားငယ်မှုတွေကို ဖယ်ရှားပေးနိုင်လို့ပါ။

nunki (နန်ကီ)
0 comments

ပြွတ်ကျပ်နေတဲ့ ခံစားချက်တွေ...


ချစ်လိုက်တာ ကိုရယ်....
အပျော်တွေ တဖျတ်ဖျတ်ခုန်ပြီး
ရင်တွေ တလှပ်လှပ်နဲ့
ဒီအခိုက်အတန့်လေးက အပြည့်စုံဆုံးပဲထင်ပါရဲ့။


လွမ်းလိုက်တာ ကိုရယ်...
ခန္ဓာကိုယ်က ဒီမှာရပ်တည့်နေပေမယ့်
ဝိညာဉ်က ကိုရဲ့အနားမှာပျံဝဲနေခဲ့
ကိုနဲ့ချစ်ရဲ့ အလွမ်းတွေ ထပ်တူကျမယ်ထင်ပါရဲ့။


ရင်ခွင်ထဲမှာ ခိုဝင်နေချင်လိုက်တာ ကိုရယ်...
မှောင်မိုက်ချိန်တွေ ကို ဖယ်ရှားပေးမှာသိသလို
ကို့အတွက်ခွန်အားတွေကို ချစ်ပေးချင်ခဲ့
ကို့နားမှာ တွယ်ကပ်ပြီး မလွတ်စတမ်းဖတ်ထားမိမယ်ထင်ပါရဲ့။


အနမ်းတွေပေးချင်လိုက်တာ ကိုရယ်...
တပ်မက်မှုကို အသာပေးတာထက်
ခံစားချက်နှစ်ခု ပူးပေါင်းစီးမျောချင်မိခဲ့
ဒါဆို ကိုနဲ့ချစ်ရဲ့ နှလုံးသားလေးတွေ ပိုနွေးထွေးလာမယ်ထင်ပါရဲ့။


အနားမှာအမြဲရှိနေချင်လိုက်တာ ကိုရယ်...
ဝေဟင်မှာလွတ်လပ်စွာဝဲနေတဲ့ 
ငှက်လေးတစ်ကောင် ဖြစ်ဖို့ဆုတောင်းနေခဲ့
ဒါမှ ကို့ကျောလေးကိုကပ်ပြီး ဖက်ထားခွင့်ရမယ်ထင်ပါရဲ့။


ခံစားချက်တွေ ပြွတ်ကျပ်ကုန်ပြီ ကိုရယ်...
ပလုံးပထွေး အန်ထွက်ကုန်ပေမယ့်...
ပီသတာလေး... ထင်ရှားတာလေးက...
ကို့ကို အရမ်းချစ်တယ်တဲ့...


nunki (နန်ကီ)

0 comments

သို့ ကို....


ဆည်းဆာအလှဆုံးအချိန်ဟာ ခဏတာပဲ...
ပြီးရင် အမှောင်တွေက တဖြည်းဖြည်းလွှမ်းမိုးလာပါသတဲ့
အဲ့လို ပျောက်ဆုံးတာကို ထိုင်ကြည့်ပြီး နှမြောသတ ဖြစ်ခဲ့ဖူးတယ်။


ကိုရယ်... အချစ်တွေကိုရှာရင်း ရှာရင်း လမ်းပျောက်ခဲ့တဲ့ချစ်လေးအတွက်..
ဖျတ်ခနဲ အလင်းတန်းလေးတစ်စင်း နှလုံးတံခါးကို ထိုးဖောက်ဝင်လာတဲ့အခါ...
မှောင်မိုက်မှုတွေကို လန့်တတ်လာတယ် အလင်းတန်းပျောက်ကွယ်သွားရင်ဆိုတဲ့အတွေးတစ်စ....


အခုလို ကြည်နူးဖွယ်ကောင်းတဲ့အချိန်လေး ပျောက်ဆုံးသွားမယ်ဆိုရင် ဆည်းဆာကွယ်ချိန်ထိုင်ကြည့်သလို သက်ပြင်းတစ်ချက်လေးနဲ့ ပြီးဆုံးနိုင်ပါ့မလား...
နှမြောတမ်းတမှုတွေ အဆုံးသတ်နိုင်ပါ့မလား....


ကို....
အမြဲတမ်းချစ်ကြမယ်နော်...
နားလည်မှုတွေ ဖလှယ်ကြမယ်နော်...
ရင်ခုန်သံတွေထပ်တူကျစေမယ်နော်...
သံသယတွေကို ချေမှုန်းပစ်ကြမယ်နော်...
လက်တွဲတွေ မြဲကြမယ်နော်...


nunki (နန်ကီ)
0 comments

ကို့အတွက် လမင်း


အိပ်မပျော်တော့ဘူးဗျာ.....
ကို ဘာကိုတွေဝေနေတာလဲ....
ချစ်က အလင်းရောင်ဆို ... ကို့ဘေးမှာ အမြဲထိန်လင်းပေးနေမှာပါ... တိမ်မိုက်တွေကိုသာဖယ်ထုတ်လိုက်ပါ။

ကို သိပ်အတွေးနက်နေတာလား...
ချစ်ဘေးမှာရှိနေတာပဲ... ပွင့်ပွင်းလင်းလင်းဖြေချလိုက်ပါ... အဖြေတစ်ခု ချစ်ပေးနိုင်မှာပါ... 
ဒါပေမယ့် ဘေးစကားတွေကို ဖယ်ရှားလိုက်ပါ။

ကို ချစ့်ကိုသံသယ၀င်နေတာလား...
သံသယကြောင့် ချစ်တို့ဝေးကြမလို့ဖြစ်ခဲ့တာပါ... 
နောက်တကြိမ်ဆိုတာကို သင်ပုန်းချေလိုက်ရအောင်နော်။

ကို အားငယ်သွားတာလား...
နေလိုလင်းတောက်နေမယ့် ကိုရဲ့အားမာန်တွေ တင်းလိုက်ပါ။ 
ချစ်ဘေးမှာရှိနေတယ်လေ... ဘာလိုသေးလဲကွယ်။


ကို စိတ်ရှုပ်သွားတာလား...
ချစ် မျက်နှာကိုတည့်တည့်ကြည့်... ပြောသမျှ အပြည့်အ၀ယုံကြည့်လိုက်ပါ။ 
ချစ်ရသူ ကို့အတွက် ချစ်မှာ ကြည်လင်တဲ့လမင်းလို အချစ်တွေရှိနေလို့ပါ။
ဘေးပရောဂမေးခွန်းတွေကို ကျောခိုင်းခဲ့ပါ။ 

လက်တွဲတာလွယ်ပေမယ့် သံယောဇဉ်ကြိုးတွေနဲ့ ပတ်ရစ်ထားတဲ့ 
ကိုနဲ့ ချစ်ရဲ့ နှစ်ယောက်ပေါင်းလက်တစ်စုံ ထင်တာထက်ခိုင်မြဲမှာပါ။ 
ချစ်ရဲ့ အချစ်က အရိုးခံသပ်သပ်ဖြစ်သလို 
ကိုရဲ့အချစ်တွေလည်း အရိပ်ကင်းမဲ့ပေးပါနော်။


nunki (နန်ကီ)

 
;